မဲခေါင်၊ ဖေဖော်ဝါရီ ၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ရတ်ချာရိုသင်အရပ်၌ ဖေဖော်ဝါရီ ၄ ရက်ည သန်းခေါင်ကျော်ချိန်တွင် တက္ကသိုလ်ကျောင်းသူတစ်ဦး ဘားမှအပြန် တက္ကဆီပေါ် အိပ်ပျော်သွားပြီးနောက် တက္ကဆီသမားက ဟိုတယ်သို့ ကားမောင်းသွားပြီး မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့သည်။
ယင်းတက္ကသိုလ်ကျောင်းသူသည် ဘားမှအပြန် အိပ်ပျော်သွားခဲ့ခြင်းဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ၃ နာရီရောက်မှ နိုးလာချိန်၌ ကလောင်တန်အရပ် ဟိုတယ်ခန်းတစ်ခုထဲ အဝတ်ဗလာဖြင့် နိုးလာသဖြင့် အထိတ်တလန့်ဖြစ်ကာ သွားရောက် ဆေးစစ်ပြီးနောက် မုဒိမ်းကျင့်ခံရသည်ကို သိရှိခဲ့သည်။
ထို့ကြောင့် ကလောင်တန်ရဲစခန်းသို့ အမှုဖွင့်တိုင် ကြားပြီးနောက် ၅၁ နှစ်အရွယ် တက္ကဆီသမားကို ဖမ်းဆီးခဲ့ပြီး မုဒိမ်းကျင့်ကြောင်း ဝန်ခံသဖြင့် ဥပဒေအတိုင်း အရေးယူရန် ဆက်လက် လုပ်ဆောင်နေသည်။
ကိုကလင်း
Ref: Khaosod
#MeKongnews
#ထိုင်း
#အိပ်ပျော်
#တက္ကသိုလ်ကျောင်းသူ
#တက္ကဆီသမား
#မုဒိမ်းကျင့်








