နေ့စဥ်သတင်း

လားရှိုးတွင် စစ်မှုထမ်းကောက်နေပြီး စစ်ကောင်စီ စစ်ရေး ပြင်ဆင်နေ

မဲခေါင် 9 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၉ စစ်ကောင်စီက ပြန်လည် ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြည်သူ့စစ်မှုထမ်းများ စတင် စုဆောင်းနေသည့်အပြင် စစ်ရေး ပြင်ဆင်မှုများလည်း ပြုလုပ်နေသဖြင့် သတိပြုကြရန် ပြည်သူအချင်းချင်း သတိပေးမှုများ ရှိနေကြောင်း မြို့ခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်က မြို့ပေါ်ရပ်ကွက် ၁၂ ခုမှ တာဝန်ရှိသူများကို ခေါ်ယူ၍ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အစည်းအဝေး ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးတွင် တစ်ရပ်ကွက်လျှင် သင်တန်းတစ်ပတ်စဉ်အတွက် လူ ၂ ဦးစီ စုဆောင်းပေးရန်နှင့် စစ်မှုထမ်းမည့် သူများအတွက် ထောက်ပံ့ငွေများ ထည့်ဝင်ကြရန် စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းက ညွှန်ကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ငွေကောက်တာက ရပ်ကွက်တိုင်းတော့

မဲခေါင်၊ ဖေဖော်ဝါရီ ၉

စစ်ကောင်စီက ပြန်လည် ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြည်သူ့စစ်မှုထမ်းများ စတင် စုဆောင်းနေသည့်အပြင် စစ်ရေး ပြင်ဆင်မှုများလည်း ပြုလုပ်နေသဖြင့် သတိပြုကြရန် ပြည်သူအချင်းချင်း သတိပေးမှုများ ရှိနေကြောင်း မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်က မြို့ပေါ်ရပ်ကွက် ၁၂ ခုမှ တာဝန်ရှိသူများကို ခေါ်ယူ၍ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အစည်းအဝေး ပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးတွင် တစ်ရပ်ကွက်လျှင် သင်တန်းတစ်ပတ်စဉ်အတွက် လူ ၂ ဦးစီ စုဆောင်းပေးရန်နှင့် စစ်မှုထမ်းမည့် သူများအတွက် ထောက်ပံ့ငွေများ ထည့်ဝင်ကြရန် စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းက ညွှန်ကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ငွေကောက်တာက ရပ်ကွက်တိုင်းတော့ မတူဘူး၊ တစ်သောင်းကနေ ၅ သောင်းအထိ လစဥ်ရှိတယ်။ လူမရရင် ဝယ်ထည့်ရမယ် ပြောတယ်၊ စာရင်းပါသူကတော့ ပိုထည့်ရမယ်”ဟု ရပ်ကွက်(၉) နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

လက်ရှိတွင် စစ်မှုထမ်းခေါ်ယူရန် စစ်ကောင်စီက အသည်းအသန် ကြိုးပမ်းနေသည့်အပြင် အခြားသော စစ်ရေး ပြင်ဆင်မှုများလည်း ရှိနေသဖြင့် ဒေသခံပြည်သူများ အထူးသတိပြုရန် စစ်ရေးလေ့လာသူတစ်ဦးက သတိပေးထားသည်။

လက်ရှိမှာ တပ်စခန်း ပတ်ပတ်လည်ကို ကတုတ်ကျင်းတွေ သေချာတူးနေပြီး လက်နက်ကြီးတွေလည်း သေချာ ဆင်ထားပါတယ်။ ဌာနဆိုင်ရာရုံးတွေကို အကြီးစား ပြင်ဆင်မှုတွေ လုံးဝပြုလုပ်ခြင်း မရှိတာ၊ ဝန်ထမ်းတွေကိုလဲ သတိဝီရိယနဲ့နေဖို့ မှာကြားတာတွေ ရှိနေပါတယ်။ ညဖက်မှာ ဒရုန်းတွေနဲ့ တစ်မြို့လုံးကို စောင့်ကြည့်တာမျိုး၊ စစ်ရေးဆိုင်ရာ အားနည်းချက်တွေကို ပြင်ဆင်တဲ့နေရာမှာ ငွေအင်အား အဆမတန် သုံးစွဲတာမျိုးတွေ ရှိနေပါတယ်၊ ကျန်တဲ့အချက်တွေလဲ အများကြီး ရှိပါသေးတယ်။ ပြည်သူတွေအနေနဲ့ မပေါ့ဆကြဖို့ သတိပေးချင်တာပါ၊ အရေးအကြောင်းဆို ထွက်ပေါက်ပိတ်ပြီး ဒုက္ခရောက်မှာက ပြည်သူတွေ ဖြစ်နေလို့ပါ”ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းကလည်း လားရှိုးမြို့၊ ရပ်ကွက် (၄) အတွင်းသို့ ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီနှင့် MNDAA တို့အကြား နယ်မြေ ပြန်လည်ပေးအပ်ရေးနှင့် နယ်စပ် ကုန်စည်စီးဆင်းမှု ကိစ္စရပ်များ ညှိနှိုင်းရာတွင် အဆင်မပြေမှုများ ရှိနေသည်။

ထို့ကြောင့် အချို့ နယ်မြေများမှ ဆုတ်ခွာသွားသည့် MNDAA တပ်ဖွဲ့ဝင်များမှာ ယခုအခါ နယ်မြေများတွင် ပြန်လည် တပ်စွဲလျက်ရှိကြောင်း သိရသည်။

#MeKongNews
#လားရှိုး
#စစ်မှုထမ်းကောက်
#စစ်ကောင်စီ
#စစ်ရေး
#ပြင်ဆင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now