နေ့စဥ်သတင်း

နှစ် ၇၀ နီးပါး သုံးလာသည့် လမ်းကို ကလောဆေးရုံအုပ်ကြီး ပိတ်လိုက်သဖြင့် ပြည်သူများ အခက်အခဲဖြစ်နေ

မဲခေါင် 9 Jun - 2026
မဲခေါင်၊ ဇွန် ၉ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ကလောဆေးရုံဝင်းအပြင်ဘက် ဆေးရုံဝန်ထမ်းအိမ်ရာအနီးမှ အများပြည်သူ ဖြတ်သန်းသွားလာနေသည့် လမ်းကို ကလောခရိုင်ဆေးရုံအုပ် ဆရာဝန်မကြီးက ပိတ်လိုက်သဖြင့် မြို့ခံများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။ ယင်းလမ်းမှာ ကလောမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ရွှေတောင်ကြားနယ်မြေနှင့် စော်ဘွားကြီးကုန်းနယ်မြေတို့မှ မြို့တွင်းသို့ သွားရာတွင် အဓိကအသုံးပြုနေသည့် လမ်းဖြစ်သဖြင့် ယခုကဲ့သို့ ဖြတ်သန်းခွင့်ပိတ်ပင်ခြင်းမှာ ဒေသခံလူထုအတွက် သွားလာမှု အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ဟု မြို့ခံများက ဆိုသည်။ “အခုလို လမ်းပိတ်တာမျိုး မလုပ်သင့်ပါဘူး။ ဒီလမ်းက အများပြည်သူ အသုံးပြုနေတဲ့ လမ်းမို့လို့ တံခါးတောင် မတပ်သင့်တဲ့ နေရာမျိုးပါ” ဟု ကလောဒေသခံတစ်ဦးက

မဲခေါင်၊ ဇွန် ၉

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ကလောဆေးရုံဝင်းအပြင်ဘက် ဆေးရုံဝန်ထမ်းအိမ်ရာအနီးမှ အများပြည်သူ ဖြတ်သန်းသွားလာနေသည့် လမ်းကို ကလောခရိုင်ဆေးရုံအုပ် ဆရာဝန်မကြီးက ပိတ်လိုက်သဖြင့် မြို့ခံများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

ယင်းလမ်းမှာ ကလောမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ရွှေတောင်ကြားနယ်မြေနှင့် စော်ဘွားကြီးကုန်းနယ်မြေတို့မှ မြို့တွင်းသို့ သွားရာတွင် အဓိကအသုံးပြုနေသည့် လမ်းဖြစ်သဖြင့် ယခုကဲ့သို့ ဖြတ်သန်းခွင့်ပိတ်ပင်ခြင်းမှာ ဒေသခံလူထုအတွက် သွားလာမှု အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ဟု မြို့ခံများက ဆိုသည်။

“အခုလို လမ်းပိတ်တာမျိုး မလုပ်သင့်ပါဘူး။ ဒီလမ်းက အများပြည်သူ အသုံးပြုနေတဲ့ လမ်းမို့လို့ တံခါးတောင် မတပ်သင့်တဲ့ နေရာမျိုးပါ” ဟု ကလောဒေသခံတစ်ဦးက ပြောသည်။

ယင်းလမ်းကို လွန်ခဲ့သည့် နှစ် ၇၀ ကျော်ကတည်းက ရွှေတောင်ကြားနှင့် စော်ဘွားကြီးကုန်းနယ်မြေတွင် နေထိုင်ကြသည့် ရပ်ကွက်သူ၊ ရပ်ကွက်သားများအပြင် အခြားအရပ်မှ လာရောက်သူများပါ နေ့စဉ်နှင့်အမျှ ဥဒဟို ဖြတ်သန်းသွားလာခဲ့ကြခြင်း ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်ကလည်း ကလောမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ စီမံမှု၊ ရပ်ကွက်သူ ရပ်ကွက်သားများ၏ ပူးပေါင်းမှုတို့ဖြင့် လမ်းမြေဖော်ခြင်းနှင့် လမ်းချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။

“အခု လမ်းပိတ်တဲ့ကိစ္စကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြို့ခံတွေ စုစည်း လက်မှတ်ထိုးပြီး မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ကို တင်ပြခဲ့ကြတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်၊ မြေစာရင်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီအထိ စာပို့ထားပေမဲ့ အခုထိတော့ ဘာမှ ထူးမလာသေးပါဘူး” ဟု မြို့ခံတစ်ဦးက ဆိုသည်။

ယင်းလမ်းမှာ ယူဇနာလမ်းနှင့် စည်ပင်ဆိုင်ခန်းများမှတစ်ဆင့် မြို့တွင်းသို့ ဆက်သွယ်ထားပြီး နေ့စဉ် လူဦးရေ ၁,၀၀၀ ခန့် သွားလာနေသည့် လမ်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စော်ဘွားကြီးကုန်းနှင့် ရွှေတောင်ကြား အပေါ်ပိုင်းနေရာများသည် ကုန်းမြင့်ပိုင်းတွင် ရှိသဖြင့် သောက်သုံးရေအတွက် ရေသယ်ယာဉ်များကိုသာ အားကိုးနေရရာ လမ်းပိတ်လိုက်သဖြင့် ရေကားများ ဝင်ရောက်နိုင်ခြင်း မရှိတော့သလို မြို့သန့်ရှင်းရေးအတွက် အမှိုက်သိမ်းယာဉ်များ ဖြတ်သန်းမှုမှာလည်း အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အခြားလမ်းများဖြစ်သည့် ရွှေတောင်ကြားလမ်းသွယ် (၁) နှင့် (၂) တို့မှာ မတ်စောက်ပြီး ကျဉ်းမြောင်းသဖြင့် ရေသယ်ယာဉ်များ၊ အရေးပေါ်မီးသတ်ကားများနှင့် လူနာတင်ယာဉ်များ ဝင်ရောက်နိုင်ခြင်း မရှိသောကြောင့် ဆေးရုံဝင်းအတွင်းမှ ဖြတ်သန်းသွားလာမှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆေးရုံလုံခြုံရေးအတွက် လမ်းပိတ်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း အများပြည်သူတို့၏ နေ့စဉ်ဘဝ သွားလာမှု၊ သောက်သုံးရေ ရရှိမှု၊ အမှိုက်သိမ်းဆည်းမှုနှင့် မီးဘေး၊ သဘာဝဘေးအန္တရာယ်များအတွက် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရသဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်ကတည်းက အသုံးပြုခဲ့သည့် လမ်းအား ပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံများက အနူးအညွတ် တောင်းဆိုနေကြသည်။

လက်ရှိတွင် စော်ဘွားကြီးကုန်းနယ်မြေ၌ အိမ်ခြေ ၂၀၀ ခန့်၊ လူဦးရေ ၇၀၀ ခန့် နှင့် ရွှေတောင်ကြားအပေါ်ပိုင်းတွင် အိမ်ခြေ ၄၀ ခန့်၊ လူဦးရေ ၂၀၀ ခန့် ရှိရာ စုစုပေါင်း အိမ်ခြေ ၂၄၀ ခန့်မှ လူဦးရေ ၁,၀၀၀ နီးပါး လမ်းပိတ်ဆို့မှုဒဏ်ကို ခံစားနေရကြောင်း စုံစမ်းသိရှိရသည်။

#MeKongNews
#ကလောမြို့
#ဆေးရုံကြီး
#စော်ဘွားကြီးကုန်းရပ်ကွက်
#ရွှေတောင်ကြားနယ်မြေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now