နေ့စဥ်သတင်း

လားရှိုးဝန်ထမ်းများ ရဟတ်ယာဉ်ကြုံဖြင့်သာ ခရီးသွားလာရန် စစ်ကောင်စီ ညွှန်ကြား

မဲခေါင် 8 Jun - 2026
မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တာဝန်ကျနေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ အဝင်အထွက် သွားလာရာ၌ ကားလမ်းကြောင်းများ အသုံးပြုခွင့်မရှိဘဲ စစ်တပ်၏ ရဟတ်ယာဉ်ကြုံဖြင့်သာ သွားလာခွင့်ပြုမည်ဟူသော လျှို့ဝှက်ညွှန်ကြားချက်စာထုတ်ပြန်ထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းညွှန်ကြားချက်သည် စစ်ကောင်စီခေါင်းဆောင်၏ ပြည်ပခရီးစဉ် သွားရောက်သည့် ယခု ဇွန်လဆန်းပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လားရှိုးတာဝန်ကျ ဝန်ထမ်းများကို အဓိက ရည်ညွှန်းထားခြင်း ဖြစ်ကြောင်း သိရသည်။ မဲခေါင်သတင်းဌာနက ဖတ်ရှု့ရသည့် ပေါက်ကြားလာသည့် ညွှန်ကြားချက်စာတွင် “ရှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့သို့ ဝင်ရောက်တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာ ဝန်ထမ်းများသည် ခရီးသွားလာရာတွင် လားရှိုး – မိုင်းရယ် – ကျေးသီး – ခိုလန် –

မဲခေါင်၊ ဇွန် ၈

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တာဝန်ကျနေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ အဝင်အထွက် သွားလာရာ၌ ကားလမ်းကြောင်းများ အသုံးပြုခွင့်မရှိဘဲ စစ်တပ်၏ ရဟတ်ယာဉ်ကြုံဖြင့်သာ သွားလာခွင့်ပြုမည်ဟူသော လျှို့ဝှက်ညွှန်ကြားချက်စာထုတ်ပြန်ထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းညွှန်ကြားချက်သည် စစ်ကောင်စီခေါင်းဆောင်၏ ပြည်ပခရီးစဉ် သွားရောက်သည့် ယခု ဇွန်လဆန်းပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လားရှိုးတာဝန်ကျ ဝန်ထမ်းများကို အဓိက ရည်ညွှန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

မဲခေါင်သတင်းဌာနက ဖတ်ရှု့ရသည့် ပေါက်ကြားလာသည့် ညွှန်ကြားချက်စာတွင် “ရှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့သို့ ဝင်ရောက်တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာ ဝန်ထမ်းများသည် ခရီးသွားလာရာတွင် လားရှိုး – မိုင်းရယ် – ကျေးသီး – ခိုလန် – နမ့်စန် – လွိုင်လင် – တောင်ကြီး နှင့် လားရှိုး – မူဆယ် သွားလိုပါက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ၏ ခွင့်ပြုချက်ဖြင့် ရဟတ်ယာဉ်ကြုံစီးနင်းပြီး အပေါ်လမ်းကြောင်းမှသာ တရားဝင်လမ်းကြောင်းအဖြစ် ခွင့်ပြုထားရှိကြောင်း၊ လားရှိုး – သီပေါ – ကျောက်မဲ – နောင်ချို ခရီးစဉ်လမ်းကြောင်းအား တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်း သိရှိစေရန်၊ ခရီးသွားလာရာတွင် တရားဝင်ခွင့်ပြုထားသော လမ်းကြောင်းအတိုင်းသာ သွားလာရန်နှင့် ခွင့်ပြုထားမှုမရှိသော လမ်းကြောင်းမှ ခရီးသွားလာမှုမရှိစေရေး မိမိလက်အောက် ဝန်ထမ်းများအား အသိပေးထားရန်” ဟု ဖော်ပြပါရှိသည်။

၎င်းပြင် အုပ်ချုပ်မှုအရ ခွင့်ပြုထားခြင်းမရှိသော လမ်းကြောင်းနှင့် နေရာများသို့ သွားလာရာတွင် တစ်စုံတစ်ရာ ပြဿနာဖြစ်ပွားပါက သက်ဆိုင်ရာ ဌာနအကြီးအကဲများတွင် တာဝန်ရှိမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။

မြေပြင်အချက်အလက်များအရလည်း လားရှိုးရှိ ဌာနဆိုင်ရာဝန်ထမ်းများသည် ရှမ်းပြည်တောင်ပိုင်း ကားလမ်းကြောင်းများကို အသုံးပြုခွင့်မရတော့ဘဲ လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်အတွင်းရှိ MI-17 ရဟတ်ယာဉ်တစ်စီးဖြင့် တောင်ကြီး၊ ရပခ တိုင်းစစ်ဌာနချုပ်နှင့် နမ့်စန်လေတပ်တို့သို့ ပို့ဆောင်ခံနေရကြောင်း စုံစမ်းသိရှိရသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ စစ်ရေးသုံးသပ်ချက်များ နေ့စဉ်ဖော်ပြနေသည့် CDM ဗိုလ်ကြီး ဇင်ယော်က ဒေသတွင်း စစ်ရေးအရ စိတ်မချရခြင်း သို့မဟုတ် ဝန်ထမ်းများ စစ်မြေပြင်မှ ထွက်ပြေးမှာစိုး၍ ချုပ်ကိုင်သည့် ချုပ်ကွက်ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“သူတို့ အဲဒီလမ်းကြောင်းတွေကို စိတ်မချတာ။ ဒါမှမဟုတ် တိုက်ပွဲသတင်းသံတွေကြားလို့ ဝန်ထမ်းတွေ လစ်ပြေးမှာစိုးလို့ ချုပ်တဲ့ ချုပ်ကွက်လို့လည်း ထင်တယ်။ ပြီးတော့ ကျောက်မဲ၊ သီပေါ၊ နောင်ချိုလမ်းကိုလည်း လုံးဝတားမြစ်ထားတယ်ဆိုတော့ စစ်ရေးအခြေအနေ တစ်ခုခု ပြောင်းလဲလာနိုင်တဲ့ အနေအထားမျိုးပဲ။ အခုရက်ပိုင်း ရမခ ထဲမှာ MI-17 ရဟတ်ယာဉ်တစ်စီး အသင့်ရှိနေပြီး အတက်အဆင်း ခဏခဏရှိတယ်။ လူ ၂၀ ဒါမှမဟုတ် ၂၅ ယောက်ပြည့်ရင် တစ်ကြောင်းဆိုပြီး ပို့နေတာ။ ရှမ်းမြောက်နဲ့ ရလခဘက် ဖြတ်တဲ့လမ်းတွေ၊ နောင်ချိုဘက်တွေမှာ စစ်ရိပ်စစ်ငွေ့ ပြန်သန်းလာတဲ့ အနေအထားလို့ ခန့်မှန်းရတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီအနေဖြင့် အရပ်ဘက်ဝန်ထမ်းများကို ယခုကဲ့သို့ တင်းတင်းကျပ်ကျပ် အမိန့်ထုတ်ခြင်းမှာ လားရှိုး၊ ကျောက်မဲ၊ သီပေါ တပ်နယ်များတွင် စစ်ရေးအဆင်သင့် (Stand To) သတ်မှတ်ထားရှိသည့် တပ်လှန့်အနေအထားဖြစ်နေ၍ ဖြစ်ကြောင်း ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။

“လမ်းကြောင်းအရ ရလခ ကွင်းထဲကိုပါ ဖြတ်တဲ့လမ်းကြောင်းကြီး ဆွဲထားတဲ့အတွက် စစ်တပ်ရဲ့ ဦးတည်ရန်သူက TNLA ရော၊ SSPP ရော၊ UWSA ပါ ပါလာမယ့် အနေအထားမျိုးပဲ” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် ကျောက်မဲနှင့် သီပေါ တာဝန်ကျဝန်ထမ်းများကို နောင်ချိုမြို့တွင် စုရပ်လုပ်ကာ ကားဖြင့် ပို့ဆောင်နေပြီး လားရှိုးနှင့် မူဆယ် တာဝန်ကျဝန်ထမ်းများကိုမူ ရဟတ်ယာဉ်များဖြင့်သာ ပို့ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်း၌ TNLA က ကွတ်ခိုင်မြို့ကို ပြန်လည်ရယူရန်နှင့် ကျောက်မဲ၊ သီပေါမြို့များကို ပြန်လည်တိုက်ခိုက်ရန် အင်အားစုဆောင်းနေသည်ဟူသော သတင်းများ ထွက်ပေါ်နေသည်။

အလားတူ ရှမ်းပြည်တောင်ပိုင်းဘက်တွင်လည်း RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က စစ်ကောင်စီကို အာဏာသိမ်းစစ်တပ်ဟု လူသိရှင်ကြား ဝေဖန်လာသည့်အပြင် ၎င်း၏နယ်မြေခရီးစဉ်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လာရောက်ခြိမ်းခြောက်မှုများ ရှိနေသဖြင့် ဒေသတွင်း စစ်ရေးတင်းမာမှုများ တစ်ကျော့ပြန် မြင့်တက်လာနေကြောင်း စုံစမ်းသိရှိရသည်။

#MeKongNews
#လားရှိုး
#ရဟက်ယာဉ်
#ခရီးသွား
#ရှမ်းမြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now