မဲခေါင်၊ မေ ၁၆
ဘန်ကောက်မြို့၊ အာဆုတ်-ဒင်ဒန်းလမ်း (Asok-ပေါ်ရှိ ရာမ ၉ လမ်းဆုံနှင့် အာဆုတ်ပက်ချ်ဘူရီ (လမ်းဆုံအကြား၊ မက္ကဆန် ရထားလမ်းကူးအနီးတွင် ယနေ့ ၌ ရထားနှင့် ဘတ်စ်ကား ပြင်းထန်စွာ တိုက်မိမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်မိမှုကြောင့် အခင်းဖြစ်ပွားရာ နေရာတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ အနည်းဆုံး လူ ၆ ဦး သေဆုံးသွားပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြသည်။
တာဝန်ရှိသူများအနေဖြင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ စုစုပေါင်းအရေအတွက် အတိအကျအပြင် တိုက်မိမှု ဖြစ်ပွားရသည့် အကြောင်းအရင်းကိုမူ လတ်တလောတွင် အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပေ။
Ref:Khaosod
#MeKongNews
#ဘန်ကောက်
#ရထား
#ဘတ်စ်ကား
#တိုက်မိ
#သေဆုံး








