နေ့စဥ်သတင်း

တအာင်းကျေးရွာ ဆိုင်းဘုတ်များတွင် တရုတ်စာများ MNDAA ထည့်သွင်း

မဲခေါင် 18 Apr - 2026
မဲခေါင်၊ ဧပြီ ၁၈ ကိုးကန့်တပ်ဖွဲ – MNDAA က ဟန်တရုတ်လူမျိုးများကို ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးတွင် အများဆုံး ထည့်သွင်း အသုံးပြုနေသလို ဒေသခံတိုင်းရင်းသားအဖြစ် ပုံဖော်ကာ သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် လက်ရှိတွင် တအာင်းကျေးရွာဆိုင်းဘုတ်များကို တရုတ်စာဖြင့်ပါ အစားထိုး ရေးသားခြင်းများ ပြုလုပ်လာကြောင်း ​ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာအုပ်စုနှင့် ဟိုနောင်ကျေးရွာ အုပ်စုရှိ တအာင်းတိုင်းရင်းသားကျေးရွာများ၏ ဆိုင်းဘုတ်များကို MNDAA က ဖျက်ဆီးပြီး တရုတ်စာဖြင့် အစားထိုးပြောင်းလဲ ရေးသားနေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ “ကာလိုင်အုပ်စုထဲက ပန်ဆေးကျေးရွာနဲ့ ဟိုနောင်အုပ်စုက ဟိုဆောင်ရွာ ပန်လော့ရွာဆို တအာင်းစာတွေ တအာင်းအလံတွေကို အကုန်ဖျက်ပြီး

မဲခေါင်၊ ဧပြီ ၁၈

ကိုးကန့်တပ်ဖွဲ – MNDAA က ဟန်တရုတ်လူမျိုးများကို ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးတွင် အများဆုံး ထည့်သွင်း အသုံးပြုနေသလို ဒေသခံတိုင်းရင်းသားအဖြစ် ပုံဖော်ကာ သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် လက်ရှိတွင် တအာင်းကျေးရွာဆိုင်းဘုတ်များကို တရုတ်စာဖြင့်ပါ အစားထိုး ရေးသားခြင်းများ ပြုလုပ်လာကြောင်း ​ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာအုပ်စုနှင့် ဟိုနောင်ကျေးရွာ အုပ်စုရှိ တအာင်းတိုင်းရင်းသားကျေးရွာများ၏ ဆိုင်းဘုတ်များကို MNDAA က ဖျက်ဆီးပြီး တရုတ်စာဖြင့် အစားထိုးပြောင်းလဲ ရေးသားနေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

“ကာလိုင်အုပ်စုထဲက ပန်ဆေးကျေးရွာနဲ့ ဟိုနောင်အုပ်စုက ဟိုဆောင်ရွာ ပန်လော့ရွာဆို တအာင်းစာတွေ တအာင်းအလံတွေကို အကုန်ဖျက်ပြီး ကိုးကန့်တွေက တရုတ်စာနဲ့ ရေးလိုက်ပြီ။ ကျန်တဲ့ ကျေးရွာတွေကို သူတို့အကုန်လုံး လိုက်ဖျက်ဆီးနေတယ်။ တရုတ်စာတွေနဲ့ လိုက်ရေးနေတယ်”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

MNDAA ၏ ယခုလုပ်ရပ်သည် ဒေသခံ တအာင်းတိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှုကို တိုင်းရင်းသား မဟုတ်သည့် တရုတ်ယဉ်ကျေးမှုဖြင့် လွှမ်းမိုးဖျက်ဆီးသည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းမြောက်အရေး ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

“တအာင်းက မွန်ခမာနွယ်ဝင်ပါ။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားပါ၊ တရုတ်လူမျိုး မဟုတ်ပါဘူး။ အခုက လူမျိုးတစ်မျိုးရဲ့ အသက် သွေးကြောဖြစ်တဲ့ စာပေ၊ ယဉ်ကျေးမှုကို ဖျက်ဆီးပြီး တရုတ်စာပေယဉ်ကျေးမှုနဲ့ အစားထိုးတယ်ဆိုတာက ကွတ်ခိုင်နယ်မှာ တအာင်းလူမျိုး ပပျောက်ရေး ကိုးကန့်တရုတ်က လုပ်နေတယ်လို့ မြင်ပါတယ်”ဟု ၎င်းက သုံးသပ်သည်။

MNDAA သည် ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးတွင်လည်း တရုတ်ရပ်ကွက်၊ တရုတ်ကျေးရွာ မဟုတ်သည့် နေရာများကို တရုတ်အုပ်ချုပ်ရေးမှူးများကို ခန့်အပ်ခဲ့သည့်အပြင် ဟန်တရုတ်လူမျိုး၊ ရှမ်း၊ ကချင်၊ တအာင်းတို့သည် ကွတ်ခိုင်မြို့နယ်တွင် အတူနေထိုင်သည့် ဒေသခံတိုင်းရင်းသားများဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ကွတ်ခိုင်မြို့နယ်ကို MNDAA က TNLA ထံမှ တိုက်ခိုက် သိမ်းယူပြီးသည့်နောက် တအာင်းစာပေများ တအာင်းအလံများစသည့် တအာင်းလူမျိုးနှင့် ပတ်သက်သည့် ယဉ်ကျေးမှုများကို ဖျက်ဆီးကာ တရုတ်ယဉ်ကျေးမှုနှင့် အစားထိုးရန် လုပ်ဆောင်လျှက်ရှိသည်ဟုလည်း ရှမ်းမြောက်အရေးကျွမ်းကျင်သူ သတင်းရင်းမြစ်က ပြောသည်။

“တရုတ်ဇာတ် သွင်းတယ်လို့ ပြောရမှာပေါ့။ အခုလည်း တအာင်းနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုတွေကို ပိတ်ပင်ပြီး တရုတ်စာတွေကို မသင်မနေရ စလုပ်နေပြီလေ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၄ ရက်တွင်လည်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ မန်ဘတ်၊ မန်နောင်၊ မန်တုံ၊ မန်ထန်၊ ဟွေခုတ်၊ ဟိုကျန့်၊ တုံဆင်လေး၊ တုံဆင်ကြီး၊ ဟိုနောင်၊ နမ့်လတ်၊ ကုန်ချမ်း၊ လွယ်ကန်၊ လုံကိန်၊ မန်မောဝ်၊ ပန်ကူ၊ နောင်ခွန် စသည့်ကျေးရွာများ၏ ရွာအဝင်ဆိုင်းဘုတ်များတွင် ရေးထားသည့် တအာင်းစာများကို MNDAA တပ်သားများကိုယ်တိုင် လာရောက် ဖျက်ဆီးသွားသည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယင်းမတိုင်မီ ပြီးခဲ့သည့် မတ် ၂၂ ရက်နှင့် ၂၃ ရက်တွင် MNDAA က ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ လူထုတွေ့ဆုံပွဲ ပြုလုပ်ကာ မည်သည့် ခွဲခြားမှုကိုမှ ပြုလုပ်မည် မဟုတ်ဘဲ တိုင်းရင်း သားစာပေများကို လွတ်လပ်စွာ သင်ကြားနိုင်သည်ဟု အာမခံကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ သတင်းထုတ်ပြန်ခဲ့သော်လည်း မြေပြင်တွင်မူ ဆက်တိုက်ဆိုသကဲ့သို့ တအာင်းစာပေနှင့် ယဉ်ကျေးမှု အမှတ် အသားများကို ဆက်လက်ဖျက်ဆီးနေဆဲဖြစ်သည်။

ယခင်တွင် ကွတ်ခိုင်မြိုနယ်အတွင်းရှိ ကျေးရွာဆိုင်းဘုတ်များကို သက်ဆိုင်ရာ လူမျိုးစုများက ၎င်းတို့၏ ရှမ်းစာ၊ ကချင်စာ၊ တအာင်းစာ၊ မြန်မာစာများဖြင့် ရေးသားခဲ့ခြင်းများ ရှိခဲ့ပြီး ယခု ကိုးကန့်တရုတ်များက မြန်မာပြည်ရှိ တိုင်းရင်းသားဘာသာ မဟုတ်သည့် တရုတ်စာများ အတင်းအကျပ် သုံးစွဲစေခြင်းမှာ တရုတ်ကိုလိုနီ ပြုခံရခြင်းဟု နိုင်ငံရေးလေ့လာသူများက ဝေဖန်နေကြသည်။

#MeKongNews
#ဟန်တရုတ်
#ဒေသခံတိုင်းရင်းသား
#MNDAA
#တရုတ်စာ
#အစားထိုး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now