မဲခေါင်၊ မေ ၃
တာချီလိတ်မြို့ရှိ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ နေ့လယ်ပိုင်းက ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး ဓါတ်လှေကားအတွင်း သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းသို့ ပိတ်မိခဲ့စဉ် မီးသတ်တပ်ဖွဲ့ ရောက်ရှိလာပြီး ကလေးငယ်ကို ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ မည်သည့်အကြောင်းကြောင့် ဓာတ်လှေကားအတွင်း ပိတ်မိသည်ကို သေချာစွာ မသိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ကလေးက ဝင်ဆော့တာလား၊ ဝင်စီးတာလားတော့မသိဘူး။ ပိတ်မိသွားတာ ၁၀ မိနစ်လောက်ပဲကြာပါတယ်၊ မီးသတ်တွေလာပြီး ကယ်ထုတ်သွားနိုင်တယ်။ အဲဒီအချိန် မိုင်းဖုန်းဘက်မှာ လေမိုးတိုက်ပြီး မီးပျက်တယ်။ ဆေးရုံကြီးမှာ ပျက်၊ မပျက်တော့ မသိဘူး” ဟု ၎င်းက ပြောသည်။
၁၁နှစ်အရွယ် ကလေးငယ်မှာ မေလ ၃ ရက်မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ပိတ်မိကာ ၂နာရီ ၅၀ မိနစ်တွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
#MeKongNews
#တာချီလိတ်
#ခရိုင်ဆေးရုံကြီး
#ဓာတ်လှေကား
#မီးသတ်တပ်ဖွဲ့








