နေ့စဥ်သတင်း

သိန္နီတွင် အမျိုးသားတစ်ဦးကို MNDAA ဖမ်းဆီးရိုက်နှက်ပြီး သိန်း ၃၀၀ ကျော်ဖြင့် ရွေးခိုင်း

မဲခေါင် 18 May - 2026
မဲခေါင်၊ မေ ၁၈ ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့- MNDAA က အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး ငွေကျပ်သိန်း ၃၀၀ ကျော်ဖြင့် ပြန်ရွေးခိုင်းမှု ဖြစ်ပွားခဲ့သည်ဟု မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်တွင် MNDAA က သိန္နီမြို့ထဲရှိ အမျိုးသားတစ်ဦးကို ဖမ်းဆီးကာ ကျပ်သိန်း ၃၀၀ ကျော် တောင်းခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးထားစဉ်အတွင်းတွင်လည်း ရိုက်နှက်နှိပ်စက်မှု ပြုလုပ်ခဲ့သည်ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “၂၁ ရက်နေ့မှာ ဖမ်းသွားတာ၊ တပတ်လောက် အဖမ်းခံရတယ်။ ၂၈ ရက်နေ့မှာကျမှ ငွေသိန်း ၃၀၀ ကျော် သွားပေးမှ ကိုးကန့်တပ်က

မဲခေါင်၊ မေ ၁၈

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့- MNDAA က အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး ငွေကျပ်သိန်း ၃၀၀ ကျော်ဖြင့် ပြန်ရွေးခိုင်းမှု ဖြစ်ပွားခဲ့သည်ဟု မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်တွင် MNDAA က သိန္နီမြို့ထဲရှိ အမျိုးသားတစ်ဦးကို ဖမ်းဆီးကာ ကျပ်သိန်း ၃၀၀ ကျော် တောင်းခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးထားစဉ်အတွင်းတွင်လည်း ရိုက်နှက်နှိပ်စက်မှု ပြုလုပ်ခဲ့သည်ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“၂၁ ရက်နေ့မှာ ဖမ်းသွားတာ၊ တပတ်လောက် အဖမ်းခံရတယ်။ ၂၈ ရက်နေ့မှာကျမှ ငွေသိန်း ၃၀၀ ကျော် သွားပေးမှ ကိုးကန့်တပ်က ပြန်လွတ်လာတာတဲ့။ တကိုယ်လုံး ရိုက်နှက်ခံထားရတော့ လွတ်လာတဲ့အချိန်ထိ ဒဏ်ရာတောင် မပျောက်သေးဘူး” ဟု ဖြစ်စဉ်ကို သိရှိသည့် သိန္နီမြိုခံတစ်ဦးက ပြောသည်။

အခြားသတင်းရင်းမြစ်တဦး၏ ပြောဆိုချက်အရ ယင်းဖမ်းဆီးခံရသည့် အမျိုးသား၏ မိသားစုဝင်တစ်ဦးသည် သူခိုးတစ်ဦး လာရောင်းသည့် စက်ပစ္စည်းတစ်ခုကို သူခိုးမှန်းမသိပဲ ဝယ်ယူမိသဖြင့် အဖမ်းခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“ဝယ်တာက သူဝယ်တာမဟုတ်ဘူး။ သူ့မိသားစုဝင်တစ်ယောက်က သူခိုးလာရောင်းတဲ့ ပစ္စည်းတစ်ခုကို သူခိုးမှန်းမသိပဲ ဝယ်မိတာ။ ပစ္စည်းက ၁၀ သိန်းလောက်ပဲတန်တာ၊ ဒါပေမယ့် ကိုးကန့်တပ်လာဖမ်းတဲ့အချိန်ကျ အိမ်မှာရှိနေတဲ့ သူ့ကို ဖမ်းသွားတာ၊ သူခိုးလည်း ဖမ်းမိပြီ။ သူခိုးလာရောင်းတဲ့ ပစ္စည်းလည်း ပြန်သိမ်းသွားပြီ” ဟု ၎င်းက ပြောသည်။

ဧပြီ ၂၀ ရက်တွင် သူခိုးတစ်ဦး လာရောင်းသည့် စက်ပစ္စည်းတစ်ခုကို ၎င်းအမျိုးသား၏ မိသားစုဝင်တစ်ဦးက သူခိုးမှန်းမသိပဲ ဝယ်ယူထားမိသဖြင့် ဧပြီ ၂၁ ရက် မနက် ၁၁ နာရီဝန်းကျင်တွင် MNDAA က ၎င်းအိမ်ရှင်အမျိုးသားကို လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ပစ္စည်းလည်း သူတို့ ပြန်ယူသွားတယ်။ သူခိုးကိုလည်း ထောင်ချလိုက်တယ်။ အဲဒါကို သူတို့က ပစ္စည်းလက်ခံတဲ့သူကို ငွေညှစ်ချင်တဲ့သဘော။ ဒီတိုင်း ဘာမှမဆီမဆိုင် လက်နက်အားကိုးနဲ့ ငွေညှစ်တာ။ အမှန်ဆိုရင် ဘယ်အစိုးရပဲဖြစ်ဖြစ် ခိုးတဲ့ပစ္စည်းလည်းတွေ့ပြီ သူခိုးလည်း တွေ့ပြီဆိုရင် မသိဘဲ ဝယ်ယူမိတဲ့သူကိုတော့ အာမခံနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဘာတွေနဲ့ ခံဝန်ထိုးပြီး ပြန်လွှတ်ရမယ့် သဘောလေနော်။ အခုက ရိုက်လည်း ရိုက်တယ်။ ပြီးတော့ ပိုက်ဆံလည်း တောင်းတယ်” ဟု ဖြစ်စဉ်ကိုသိရှိသည့် သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးခံရစဥ်အတွင်း ယင်းအမျိုးသားကို ကိုးကန့်တပ်သားများက ညိုမဲဒဏ်ရာများ စွဲကျန်သည့်အထိ ရိုက်နှက်နှိပ်စက်ခဲ့ပြီး ၈ ရက်အကြာ ဧပြီ ၂၈ ရက်တွင် ငွေသိန်း ၃၀၀ ကျော်ပေးမှသာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

“သူခိုးပစ္စည်းဝယ်မိလို့ အရေးယူမယ်ဆိုလည်း သူခိုးပစ္စည်းလက်ခံမှုနဲ့ တရားစွဲပြီး အရေးယူလို့ရတယ်လေ။ အခုအဖမ်းခံရပြီး ငွေပေးရတဲ့သူက ကိုယ်တိုင် သူခိုးပစ္စည်းဝယ်မိတာလည်း မဟုတ်ဘူး။ အဲဒါကို ဖမ်းပြီးနှိပ်စက်ခံရ၊ ငွေသိန်း ၃၀၀ လည်းပေးရဆိုတော့ ရပ်ကွက်ထဲက လူတွေလည်း စိတ်မကောင်းဘူး။ အရိုက်ခံရတာလည်း သနားစရာဗျာ။ ကျွဲလို နွာလို အရိုက်ခံခဲ့ရတာ” ဟု ဖြစ်စဉ်ကိုသိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် မတ်လတွင်လည်း တူးမီးသေနတ်ဖြင့် တောလိုက်သွားသည့် လားဟူအမျိုးသား ၃ ဦးကို သေနတ်ကိုင်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် MNDAA က ဖမ်းဆီးခဲ့ပြီး ငွေကျပ်သိန်း ၁၀၀ ကျော်ဖြင့် ပြန်ရွေးခိုင်းခဲ့သည်။

#MeKongNews
#သိန္နီ
#အမျိုးသားတစ်ဦး
#MNDAA
#ဖမ်းဆီးရိုက်နှက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now