နေ့စဥ်သတင်း

တောင်ကြီး အောင်မြေသစ် ကိုယ်ပိုင်ကျောင်းတွင် ကျောင်းအုပ်၏သားဖြစ်သူ ကျောင်းဆရာက ကျောင်းသူအား အဓမ္မကျင့်

မဲခေါင် 19 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၉ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အောင်မြေသစ် ကိုယ်ပိုင်ကျောင်း ဆရာတစ်ဦးမှ ကျောင်းသူတစ်ဦးအား ခြိမ်းခြောက်၊ ရိုက်နှက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလ ၁၅ ရက်၊ နေ့လည် ၁ နာရီခန့် ကအဆိုပါ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်း ကျောင်းတွင် ကျောင်းတက်နေသည့် Grade 12 ကျောင်းသူတစ်ဦးသည် ခေါင်းကိုက်သဖြင့် ဆရာမထံခွင့်တောင်းပြီး အဆောင်၌ ပြန်နားနေစဉ် ကျောင်းအုပ်၏သားလည်းဖြစ်၊ ဆရာအဖြစ်လည်းလုပ်ကိုင်သူ ဇာနည်သွေးက “အရင်ကရည်းစားရှိဖူးလား” ဟုမေးမြန်းကာ ခြိမ်းခြောက်ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို သိသူများက ပြောပြသည်။ “ပုံမှန်ဆို ဖျားရင် ကျောင်းကနေ အဆောင်ကို ဆရာမတွေပို့နေကြပါ။ အဲ့နေ့က ဖြစ်ချင်တော့ဆရာမတွေ မအားနေတုန်း

မဲခေါင်၊ ဇန်နဝါရီ ၁၉

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အောင်မြေသစ် ကိုယ်ပိုင်ကျောင်း ဆရာတစ်ဦးမှ ကျောင်းသူတစ်ဦးအား ခြိမ်းခြောက်၊ ရိုက်နှက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၅ ရက်၊ နေ့လည် ၁ နာရီခန့် ကအဆိုပါ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်း ကျောင်းတွင် ကျောင်းတက်နေသည့် Grade 12 ကျောင်းသူတစ်ဦးသည် ခေါင်းကိုက်သဖြင့် ဆရာမထံခွင့်တောင်းပြီး အဆောင်၌ ပြန်နားနေစဉ် ကျောင်းအုပ်၏သားလည်းဖြစ်၊ ဆရာအဖြစ်လည်းလုပ်ကိုင်သူ ဇာနည်သွေးက “အရင်ကရည်းစားရှိဖူးလား” ဟုမေးမြန်းကာ ခြိမ်းခြောက်ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို သိသူများက ပြောပြသည်။

“ပုံမှန်ဆို ဖျားရင် ကျောင်းကနေ အဆောင်ကို ဆရာမတွေပို့နေကြပါ။ အဲ့နေ့က ဖြစ်ချင်တော့ဆရာမတွေ မအားနေတုန်း ကျောင်းအုပ်သား(ကျူးလွန်သူ)က သွားပို့လိုက်တာပါ။ အဲ့နေ့က အဆောင်နေသူ ကလေးမ၂ဦး ဖျားကြပါတယ်၊၏။ အဆောင်က ၄ ထပ်ဆိုတော့ အပေါ်ထပ်မှာ တစ်ယောက် အောက်ဆုံးထပ်မှာ တစ်ယောက်ပါ။ အောက်ဆုံးထပ်မှာနေတဲ့ ကလေးမကို သူကျူးလွန်ခဲ့တာပါ” ဟု သစ်တောရပ်ကွက်နေ ဖြစ်စဉ်သိသူတစ်ဦးက ပြောပြသည်။

ကျူးလွန်သူ ဆရာ၏ မိခင်ဖြစ်သူ ကျောင်းအုပ် ဒေါ်အေးမြနွယ်က နစ်နာသူကျောင်းသူအား ယခုကိစ္စအား နှုတ်ပိတ်ထားပေးရန်နှင့် ကျောင်းသူတောင်းဆိုသမျှ အကုန်လုပ်ပေးမည်ဖြစ်ကြောင်း ညှိနှိုင်းခဲ့ကြောင်း သိရသည်။

“ဆရာမကြီးက အဲ့ကလေးမကို ရုံးခန်းခေါ်ပြီး အဲ့ကိစ္စ နှုတ်ပိတ်ပေးဖို့ တောင်းဆိုခဲ့တယ်တဲ့။ အဲ့ကလေးမ ဘာဖြစ်ချင်လဲ အကုန်လုပ်ပေးမယ်ပေါ့။ ကလေးမက ကြောက်နေတော့ ဉာဏ်သုံးပြီးဖုန်းတောင်းခဲ့တယ်။ အဲ့ညပဲ ကလေးမက သူ့မိဘကို လှမ်းအကြောင်းကြား၊​ မိဘရောက်လာမှ အဆောင်ဆရာမတွေအကုန် သိခဲ့ရတာတဲ့” ဟု အောင်မြေသစ် ကိုယ်ပိုင်ကျောင်းမှ ကျောင်းသားမိဘတစ်ဦးက ပြောပြသည်။

မုဒိန်းမှု ကျူးလွန်သူ ဇာနည်သွေးကို ယမန်နေ့ ဇန်နဝါရီလ၁၈ ရက်နေ့လယ်ပိုင်းတွင် သစ်တောရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းပေါ်ရှိ တောင်ကြီးဟိုတယ် အနီးတွင် ဖမ်းဆီးရမိခဲ့ပြီ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အောင်မြေသစ်ကိုယ်ပိုင်ကျောင်းသည် အဆောင်နေကျောင်းသားများကို တနင်္ဂနွေနေ့တိုင်း သိမ်းထားသောဖုန်းများ ပြန်ထုတ်ပေးပြီး အသုံးပြုခွင့်ပေးသော်လည်း ယမန်နေ့က သတင်းပေါက်ကြားမည်ဆိုးပြီး ဖုန်းလုံးဝထုတ်မပေးရာ ကျောင်းသူများက ငိုယိုတောင်းမှသာ ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“စနေနေ့က တနေကုန် အဆောင်ပိတ်လှောင်ထားတာ၊ ကျောင်းအုပ်လည်းမရှိတော့ဘူး။ တနင်္ဂနွေညမှ ကလေးတွေငိုယို ဖုန်းတောင်းကြမှ အိမ်နဲ့ဆက်သွယ်ရပြီး ဆရာမတွေက အိမ်ပြန်နေချင်သူ ပြန်လို့ရတယ်ပြောလို့ မြို့ပေါ်နေသူတွေက ကိုယ့်သားသမီးကိုယ် ညတွင်းချင်းသွားပြန် ခေါ်ခဲ့ကြတာ။ နယ်ကလာနေတဲ့သူလောက်ပဲကျန်တော့မယ်။ သူတို့လည်း ပြန်ကြမှာပဲ။ မနေရဲတော့ဘူးလေ” ဟု ကျောင်းသားမိဘ တစ်ဦးကဆိုသည်။

ကျူးလွန်ခံရသူ အမျိုးသမီးငယ်မှာ မျက်နှာတွင် ရိုက်နှက်ခံထားရသည့် ညိုမဲဒဏ်ရာများအပြင်၊ ကိုယ်တွင်းအင်္ဂါထိခိုက်သည့် ဒဏ်ရာပါရရှိထားသောကြောင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

ကျူးလွန်သူ ဆရာဇာနည်သွေးသည် ၂၀၂၅ ခုနှစ် ဇွန်လကမှ ဘန်ကောက်တွင်ကျောင်းတက်နေရာမှ ပြန်လာပြီး မိဘပိုင် အောင်မြေသစ်ကိုယ်ပိုင်ကျောင်းတွင် ဆရာအဖြစ်ပြန်လုပ်ကိုင်နေခြင်းဖြစ်ကြောင်းသိရသည်။ လာမည့် ဖေဖော်ဝါရီလတွင် ၎င်းချစ်သူနှင့် မင်္ဂလာဆောင်တော့မည် ဖြစ်ကြောင်းလည်းသိရသည်။

ယင်းကိုယ်ပိုင်ကျောင်းတွင် သင်ကြားရေး ဆရာ၊ဆရာမ ၂၆ ဦး၊ စီမံဝန်ထမ်း ၉ ဦး ရှိပြီး လက်ရှိအဆောင်၌ ကျောင်းတက်ရောက်နေသူ ကျောင်းသား ၁၇၈ ဦး၊ ကျောင်းသူ ၂၄၆ ဦး၊ စုစုပေါင်း ၄၂၄ ဦးရှိကာ ညအိပ်ညနေ တက် ရောက်သူ ကျောင်းသား ၁၀၁ ဦး၊ ကျောင်းသူ ၁၀၆ ဦး၊ စုစုပေါင်း ကျောင်းသား/သူ ၂၀၇ ဦး ရှိကြောင်း သိရသည်။

#MeKongNews
#တောင်ကြီး
#အောင်မြေသစ်
#အဓမ္မမှု
#ကျောင်းဆရာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now