နေ့စဥ်သတင်း

ဖရူဆို စစ်ရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူများပြား၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ် လိုအပ်နေ

မဲခေါင် 30 Apr - 2026
မဲခေါင်၊ ဧပြီ ၃၀ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ခိုးလျေဆို စစ်ဘေးရှောင်စခန်းတွင် ကလေးများနှင့် သက်ကြီးရွယ်အိုများအကြား ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး၊ လိုအပ်သည့် ဆေးဝါးနှင့် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။ စစ်ရှောင်စခန်းအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါမှာ ဧပြီလ ၅ ရက်မှ စတင်ဖြစ်ပွားခဲ့ပြီး ၃ ပတ်ကျော်ကြာ ယနေ့အထိ ဆက်လက် ဖြစ်ပွားနေကြောင်း၊ အစပိုင်းတွင် လူဦးရေ ၂၀ ဝန်းကျင်သာရှိခဲ့သော်လည်း လက်ရှိတွင် စခန်းရှိ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်အထိ ဖြစ်ပွားလာကြောင်း စစ်ရှောင်များထံမှ သိရသည်။ “ကလေးတွေနဲ့ သက်ကြီးပိုင်းတွေမှာ ဝမ်းပျက်ဝမ်းလျှောတာ တစ်ရွာလုံးနီးပါး ဖြစ်နေပါတယ်။ ရောဂါဖြစ်တာ

မဲခေါင်၊ ဧပြီ ၃၀

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ခိုးလျေဆို စစ်ဘေးရှောင်စခန်းတွင် ကလေးများနှင့် သက်ကြီးရွယ်အိုများအကြား ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး၊ လိုအပ်သည့် ဆေးဝါးနှင့် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။

စစ်ရှောင်စခန်းအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါမှာ ဧပြီလ ၅ ရက်မှ စတင်ဖြစ်ပွားခဲ့ပြီး ၃ ပတ်ကျော်ကြာ ယနေ့အထိ ဆက်လက် ဖြစ်ပွားနေကြောင်း၊ အစပိုင်းတွင် လူဦးရေ ၂၀ ဝန်းကျင်သာရှိခဲ့သော်လည်း လက်ရှိတွင် စခန်းရှိ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်အထိ ဖြစ်ပွားလာကြောင်း စစ်ရှောင်များထံမှ သိရသည်။

“ကလေးတွေနဲ့ သက်ကြီးပိုင်းတွေမှာ ဝမ်းပျက်ဝမ်းလျှောတာ တစ်ရွာလုံးနီးပါး ဖြစ်နေပါတယ်။ ရောဂါဖြစ်တာ ကြာလာပေမယ့် ဆေးဝါး မလုံလောက်လို့ သက်သာသွားတာမျိုး မရှိသေးပါဘူး” ဟု စစ်ရှောင်စခန်းအတွင်း ကလေးသူငယ်များကို ကူညီပေးနေသည့် ဆရာမတစ်ဦးက မဲခေါင်သို့ ပြောသည်။

ဒေသတွင်း နွေရာသီအပူရှိန် မြင့်တက်လာခြင်းနှင့် ရေရှားပါးမှုကြောင့် သန့်ရှင်းသော သောက်သုံးရေ မလုံလောက်နိုင်ဘဲ စစ်ရှောင်များအကြား ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု ပိုမိုများပြားလာနေကြောင်း သိရသည်။

စစ်ရှောင်များ၏ ပြောကြားချက်အရ စခန်းအတွင်း အခမဲ့ဆေးပေးခန်း မရှိသည့်အပြင် ကိုယ်ထူကိုယ်ထ ဆေးပေးခန်းများတွင်လည်း လူနာအခြေအနေပေါ် မူတည်၍ ဆေးဝါးပေးမှု အကန့်အသတ်ဖြင့်သာ ရရှိနေသည်ဟု သိရသည်။

“ဒီဘက်မှာ ဓာတ်ဆားက စျေးကြီးသလို ရှားလည်းရှားတယ်။ မိသားစုတိုင်း အခက်အခဲရှိတော့ မဝယ်နိုင်ကြဘူး။” ဟု စစ်ရှောင်တစ်ဦးက ဆိုသည်။

ခိုးလျေဆို စစ်ဘေးရှောင်စခန်းသည် ထီးသဲကူးကျေးရွာဒေသခံများ အဓိကခိုလှုံနေသည့် နေရာဖြစ်ပြီး လူဦးရေ ၂ ထောင်ကျော် နေထိုင်လျက်ရှိသည်။

လက်ရှိတွင် ဒီးမော့ဆို – ဖရူဆို ကားလမ်းမကို စစ်ကောင်စီဘက်မှ ထိန်းချုပ်ထားဆဲ ဖြစ်သဖြင့် လူသုံးကုန်ပစ္စည်းများနှင့် အခြေခံဆေးဝါးများ သယ်ယူပို့ဆောင်ရေး ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

ဖရူဆိုမြို့နယ်အတွင်း နွေရာသီကာလတိုင်း ရေရှားပါးမှုပြဿနာကြောင့် စစ်ဘေးရှောင်များအကြား ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ နှစ်စဉ်ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

#MeKongNews
#ဖရူဆို
#စစ်ရှောင်စခန်း
#ဝမ်းပျက်ဝမ်းလျှော
#ဆေးဝါး
#ကျန်းမာရေးစောင့်ရှောက်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now