နေ့စဥ်သတင်း

လားရှိုးဝန်ထမ်းများ ရဟတ်ယာဉ်ကြုံဖြင့်သာ ခရီးသွားလာရန် စစ်ကောင်စီ ညွှန်ကြား

မဲခေါင် 8 Jun - 2026
မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တာဝန်ကျနေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ အဝင်အထွက် သွားလာရာ၌ ကားလမ်းကြောင်းများ အသုံးပြုခွင့်မရှိဘဲ စစ်တပ်၏ ရဟတ်ယာဉ်ကြုံဖြင့်သာ သွားလာခွင့်ပြုမည်ဟူသော လျှို့ဝှက်ညွှန်ကြားချက်စာထုတ်ပြန်ထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းညွှန်ကြားချက်သည် စစ်ကောင်စီခေါင်းဆောင်၏ ပြည်ပခရီးစဉ် သွားရောက်သည့် ယခု ဇွန်လဆန်းပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လားရှိုးတာဝန်ကျ ဝန်ထမ်းများကို အဓိက ရည်ညွှန်းထားခြင်း ဖြစ်ကြောင်း သိရသည်။ မဲခေါင်သတင်းဌာနက ဖတ်ရှု့ရသည့် ပေါက်ကြားလာသည့် ညွှန်ကြားချက်စာတွင် “ရှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့သို့ ဝင်ရောက်တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာ ဝန်ထမ်းများသည် ခရီးသွားလာရာတွင် လားရှိုး – မိုင်းရယ် – ကျေးသီး – ခိုလန် –

မဲခေါင်၊ ဇွန် ၈

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တာဝန်ကျနေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ အဝင်အထွက် သွားလာရာ၌ ကားလမ်းကြောင်းများ အသုံးပြုခွင့်မရှိဘဲ စစ်တပ်၏ ရဟတ်ယာဉ်ကြုံဖြင့်သာ သွားလာခွင့်ပြုမည်ဟူသော လျှို့ဝှက်ညွှန်ကြားချက်စာထုတ်ပြန်ထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းညွှန်ကြားချက်သည် စစ်ကောင်စီခေါင်းဆောင်၏ ပြည်ပခရီးစဉ် သွားရောက်သည့် ယခု ဇွန်လဆန်းပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လားရှိုးတာဝန်ကျ ဝန်ထမ်းများကို အဓိက ရည်ညွှန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

မဲခေါင်သတင်းဌာနက ဖတ်ရှု့ရသည့် ပေါက်ကြားလာသည့် ညွှန်ကြားချက်စာတွင် “ရှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့သို့ ဝင်ရောက်တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာ ဝန်ထမ်းများသည် ခရီးသွားလာရာတွင် လားရှိုး – မိုင်းရယ် – ကျေးသီး – ခိုလန် – နမ့်စန် – လွိုင်လင် – တောင်ကြီး နှင့် လားရှိုး – မူဆယ် သွားလိုပါက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ၏ ခွင့်ပြုချက်ဖြင့် ရဟတ်ယာဉ်ကြုံစီးနင်းပြီး အပေါ်လမ်းကြောင်းမှသာ တရားဝင်လမ်းကြောင်းအဖြစ် ခွင့်ပြုထားရှိကြောင်း၊ လားရှိုး – သီပေါ – ကျောက်မဲ – နောင်ချို ခရီးစဉ်လမ်းကြောင်းအား တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်း သိရှိစေရန်၊ ခရီးသွားလာရာတွင် တရားဝင်ခွင့်ပြုထားသော လမ်းကြောင်းအတိုင်းသာ သွားလာရန်နှင့် ခွင့်ပြုထားမှုမရှိသော လမ်းကြောင်းမှ ခရီးသွားလာမှုမရှိစေရေး မိမိလက်အောက် ဝန်ထမ်းများအား အသိပေးထားရန်” ဟု ဖော်ပြပါရှိသည်။

၎င်းပြင် အုပ်ချုပ်မှုအရ ခွင့်ပြုထားခြင်းမရှိသော လမ်းကြောင်းနှင့် နေရာများသို့ သွားလာရာတွင် တစ်စုံတစ်ရာ ပြဿနာဖြစ်ပွားပါက သက်ဆိုင်ရာ ဌာနအကြီးအကဲများတွင် တာဝန်ရှိမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။

မြေပြင်အချက်အလက်များအရလည်း လားရှိုးရှိ ဌာနဆိုင်ရာဝန်ထမ်းများသည် ရှမ်းပြည်တောင်ပိုင်း ကားလမ်းကြောင်းများကို အသုံးပြုခွင့်မရတော့ဘဲ လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်အတွင်းရှိ MI-17 ရဟတ်ယာဉ်တစ်စီးဖြင့် တောင်ကြီး၊ ရပခ တိုင်းစစ်ဌာနချုပ်နှင့် နမ့်စန်လေတပ်တို့သို့ ပို့ဆောင်ခံနေရကြောင်း စုံစမ်းသိရှိရသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ စစ်ရေးသုံးသပ်ချက်များ နေ့စဉ်ဖော်ပြနေသည့် CDM ဗိုလ်ကြီး ဇင်ယော်က ဒေသတွင်း စစ်ရေးအရ စိတ်မချရခြင်း သို့မဟုတ် ဝန်ထမ်းများ စစ်မြေပြင်မှ ထွက်ပြေးမှာစိုး၍ ချုပ်ကိုင်သည့် ချုပ်ကွက်ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“သူတို့ အဲဒီလမ်းကြောင်းတွေကို စိတ်မချတာ။ ဒါမှမဟုတ် တိုက်ပွဲသတင်းသံတွေကြားလို့ ဝန်ထမ်းတွေ လစ်ပြေးမှာစိုးလို့ ချုပ်တဲ့ ချုပ်ကွက်လို့လည်း ထင်တယ်။ ပြီးတော့ ကျောက်မဲ၊ သီပေါ၊ နောင်ချိုလမ်းကိုလည်း လုံးဝတားမြစ်ထားတယ်ဆိုတော့ စစ်ရေးအခြေအနေ တစ်ခုခု ပြောင်းလဲလာနိုင်တဲ့ အနေအထားမျိုးပဲ။ အခုရက်ပိုင်း ရမခ ထဲမှာ MI-17 ရဟတ်ယာဉ်တစ်စီး အသင့်ရှိနေပြီး အတက်အဆင်း ခဏခဏရှိတယ်။ လူ ၂၀ ဒါမှမဟုတ် ၂၅ ယောက်ပြည့်ရင် တစ်ကြောင်းဆိုပြီး ပို့နေတာ။ ရှမ်းမြောက်နဲ့ ရလခဘက် ဖြတ်တဲ့လမ်းတွေ၊ နောင်ချိုဘက်တွေမှာ စစ်ရိပ်စစ်ငွေ့ ပြန်သန်းလာတဲ့ အနေအထားလို့ ခန့်မှန်းရတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီအနေဖြင့် အရပ်ဘက်ဝန်ထမ်းများကို ယခုကဲ့သို့ တင်းတင်းကျပ်ကျပ် အမိန့်ထုတ်ခြင်းမှာ လားရှိုး၊ ကျောက်မဲ၊ သီပေါ တပ်နယ်များတွင် စစ်ရေးအဆင်သင့် (Stand To) သတ်မှတ်ထားရှိသည့် တပ်လှန့်အနေအထားဖြစ်နေ၍ ဖြစ်ကြောင်း ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။

“လမ်းကြောင်းအရ ရလခ ကွင်းထဲကိုပါ ဖြတ်တဲ့လမ်းကြောင်းကြီး ဆွဲထားတဲ့အတွက် စစ်တပ်ရဲ့ ဦးတည်ရန်သူက TNLA ရော၊ SSPP ရော၊ UWSA ပါ ပါလာမယ့် အနေအထားမျိုးပဲ” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် ကျောက်မဲနှင့် သီပေါ တာဝန်ကျဝန်ထမ်းများကို နောင်ချိုမြို့တွင် စုရပ်လုပ်ကာ ကားဖြင့် ပို့ဆောင်နေပြီး လားရှိုးနှင့် မူဆယ် တာဝန်ကျဝန်ထမ်းများကိုမူ ရဟတ်ယာဉ်များဖြင့်သာ ပို့ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်း၌ TNLA က ကွတ်ခိုင်မြို့ကို ပြန်လည်ရယူရန်နှင့် ကျောက်မဲ၊ သီပေါမြို့များကို ပြန်လည်တိုက်ခိုက်ရန် အင်အားစုဆောင်းနေသည်ဟူသော သတင်းများ ထွက်ပေါ်နေသည်။

အလားတူ ရှမ်းပြည်တောင်ပိုင်းဘက်တွင်လည်း RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က စစ်ကောင်စီကို အာဏာသိမ်းစစ်တပ်ဟု လူသိရှင်ကြား ဝေဖန်လာသည့်အပြင် ၎င်း၏နယ်မြေခရီးစဉ်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လာရောက်ခြိမ်းခြောက်မှုများ ရှိနေသဖြင့် ဒေသတွင်း စစ်ရေးတင်းမာမှုများ တစ်ကျော့ပြန် မြင့်တက်လာနေကြောင်း စုံစမ်းသိရှိရသည်။

#MeKongNews
#လားရှိုး
#ရဟက်ယာဉ်
#ခရီးသွား
#ရှမ်းမြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now