နေ့စဥ်သတင်း

သိန္နီတွင် ပြည်ကြီးတရုတ်များက ဒေသခံများ၏ မြေယာများကို ဆက်တိုက် ဝယ်ယူနေ

မဲခေါင် 23 Apr - 2026
မဲခေါင်၊ ဧပြီ ၂၃ ကိုးကန့်တပ်ဖွဲ့ – MNDAA ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့တွင် ပြည်ကြီးတရုတ် လုပ်ငန်းရှင်များက ဒေသခံများ၏ မြေယာ အများအပြားကို အဆက်မပြတ် ဝယ်ယူနေသည်ဟု ဒေသခံများက ပြောသည်။ တရုတ်လုပ်ငန်းရှင်များသည် လမ်းမကြီးဘေးရှိ မြေယာများကို အဓိက ဝယ်ယူနေပြီး သိန္နီမြို့တွင်းတွင် အဆောက်အအုံများ ဆက်တိုက် ဆောက်လုပ်နေသကဲ့သို့ ပြည်ကြီးတရုတ်လူမျိုး အများအပြားလည်း ဝင်ရောက် အခြေချနေကြသည်ဟု ဒေသခံများထံမှ သိရသည်။ “မြေတွေကို လမ်းမကြီးဘေးမှာ အဓိကထား ဝယ်တာတွေ့ရတယ်။ ရင်းနှီးမြှုပ်နှံလို့ကောင်းမယ့် နေရာတွေ ဝယ်တာပေါ့။ စျေးကျတော့ မြေယာပိုင်ရှင်နဲ့ ညှိနှိုင်းပြီး ဝယ်တာ၊ မရောင်း ရောင်းအောင် ဈေးကြီးပေးပြီး ဝယ်ကြတာ။ အခုဈေးကောင်းရနေတုန်း မရောင်းရင်

မဲခေါင်၊ ဧပြီ ၂၃

ကိုးကန့်တပ်ဖွဲ့ – MNDAA ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့တွင် ပြည်ကြီးတရုတ် လုပ်ငန်းရှင်များက ဒေသခံများ၏ မြေယာ အများအပြားကို အဆက်မပြတ် ဝယ်ယူနေသည်ဟု ဒေသခံများက ပြောသည်။

တရုတ်လုပ်ငန်းရှင်များသည် လမ်းမကြီးဘေးရှိ မြေယာများကို အဓိက ဝယ်ယူနေပြီး သိန္နီမြို့တွင်းတွင် အဆောက်အအုံများ ဆက်တိုက် ဆောက်လုပ်နေသကဲ့သို့ ပြည်ကြီးတရုတ်လူမျိုး အများအပြားလည်း ဝင်ရောက် အခြေချနေကြသည်ဟု ဒေသခံများထံမှ သိရသည်။

“မြေတွေကို လမ်းမကြီးဘေးမှာ အဓိကထား ဝယ်တာတွေ့ရတယ်။ ရင်းနှီးမြှုပ်နှံလို့ကောင်းမယ့် နေရာတွေ ဝယ်တာပေါ့။ စျေးကျတော့ မြေယာပိုင်ရှင်နဲ့ ညှိနှိုင်းပြီး ဝယ်တာ၊ မရောင်း ရောင်းအောင် ဈေးကြီးပေးပြီး ဝယ်ကြတာ။ အခုဈေးကောင်းရနေတုန်း မရောင်းရင် စီမံကိန်းတွေလုပ်ရင် အလကား သိမ်းခံရမှာမို့ ဈေးကောင်းပေးတုန်း ရောင်းလိုက်ဆိုတာမျိုး ပြောပြီးလည်း လိုက်ဝယ်နေကြတယ်။ မြို့ထဲမှာတော့ တရုတ်တွေနဲ့ တော်တော်ပြည့်လာတယ်” ဟု သိန္နီမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ဒေသခံများ၏ မြေယာများကို တရုတ်လုပ်ငန်းရှင်များက ဝယ်ယူပြီး အဆောက်အအုံအသစ်များ ဆောက်လုပ်လာသကဲ့သို့ ငှက်ပျော၊ ကြံ စိုက်ပျိုးမှုများကိုလည်း ပြုလုပ်လာကြသည်ဟု မြို့ခံများထံမှ သိရသည်။

ယခင် စစ်ကောင်စီ ထိန်းချုပ်စဉ်ကတည်းက သိန္နီမြို့ရှိ ဒေသခံများ၏ မြေယာများကို တရုတ်လုပ်ငန်းရှင်များက ဝယ်ယူခြင်းများ ရှိခဲ့ပြီး လက်ရှိ ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ချိန်တွင်မူ ပိုမို များပြားလာသည်ဟုလည်း မြို့ခံတစ်ဦးက ပြောသည်။

“အရင်ကတည်းက တရုတ်တွေက အကျင့်ပျက် စကစဝန်ထမ်းတွေနဲ့ ပေါင်းပြီး ဝယ်ကြတာ၊ အခုက အုပ်ချုပ်တာလည်း တရုတ်ဖြစ်သွားပြီဆိုတော့ ငွေအားနဲ့ ပေါက်ပြီး ပိုဝယ်လာကြတာပေါ့၊ သူတို့က ဘယ်ကရလာတဲ့ ငွေတွေလည်းမသိ ငွေမဲလား ငွေဖြူလားလည်း မသိတော့ သူတို့ငွေအားကို ဒေသခံအစစ်တွေက မယှဉ်နိုင်ဘူးလေ။ မြေယာတွေက တဖြည်းဖြည်းနဲ့ တရုတ်လက်ထဲ ရောက်ကုန်ပြီ”ဟု ၎င်းက ပြောသည်။

တရုတ်လုပ်ငန်းရှင်များက ဒေသခံများ၏ မြေယာများကို ဝယ်ယူရာတွင် လယ်မြေတစ်ဧကကို ကျပ်သိန်း ၃ ထောင်အထက် ပေးဝယ်နေကြသည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

“တရုတ်တွေက ငွေနဲ့ပေါက်ပြီး ဝယ်နေတယ်ရှင့်။ အခုမရောင်းလည်း အဖွဲ့အစည်း စီမံကိန်းလာရင် အလကား ဖယ်ပေးရမှာပဲလို့ သတင်း လွှင့်ပြီးတော့လည်း ဝယ်ကြတော့ တော်တော်များများက ရောင်းနေကြရတယ်။ တဖြည်းဖြည်းနဲ့ ရောင်းကုန်ကြတော့ ကျန်တဲ့သူတွေကလည်း မရောင်းရင် အလကား သိမ်းခံရမှာစိုးလို့ မရောင်းချင်လည်းရောင်း ရောင်းချင်လည်းရောင်း ဖြစ်နေတယ်ရှင့်”ဟု လယ်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ကိုးကန့်တပ်ဖွဲ့က တရုတ်လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး မြို့သစ်စီမံကိန်း လုပ်မည်ဟု သတင်း ထွက်ပေါ်နေသဖြင့် မြေများကို မရောင်းပေးပါက မြို့သစ်စီမံကိန်း စတင်သည့်အခါ မြေသိမ်းခံရမည်ကို စိုးရိမ်သဖြင့် ရောင်းချကြရသည်များလည်း ရှိကြောင်း သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

“ဒီတိုင်ယက်ရွာဖက်မှာဆို မြို့သစ်စီမံကိန်း လုပ်မယ်ဆိုပြီး မြေတွေ လိုက်ဝယ်၊ လိုက်တိုင်းနေတာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ပြင် သိန္နီမြို့ထဲတွင် ကိုးကန့်တပ်ဖွဲ့၏ အမိန့်အရ ဆိုင်များ၏ ဆိုင်းဘုတ်များကို တရုတ်စာများကိုသာ အဓိက အသုံးပြုရပြီး တရုတ်စီမံကိန်းနှင့် ဆောက်လုပ်သည့် အဆောက်အအုံအသစ်များ တိုးလာသည်ဟုလည်း ဒေသခံများက ပြောသည်။

သိန္နီမြို့ကို ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်ဖွဲ့က တိုက်ခိုက်သိမ်းယူခဲ့ဖြစ်ပြီး သိန္နီမြို့ကို “မူပန်” မြို့ဟုလည်း ပြောင်းလဲထားသည်။

#MeKongNews
#သိန္နီ
#ပြည်မတရုတ်
#ဒေသခံများ
#မြေယာ
#ဝယ်ယူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now