နေ့စဥ်သတင်း

နမ္မတူတွင် မိုင်းနင်းမိသဖြင့် ပြည်သူတစ်ဦး သေဆုံး

မဲခေါင် 9 Jun - 2026
မဲခေါင်၊ ဇွန် ၉ ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်တွင် ငါးဖမ်းရန်သွားသည့် ပြည်သူတစ်ဦး မိုင်းနင်းမိရာမှ သေဆုံးသွားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန် ၅ ရက်တွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာမှ ဒေသခံ ၂ ဦးသည် နမ့်မြီးချောင်းတွင် ငါးဖမ်းရန် သွားရာမှ ချောင်းအနီးတွင်ရှိသည့် သစ်ပင်တစ်ပင်အနီးတွင် တစ်ဦးက မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ “သူတို့က ချောင်းမှာ ငါးသွားဖမ်းရင်း သစ်ပင်ပေါ်တက်တာ သူ့အဖော်က သစ်ပင်ပေါ်တက်သေးတယ် မနင်းမိဘူး။ သူ့အလှည့်ကျမှ သစ်ပင်ခြေရင်းမှာပဲ မိုင်းနင်းမိသွားတာ မိုင်းနင်းမိတဲ့ နေရာမှာပဲ သေသွားတယ်”ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ မိုင်းနင်းမိပြီး သေဆုံးသွားသည့်သူမှာ ပန်လုံရွာနေ အသက် ၃၀ ခန့်ရှိ

မဲခေါင်၊ ဇွန် ၉

ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်တွင် ငါးဖမ်းရန်သွားသည့် ပြည်သူတစ်ဦး မိုင်းနင်းမိရာမှ သေဆုံးသွားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန် ၅ ရက်တွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာမှ ဒေသခံ ၂ ဦးသည် နမ့်မြီးချောင်းတွင် ငါးဖမ်းရန် သွားရာမှ ချောင်းအနီးတွင်ရှိသည့် သစ်ပင်တစ်ပင်အနီးတွင် တစ်ဦးက မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

“သူတို့က ချောင်းမှာ ငါးသွားဖမ်းရင်း သစ်ပင်ပေါ်တက်တာ သူ့အဖော်က သစ်ပင်ပေါ်တက်သေးတယ် မနင်းမိဘူး။ သူ့အလှည့်ကျမှ သစ်ပင်ခြေရင်းမှာပဲ မိုင်းနင်းမိသွားတာ မိုင်းနင်းမိတဲ့ နေရာမှာပဲ သေသွားတယ်”ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ မိုင်းနင်းမိပြီး သေဆုံးသွားသည့်သူမှာ ပန်လုံရွာနေ အသက် ၃၀ ခန့်ရှိ အောင်အိုက်ကျန်ဆိုသူဖြစ်သည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။

မိုင်းပေါက်ကွဲမှုအတွင်း သေဆုံးသွားသည့် မောင်အိုက်ကျန်ကို ဒေသခံများက ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့သည်။

မဲခေါင်သတင်းဌာနမှ လက်လှမ်းမှီသမျှ ကောက်ယူထားသည့် စာရင်းအရ ယခုနှစ်အတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲအကြွင်းအကျန် မိုင်းပေါက်ကွဲမှုများကြောင့် ကလေးငယ် ၆ ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၂၉ ဦးနှင့်သေဆုံးသူ ၇ ဦးရှိသည်။

#MeKongNews
#နမ္မတူ
#မိုင်းနင်း
#ပြည်သူ
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now