နေ့စဥ်သတင်း

ကောင်းတပ်ရွာ ပေါက်ကွဲမှု ၄၃ ဦး သေဆုံးပြီး ၁၁၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း TNLA ထုတ်ပြန်

မဲခေါင် 2 Jun - 2026
မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် သိုလှောင်ထားသည့် ယမ်းပျော့များပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၁၂ ဦးရှိသည်ဟု တအာင်းတပ်ဖွဲ့-TNLAက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ ယခုထုတ်ပြန်သည့်စာရင်းများသည် ဇွန်လ ၁ ရက်နေ့ ညနေ ၇နာရီထိ ရရှိထားသော စာရင်းများဖြစ်ပြီး လက်ရှိအချိန်အထိ ကယ်ဆယ်ရေးနှင့် စာရင်းကောက်ယူရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်သည်ဟုလည်း TNLAကဆိုသည်။ TNLAက ကောက်ယူရရှိထားသည့် သေဆုံးသူ ၄၃ ဦးစာရင်းတွင် အသက်၁နှစ်မှ ၁၁နှစ်အထိ ကလေး ၇ ဦး၊ အသက် ၁၁နှစ်အထက် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၁၃ ဦးပါဝင်သည်။ ထိုသေဆုံးသူများအနက်

မဲခေါင်၊ ဇွန် ၂

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် သိုလှောင်ထားသည့် ယမ်းပျော့များပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၁၂ ဦးရှိသည်ဟု တအာင်းတပ်ဖွဲ့-TNLAက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။

ယခုထုတ်ပြန်သည့်စာရင်းများသည် ဇွန်လ ၁ ရက်နေ့ ညနေ ၇နာရီထိ ရရှိထားသော စာရင်းများဖြစ်ပြီး လက်ရှိအချိန်အထိ ကယ်ဆယ်ရေးနှင့် စာရင်းကောက်ယူရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်သည်ဟုလည်း TNLAကဆိုသည်။

TNLAက ကောက်ယူရရှိထားသည့် သေဆုံးသူ ၄၃ ဦးစာရင်းတွင် အသက်၁နှစ်မှ ၁၁နှစ်အထိ ကလေး ၇ ဦး၊ အသက် ၁၁နှစ်အထက် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၁၃ ဦးပါဝင်သည်။ ထိုသေဆုံးသူများအနက် ၇ ဦးသည် ဆေးကုသမှု ခံယူရင်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟုလည်း TNLAက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၁၁၂ ဦးတွင်မူ ၇၅ ဦးသည် အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်ပြီး ၃၇ ဦးသည် ပြင်းထန်ဒဏ်ရာရရှိသူများဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုထိခိုက်ဒဏ်ရာရရှိသူများတွင်လည်း အသက် ၁၁နှစ်အောက် ကလေးငယ် ၂၅ ဦးပါဝင်သည်ဟု တအာင်းတပ်ဖွဲ့ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယခုထုတ်ပြန်သည့် လူနာစာရင်းများသည် နမ့်ခမ်းဆေးရုံသို့ ရောက်ရှိလာသည့် လူနာစာရင်းများသာဖြစ်သည်ဟုလည်း တအာင်းတပ်ဖွဲ့ကဆိုသည်။

မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသည့်သူများကမူ သေဆုံးသူ ၄၆ ဦးကို မီးသင်္ဂြိုလ်ပေးခဲ့ရသည်ဟု ပြောဆိုထားသည်။

TNLAအနေဖြင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် လိုအပ်သည့် ဆေးဝါးများကို ပြည့်စုံလုံလောက်စွာ စီစဉ်ပံ့ပိုးပေးထားပြီး ဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများကလည်း အချိန်နှင့်တပြေးညီ ကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကာ ဘေးသင့်ပြည်သူများအား အခမဲ့ကျန်းမာရေးဝန်ဆောင်မှုများ၊ အစားအသောက်နှင့် အဝတ်အထည်များကိုလည်း ဆက်လက်ဖြည့်ဆည်းပေးလျက်ရှိသည်ဟုဆိုသည်။

ထို့ပြင် ဘေးသင့်ပြည်သူများအား လိုအပ်သော အကူအညီများ ပိုမိုရရှိနိုင်ရေးအတွက် ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု TNLAက ထုတ်ပြန်ချက်တွင် အသိပေးသည်။

နမ့်ခမ်းမြို့ကပ်လျက်တွင် တည်ရှိသည့် ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်း၌ အသုံးပြုရန် သိုလှောင်ထားသည့် တအာင်းတပ်ဖွဲ့-TNLA စီးပွးရေးဌာနပိုင် ယမ်းပျော့များ မေလ၃၁ရက်နေ့တွင် ပေါက်ကွဲမှုဖြစ်ပွားရာ ထိခိုက် သေဆုံးမှု အများအပြားရှိနေခြင်းဖြစ်သည်။

ယင်းအလွန်ပြင်းထန်သည့် ယမ်းပျော့များ ပေါက်ကွဲမှုကြောင့် ကောင်းတပ်ကျေးရွာတစ်ခုလုံးနီးပါး ပျက်စီးသွားပြီဖြစ်ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီများစွာ လိုအပ်နေသည်ဟုလည်း မြေပြင်တွင် ကူညီရေးလုပ်ငန်း ဆောင်ရွက်နေသူများကပြောသည်။

#MeKongNews
#နမ့်ခမ်းပေါက်ကွဲမှု
#ယမ်းသိုလှောင်ရုံ
#TNLA
#ရှမ်းမြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now