နေ့စဥ်သတင်း

ဖမ်းဆီးခံ လူငယ် ၇၀ ဦးကျော်အား ၃ လအတွင်း မိသားစုဝင်များ လာမတွေ့ပါက MNDAA စစ်မှုထမ်းခိုင်းမည်

မဲခေါင် 4 May - 2026
မဲခေါင်၊ မေ ၄ ကိုးကန့်တပ်ဖွဲ့ – MNDAA က ဖမ်းဆီးသွားသည့် လားရှိုးမြို့နယ်၊ အီနိုင်းဒေသမှ ဒေသခံနှင့် ခရီးသွားလူငယ် ၇၀ ဦးကျော်ကို မိသားစုဝင်များ လာရောက်တွေ့ဆုံခြင်းမရှိပါက အပြီးတိုင် စစ်မှုထမ်းခိုင်းမည်ဟု MNDAA က ပြောဆိုကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ ပြီးခဲ့သည့် ဧပြီ ၂၁ ရက်၌ လားရှိုးမြို့နယ်၊ အီနိုင်း၊ ၁၀ မိုင်ကုန်းနှင့် တောင်တလောင်ဒေသတွင် ကိုးကန့်တပ်ဖွဲ့က ရုတ်တရက် စစ်ဆေးမှုပြုလုပ်ကာ ဒေသခံနှင့် ခရီးသွားလူငယ် ၇၀ ဦးကျော်ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဖမ်းဆီးခံရသူများကို ဧပြီလကုန်အထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပြုခဲ့ဘဲ နေ့ချင်း သိန္နီမြို့သို့ ကိုးကန့်တပ်ဖွဲ့က ခေါ်ဆောင်သွားခဲ့သည်။‎ ‎

မဲခေါင်၊ မေ ၄

ကိုးကန့်တပ်ဖွဲ့ – MNDAA က ဖမ်းဆီးသွားသည့် လားရှိုးမြို့နယ်၊ အီနိုင်းဒေသမှ ဒေသခံနှင့် ခရီးသွားလူငယ် ၇၀ ဦးကျော်ကို မိသားစုဝင်များ လာရောက်တွေ့ဆုံခြင်းမရှိပါက အပြီးတိုင် စစ်မှုထမ်းခိုင်းမည်ဟု MNDAA က ပြောဆိုကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၁ ရက်၌ လားရှိုးမြို့နယ်၊ အီနိုင်း၊ ၁၀ မိုင်ကုန်းနှင့် တောင်တလောင်ဒေသတွင် ကိုးကန့်တပ်ဖွဲ့က ရုတ်တရက် စစ်ဆေးမှုပြုလုပ်ကာ ဒေသခံနှင့် ခရီးသွားလူငယ် ၇၀ ဦးကျော်ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဖမ်းဆီးခံရသူများကို ဧပြီလကုန်အထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပြုခဲ့ဘဲ နေ့ချင်း သိန္နီမြို့သို့ ကိုးကန့်တပ်ဖွဲ့က ခေါ်ဆောင်သွားခဲ့သည်။‎
‎
လက်ရှိအချိန်ထိ ၎င်းဖမ်းဆီးခံရသည့် လူငယ် ၇၀ ဦးကျော်ကို ကိုးကန့်တပ်ဖွဲ့က သိန္နီရဲစခန်းတွင် ဖမ်းဆီးထားနေဆဲဖြစ်ပြီး ထိန်းသိမ်းစရိတ်အနေ ဖြင့် တစ်လ ၂ သိန်းကျပ် ပေးဆောင်ရမည်ဖြစ်ကာ လာတွေ့သည့် မိသားစုဝင်ရှိသူများကို ၃ လပြည့်ပါက ပြန်လွှတ်ပေးမည်ဟု ကိုးကန့်တပ်ဖွဲ့က ပြောဆိုကြောင်း သိန္နီအထိ လိုက်တွေ့သည့် အဖမ်းခံရသူတစ်ဦး၏ မိသားစုဝင် သတင်းရင်းမြစ်က ပြောသည်။
‎
“အခုမှ လိုက်တွေ့ခွင့်ရတော့ ကျမတို့က လိုက်တွေ့တာ။ တွေ့ခွင့်ရတော့ ကိုးကန့်အရာရှိက အကုန်လုံး မခေါ်သွားဘူး လို့တော့ပြောတယ်။ လာတွေ့ကြဖို့ကိုလည်း သူတို့က နီးစပ်ရာ နီးစပ်ရာကို ပြောကြဖို့တော့ မှာလိုက်တယ်။ မလာရင်တော့ တကယ် စစ်သားလုပ်ခိုင်းမှာလို့ ပြောတယ်” ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။ ‎ ‎

MNDAA က ဖမ်းဆီးသွားသည့် လူငယ် ၇၀ ဦးကျော်သည် တအာင်း၊ ရှမ်း၊ ဗမာနှင့်ကချင် စသည့် လူမျိုးပေါင်းစုံများ ဖြစ်ပြီး အချို့မှာ ခရီးသွားရင်း အဖမ်းခံရခြင်းဖြစ်သဖြင့် နေရပ်လိပ်စာ မသိရသောကြောင့် ပျောက်ဆုံးနေသည့် မိသားစုဝင် ဆွေမျိုးများရှိပါက သိန္နီရဲစခန်းတွင် သွားရောက်စုံစမ်းသင့်ကြောင့် နောက်ထပ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

‎“အီနိုင်းဒေသခံတွေကတော့ ဘယ်သူတွေ အဖမ်းခံရတယ်ဆိုတာ သိနေကြပြီ။ ခရီးသွားရင်း အဖမ်းခံရတဲ့သူတွေကျ ဘယ်သူတွေမှန်း မသိကြတော့ ဆက်သွယ်ရဖို့ ခက်ခဲနေကြမှာ၊ အဲဒီနေ့မှာ ပျောက်တဲ့သူရှိရင် သိန္နီကို သွားစုံစမ်းရမှာ။ မဟုတ်ရင် ၃ လပြည့်ရင် စစ်သားလုပ်ခိုင်းကြတော့မှာ”ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဖမ်းဆီးခံခဲ့ရသည့်သူများ၏ မိသားစုဝင် အချို့ဆီကို ကိုးကန်တပ်ဖွဲ့အရာရှိဟုဆိုကာ ငွေကျပ်သိန်း ၁၀၀ ကျော် ဖုန်းဆက်ခြိမ်းခြောက်သည့် ကိစ္စကိုလည်း ကိုးကန့်တပ်၏ သိန္နီရဲစခန်း တာဝန်ရှိသူများကို တင်ပြရာ သိန္နီရဲစခန်းမှ ယင်းကဲ့သို့ ငွေတောင်းခြင်းမရှိကြောင်း ပြန်လည် ပြောဆိုခဲ့သည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။ ‎ ‎

“အသိထဲက ပိုက်ဆံတောင်းခံရတဲ့ဟာလည်း ပြောပြခဲ့သေးတယ်။ သူတို့စခန်းမှူးလား၊ ထောင်မှူးလား မသိဘူး ကျမကို ပြန်ပြောတာက အဲငွေတွေ မပေးဖို့။ လူလိမ်တွေသာ ဖြစ်နိုင်တယ်ဆိုပြီး ပြောတယ်”ဟု ၎င်းက ပြောသည်။ ‎

ထို့ပြင် လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် မယ်ဟန၊ ခေးနင်းဖက်တွင်လည်း MNDAA က မူးယစ်ဆေးဝါး အကြောင်းပြပြီး လူငယ် ၁၀ ဦး ကျော်ကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုဖမ်းဆီးသည့် ကိစ္စအသေးစိတ်ကိုမူ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

MNDAA သည် ၁၀၂၇ စစ်ဆင်ရေး ပြီးသည့်နောက်ပိုင်း ၎င်းထိန်းချုပ် နယ်မြေအတွင်းတွင် ကိုးကန့်မဟုတ်သည့် အခြားလူမျိုးများကိုပါ နည်းမျိုးစုံဖြင့် စစ်မှုထမ်းရန် လုပ်ဆောင်နေလျက်ရှိပြီး သားသမီးထွက်ပြေးပါက မိဘများကို ဖမ်းဆီးထားခြင်းများလည်း ပြုလုပ်ကြသည်။

#MeKongNews
#ဖမ်းဆီးခံ
#လူငယ်
#မိသားစုဝင်
#MNDAA
#စစ်မှုထမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now