နေ့စဥ်သတင်း

မုံးကိုးတွင် စစ်မှုမထမ်းသည့် TNLA တပ်သားဟောင်း၏ မိသားစုဝင်များကို MNDAA က ပိုင်ဆိုင်မှုသိမ်းပြီး နှင်ထုတ်

မဲခေါင် 2 May - 2026
မဲခေါင်၊ မေ ၂ ရှမ်းပြည်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်တွင် အရပ်သားအဖြစ်သာ နေလိုသည့် TNLA – တအာင်းတပ်ဖွဲ့ဝင်ဟောင်းများကို ကိုးကန့်တပ်ဖွဲ့ – MNDAA ထဲ စစ်မှုလာမထမ်းသဖြင့်ဟုဆိုကာ MNDAA က ပိုင်ဆိုင်မှုသိမ်းပြီး ရွာမှ နှင်ထုတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၄ရက်တွင် MNDAA တပ်ဖွဲ့ဝင် ၁၀ ဦးကျော်သည် မုံးကိုးမြို့နယ်၊ ပန်စီတိုင်ကျေးရွာသို့ ရောက်ရှိလာပြီး TNLA တပ်ဖွဲ့ဝင်ဟောင်းများကို ဧပြီ ၂၈ ရက် နောက်ဆုံးထားကာ MNDAA တပ်ဖွဲ့သို့ ဝင်ရောက် စစ်မှုထမ်းရမည်ဟု ပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုပြီးနောက် MNDAA တပ်ဖွဲ့သို့ ဝင်ရောက်ပြီး စစ်မှုမထမ်းသည့် TNLA တပ်ဖွဲ့ဝင်ဟောင်း

မဲခေါင်၊ မေ ၂

ရှမ်းပြည်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်တွင် အရပ်သားအဖြစ်သာ နေလိုသည့် TNLA – တအာင်းတပ်ဖွဲ့ဝင်ဟောင်းများကို ကိုးကန့်တပ်ဖွဲ့ – MNDAA ထဲ စစ်မှုလာမထမ်းသဖြင့်ဟုဆိုကာ MNDAA က ပိုင်ဆိုင်မှုသိမ်းပြီး ရွာမှ နှင်ထုတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၄ရက်တွင် MNDAA တပ်ဖွဲ့ဝင် ၁၀ ဦးကျော်သည် မုံးကိုးမြို့နယ်၊ ပန်စီတိုင်ကျေးရွာသို့ ရောက်ရှိလာပြီး TNLA တပ်ဖွဲ့ဝင်ဟောင်းများကို ဧပြီ ၂၈ ရက် နောက်ဆုံးထားကာ MNDAA တပ်ဖွဲ့သို့ ဝင်ရောက် စစ်မှုထမ်းရမည်ဟု ပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုပြီးနောက် MNDAA တပ်ဖွဲ့သို့ ဝင်ရောက်ပြီး စစ်မှုမထမ်းသည့် TNLA တပ်ဖွဲ့ဝင်ဟောင်း မိသားစုဝင်များ၏ နေအိမ်နှင့် လယ်ယာများကိုလည်း MNDAA က ဧပြီ ၂၈ ရက်တွင် သိမ်းယူလိုက်ပြီး မိသားစုဝင်များကိုလည်း ရွာပြင်နှင်ထုတ်လိုက်သည်ဟု ဖြစ်စဥ်ကို သိရှိသူ ဒေသခံတစ်ဦးက ပြောသည်။

“အခု နှင်ထုတ်ခံရတဲ့ မိသားစုဝင်တွေက အမေတစ်ယောက်ရယ်၊ ကလေးတစ်ယောက်ရယ်နဲ့ မိန်းမကလည်း ကိုယ်ဝန် ၇ လရှိပြီ။ ပလောင်စစ်သားလုပ်ဖူးတဲ့ သားက ကိုးကန့်ထဲဝင်ခိုင်းတာ မဝင်ပဲ ထွက်ပြေးလို့တဲ့။ အခုတော့ တစ်အိမ်လုံးကို သိမ်းလိုက်တယ်။ သူတို့လယ်ယာတွေလည်း သိမ်းလိုက်တယ်။ ပြန်မလာနဲ့တဲ့။ ကိုးကန့်စစ်တပ် လုပ်တာကို တရွာလုံးဘယ်သူမှ မကြိုက်ဘူး၊ ကြောက်လို့ ပြန်မပြောရဲကြတာ။ လူထုတွေက ဒုက္ခ​ရောက်လွန်းတယ်ဗျာ” ဟု ရွာပြင်နှင်ထုတ်ခံရသည့် တအာင်းတပ်ဖွဲ့ဝင်ဟောင်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကိုးကန့်တပ်ဖွဲ့ နှင့် တအာင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် မုံးကိုးမြို့နယ်ထဲရှိ တအာင်းကျေးရွာမှ TNLA တပ်ဖွဲ့ဝင်များကို MNDAA တပ်ဖွဲ့က ၎င်းတို့ထံ ပြောင်းလဲ စစ်မှုထမ်းရန် ဖိအားပေးခဲ့ပြီး အချို့ TNLA တပ်ဖွဲ့ဝင်များကိုမူ ဖမ်းဆီးပြီး MNDAA တွင် စစ်မှုထမ်းခိုင်းခဲ့သည်။

“ပြဿနာတွေ စဖြစ်တုန်းက ပြောတာတော့ ကိုးကန့်တပ်ထဲ မပြောင်းလည်း ရတယ်။ အရပ်သားအဖြစ် အေးဆေးနေလို့ရတယ် ပြောပြီး အခုကျတော့ သူတို့ထဲ မပြောင်းလို့ ဆိုပြီး အိမ်တွေကိုသိမ်းသွားတယ်။ မိသားစုဝင်တွေကိုလည်း ရွာပြင်နှင်ထုတ်တယ်”ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လအတွင်းတွင်လည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည့် နမ်ဝါကျေးရွာမှ ၅ ဦး၊ ရှောက်ရွှေကျင်ရွာမှ ၂ ဦး၊ ပန်စီတိုင်ရွာမှ ၁ ဦးနှင့် နမ့်ဟာရွာမှ ၁ ဦး စုစုပေါင်း ၉ ဦးကို MNDAA က.ဖမ်းဆီးခဲ့ရာ ၅ ဦးကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၄ ဦးကိုမူ ကိုးကန့်တပ်ဖွဲ့တွင် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးပြီးနောက်ပိုင်း မုံးကိုးမြို့နယ်တွင် နေထိုင်သည့် တအာင်းလူမျိုးများကို ကိုးကန့်တပ်ဖွဲ့က လူသစ်စုဆောင်းသွားသည်မှာ ၂၀၀ ဦးကျော်ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#မုံးကိုး
# စစ်မှုမထမ်း
#TNLA
#မိသားစုဝင်
#MNDAA
#နှင်ထုတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now