နေ့စဥ်သတင်း

အောင်ပန်း “Happy City” ဂိမ်းဆိုင်အမှုတွင် တရားသူကြီးက လာဘ်ငွေယူ၍ ပြန်လွှတ်ပေးမှုအပေါ် လူထုဝေဖန်

မဲခေါင် 6 Apr - 2026
မဲခေါင်၊ ဧပြီ ၆ အောင်ပန်းမြို့ရှိ “Happy City” ဂိမ်းဆိုင်ဖမ်းဆီးမှုတွင် ဖမ်းဆီးခံရသူများကို မြို့နယ်တရားသူကြီး ဒေါ်ယဉ်ငြိမ်းနုက လာဘ်ငွေသိန်းထောင်ချီ ရယူကာ ချုပ်ရက်တစ်လဖြင့် ပြန်လွှတ်ပေးခဲ့သဖြင့် ဒေသခံပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်နေသည်။ ပြီးခဲ့သည့်နှစ်အတွင်းက အောင်ပန်းမြို့၊ ကွက်သစ်ရပ်ကွက်တွင် ကလေးကစားကွင်းအကြောင်းပြ၍ ဖွင့်လှစ်ထားသော ယင်းဂိမ်းဆိုင်ကို ဝင်ရောက်ဖမ်းဆီးရာ၌ ဒိုင်ချုပ် ဦးထွန်းစိန် (ခ) အားချင်နှင့် အလျော်အစားဒိုင် အမျိုးသမီး ၂ ဦး အပါအဝင် ထိုးသား ၈ ဦး၊ စုစုပေါင်း ၁၁ ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “သူတို့နဲ့ မရှေးမနှောင်းမှာပဲ မြို့ဟောင်းက အသုဘအိမ်မှာ ဖဲကူရိုက်တဲ့ အိမ်ရှင် ကိုမြင့်ရွှေကိုကျတော့ ထောင်

မဲခေါင်၊ ဧပြီ ၆

အောင်ပန်းမြို့ရှိ “Happy City” ဂိမ်းဆိုင်ဖမ်းဆီးမှုတွင် ဖမ်းဆီးခံရသူများကို မြို့နယ်တရားသူကြီး ဒေါ်ယဉ်ငြိမ်းနုက လာဘ်ငွေသိန်းထောင်ချီ ရယူကာ ချုပ်ရက်တစ်လဖြင့် ပြန်လွှတ်ပေးခဲ့သဖြင့် ဒေသခံပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်နေသည်။

ပြီးခဲ့သည့်နှစ်အတွင်းက အောင်ပန်းမြို့၊ ကွက်သစ်ရပ်ကွက်တွင် ကလေးကစားကွင်းအကြောင်းပြ၍ ဖွင့်လှစ်ထားသော ယင်းဂိမ်းဆိုင်ကို ဝင်ရောက်ဖမ်းဆီးရာ၌ ဒိုင်ချုပ် ဦးထွန်းစိန် (ခ) အားချင်နှင့် အလျော်အစားဒိုင် အမျိုးသမီး ၂ ဦး အပါအဝင် ထိုးသား ၈ ဦး၊ စုစုပေါင်း ၁၁ ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သူတို့နဲ့ မရှေးမနှောင်းမှာပဲ မြို့ဟောင်းက အသုဘအိမ်မှာ ဖဲကူရိုက်တဲ့ အိမ်ရှင် ကိုမြင့်ရွှေကိုကျတော့ ထောင် တစ်နှစ်ချတယ်၊ ထိုးသားတွေကို ၆ လ ချတယ်။ အခု Happy City အမှုကျတော့ ဒိုင်ရော ထိုးသားရောကို ချုပ်ရက် တစ်လနဲ့ ဖြတ်ပြီး လွှတ်ပေးလိုက်တော့ ဥပဒေဆိုတာ ငွေပေးရင်တစ်မျိုး၊ မပေးရင်တစ်မျိုးလားလို့ အဲဒီတရားသူကြီးကို မေးချင်တယ်” ဟု အောင်ပန်းမြို့ဟောင်းရပ်ကွက်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

အဆိုပါအမှုတွင် ထိုးသား ၈ ဦးအနက် တစ်ဦးမှာ အာမခံကာလအတွင်း သေဆုံးသွားခဲ့ပြီး ကျန်ရှိသည့် ထိုးသား ၇ ဦးမှာ တစ်ဦးလျှင် ကျပ်သိန်း ၅၀ မှ ၇၀ အကြားနှင့် ဒိုင်များက ကျပ်သိန်း ၁,၀၀၀ ကျော်ကို တရားသူကြီးထံ ပေးခဲ့ကြကြောင်း အမှုနှင့်နီးစပ်သူများထံမှ သိရသည်။

ထို့ကြောင့် အာမခံကို ပြန်လည်ရုပ်သိမ်းကာ ရဲအချုပ်တွင် တစ်လထားရှိပြီးနောက်၊ ယင်းချုပ်ရက်ကို ထောင်ဒဏ် တစ်လအဖြစ် သတ်မှတ်ကာ ပြီးခဲ့သည့် မတ်လအတွင်းက ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဒေသခံများကမူ တရားသူကြီးအနေဖြင့် ဥပဒေကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့သည့်လုပ်ရပ်ကို ဖော်ထုတ်ရန်နှင့် တည်ဆဲဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုမျိုးကိုသာ လိုလားကြောင်း ပြောဆိုကြသည်။

ထူးခြားချက်အနေဖြင့် စစ်ကောင်စီသည် တရားခွင်အတွင်း တရားသူကြီးများ မှန်မှန်ကန်ကန် ဆောင်ရွက်မည်ဟု ကျမ်းသစ္စာကျိန်ဆိုရသည့် ၁၅၃ နှစ်သက်တမ်းရှိ ထုံးတမ်းစဉ်လာကို ပြီးခဲ့သည့် မတ်လ ၁၉ ရက်တွင် ပယ်ဖျက်ခဲ့သည်။

“တရားခွင်မှာ တရားသူကြီးတွေ ကျမ်းမကျိန်ရတော့ဘူးဆိုရင် အမိန့်ချတဲ့နေရာတွေမှာ အဂတိတွေ ပိုများလာပြီး တရားသူကြီးတွေဟာ အရင်ကထက် ပိုပြီး လာဘ်စားကြတော့မှာပဲ” ဟု ဥပဒေကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

#MeKongNews
#အောင်ပန်းမြို့
#တရားသူကြီး
#လောင်းကစားမှု
#ဂိမ်းဆိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now