မဲခေါင်၊ ဧပြီ ၂၄
UWSA ထိန်းချုပ်နယ်မြေများ၌ ကျားဖြန့်များကို ဆက်တိုက်ဖမ်းဆီးပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ဘက်သို့ တိုက်ရိုက် လွှဲပြောင်းလျက်ရှိရာ ယမန်နေ့က ဖမ်းမိ တရုတ်နိုင်ငံသား ၃၀ ဦးကို ပန်ဆန်းမှ လွှဲပြောင်းခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ယမန်နေ့ ဧပြီ ၂၃ ရက်၊ နံနက်ပိုင်းက ပန်ဆန်းရှိ မန်ခါး နယ်စပ်ဂိတ်မှ လွှဲပြောင်းသည့် တရုတ်နိုင်ငံသား ၃၀ ဦးအနက် ၂၄ ဦးမှာ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းရှင်များ ဖြစ်ကြပြီး ကျန် ၆ ဦးမှာ လစာဖြင့် လုပ်ကိုင်သူများ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“၆ ဦးကတော့ လုပ်ခလစာ နဲ့ ဖြားယောင်း ခေါ် ဆောင်ခံရပီး အလုပ် ခိုင်းစေခံရသူတွေလို့သိရတယ်၊ ပန်ဆန်းမှာပဲ ဖမ်းမိတာ”ဟု သတင်းရင်းမြစ်က ပြောသည်။
UWSA သည် ပန်ဆန်းမြို့ပေါ်ရှိ ဟိုတယ်များတွင် ကျားဖြန့်များကို ဆက်တိုက် ဖမ်းဆီးနေရာ ဧပြီ ၁၁ ရက်မှ ၂၃ ရက်အထိ ဦးရေ ၁၀၀ ဝန်းကျင်ရှိသွားပြီ ဖြစ်သည်။
UWSA သည် ကျားဖြန့် တရုတ်နိုင်ငံသားများကိုသာမက ၎င်းတို့ကို အကာအကွယ်ပေးသည့် “ဝ” တပ်ဖွဲ့ဝင်များကိုပါ ဖမ်းဆီး ပြစ်ဒဏ်ပေးလျက်ရှိသည်။
#MeKongNews
#ပန်ဆန်း
#ကျားဖြန့်တရုတ်
#ယူနန်
#လွှဲပြောင်း








