နေ့စဥ်သတင်း

ပင်းတယတွင် အွန်လိုင်း လောင်းကစားဂိမ်းဆော့သူ များလာသဖြင့် KPay လုပ်ကိုင်သူ ပိုမိုများလာ

မဲခေါင် 17 Jun - 2026
မဲခေါင်၊ ဇွန် ၁၇ ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် အွန်လိုင်းလောင်းကစားဂိမ်း ကစားသူများ မြင့်တက်လာခြင်းကြောင့် KPay ဖြင့် ငွေသွင်း၊ ငွေထုတ် ဝန်ဆောင်မှုပေးကာ စီးပွားရေးလုပ်ကိုင်သူများလည်း ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။ အွန်လိုင်းလောင်းကစားဂိမ်းများ ကစားရန်ငွေသွင်း၊ ငွေထုတ်ရာတွင် KPay ဝန်ဆောင်မှုကို အဓိကအသုံးပြုနေကြပြီး ကျပ်ငွေတစ်သိန်းလျှင် ငွေသွင်း၊ ငွေထုတ် ဝန်ဆောင်ခအဖြစ် ကျပ်တစ်သောင်းခန့်အထိ ကောက်ခံကြသဖြင့် အမြတ်အများအပြား ရရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ကျနော်တို့ဆိုင်ဆို နေ့စဉ် အနည်းဆုံး လူ ၅၀ လောက် ငွေသွင်းပေးရတယ်။ အွန်လိုင်းအကောင့်ထဲ ငွေလာထည့်တဲ့သူတွေက အသက်အရွယ်စုံပဲ။လူလတ်ပိုင်းတွေကတော့ ပိုများတယ်” ဟု ဒေသတွင်း KPay ငွေလွှဲဝန်ဆောင်မှုသပေးသူတစ်ဦးက ပြောသည်။

မဲခေါင်၊ ဇွန် ၁၇

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် အွန်လိုင်းလောင်းကစားဂိမ်း ကစားသူများ မြင့်တက်လာခြင်းကြောင့် KPay ဖြင့် ငွေသွင်း၊ ငွေထုတ် ဝန်ဆောင်မှုပေးကာ စီးပွားရေးလုပ်ကိုင်သူများလည်း ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

အွန်လိုင်းလောင်းကစားဂိမ်းများ ကစားရန်ငွေသွင်း၊ ငွေထုတ်ရာတွင် KPay ဝန်ဆောင်မှုကို အဓိကအသုံးပြုနေကြပြီး ကျပ်ငွေတစ်သိန်းလျှင် ငွေသွင်း၊ ငွေထုတ် ဝန်ဆောင်ခအဖြစ် ကျပ်တစ်သောင်းခန့်အထိ ကောက်ခံကြသဖြင့် အမြတ်အများအပြား ရရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကျနော်တို့ဆိုင်ဆို နေ့စဉ် အနည်းဆုံး လူ ၅၀ လောက် ငွေသွင်းပေးရတယ်။ အွန်လိုင်းအကောင့်ထဲ ငွေလာထည့်တဲ့သူတွေက အသက်အရွယ်စုံပဲ။လူလတ်ပိုင်းတွေကတော့ ပိုများတယ်” ဟု ဒေသတွင်း KPay ငွေလွှဲဝန်ဆောင်မှုသပေးသူတစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ အွန်လိုင်းလောင်းကစားဂိမ်းများတွင် ဆယ်ကျော်သက်အရွယ်မှစ၍ လူလတ်ပိုင်းနှင့် သက်ကြီးပိုင်းအထိ ပါဝင်ကစားနေကြပြီး စလော့ဂိမ်း၊ ကျွဲဂိမ်း အစရှိသည့် လောင်းကစားဂိမ်းများကို အများဆုံး ကစားနေကြကြောင်း သိရသည်။

“အွန်လိုင်းလောင်းကစားက အစမှာ အမြတ်ပေးသလို ထင်ရပေမယ့် နောက်ဆုံးမှာတော့ ငွေဆုံးရှုံးမှုနဲ့ မိသားစုဒုက္ခကိုပဲ ချန်ထားခဲ့တာ များပါတယ်။ KPay ဆိုင်တွေ များလာတာဟာ စီးပွားရေးကောင်းလာလို့ မဟုတ်ဘဲ အွန်လိုင်းလောင်းကစား ငွေသွင်း၊ ငွေထုတ် လုပ်တဲ့သူတွေ တိုးလာတာကြောင့် ဖြစ်တယ်လို့ မြင်ပါတယ်။ လောင်းကစားမှာ အနိုင်ရသူထက် အရှုံးသမားက ပိုများပါတယ်။ အခုလို လူငယ်တွေကအစ အသက်အရွယ်စုံ ပါဝင်လာတာက ဒေသရဲ့ အနာဂတ်အတွက် စိုးရိမ်စရာဖြစ်နေပါတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အွန်လိုင်းလောင်းကစားနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများ ပိုမိုများပြားလာပြီး ယင်းအခြေအနေများကြောင့် ခိုးမှု၊ လုယက်မှုကဲ့သို့သော မှုခင်းများလည်း မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေ ၁၉ ရက်တွင်လည်း ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာ၌ အွန်လိုင်းစလော့ဂိမ်း လောင်းကစားပြီး အကြွေးပြဿနာများကြောင့် မူလတန်းပြကျောင်းဆရာမတစ်ဦးက ဓားပြတိုက်မှု ကျူးလွန်ရာမှ သားအမိ ၂ ယောက် သေဆုံးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#ပင်းတယ
#အွန်လိုင်း
#လောင်းကစားဂိမ်း
#KPay

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now