နေ့စဥ်သတင်း

ဟဲဟိုးလေဆိပ်တွင် တိုင်းရင်းသား ခရီးသွားများထံမှ နည်းမျိုးစုံ ငွေညှစ်တောင်းခံနေ

မဲခေါင် 14 Jan - 2026
မဲခေါင်၊ ဇန်နဝါရီလ ၁၄ ဟဲဟိုးလေဆိပ်မှတဆင့် ဝင်ထွက်သွားလာနေသည့် ခရီးသွားများထံမှ တာဝန်ကျ လုံခြုံရေးဝန်ထမ်းများက နည်းမျိုးစုံဖြင့် ငွေညှစ်တောင်းခံနေကြောင်း ကိုယ်တိုင်ကြုံတွေလာရသည့် ခရီးသွားများက မဲခေါင်သို့ ပြောသည်။ လေဆိပ်တာဝန်ကျ လုံခြုံရေးကော်မတီမှ ဝန်ထမ်းများက ရဲစခန်း ထောက်ခံစာမပါခြင်း၊ မှတ်ပုံတင်၊ စမတ်ကတ်များနှင့် ပတ်သက်ပြီး အကြောင်းရှာခြင်းတို့ဖြင့် ငွေညှစ်တောင်းခံနေခြင်းဖြစ်ကြောင်း ဇန်နဝါရီလပထမပတ်အတွင်း ဟဲဟိုးလေဆိပ်တွင် ငွေညှစ်တောင်းခံမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ “တိုင်းရင်းသားတွေ ခရီးသွားလာရတာ တကယ်ငွေညစ်ခံရတယ်ဗျာ။ ရဲစခန်းထောက်ခံစာမပါလို့တဲ့ တစ်သိန်းတောင်းတာ၊ မပေးနိုင်ရင် မသွားနဲ့တဲ့။ ဟဲဟိုးလေဆိပ် တောင်ကြီးကနေ ရန်ကုန် လေယာဉ်အတက် လေဆိပ်မှာတောင်းတာ။ တိုင်းရင်းသားတွေကိုဆို ပိုပြီး ဖြဲခြောက်တယ်။ ငွေညှစ်တယ်” ဟု ၎င်းက ပြောသည်။ ယင်းအပြင် အကြောင်းအမျိုးမျိုးပြကာ

မဲခေါင်၊ ဇန်နဝါရီလ ၁၄

ဟဲဟိုးလေဆိပ်မှတဆင့် ဝင်ထွက်သွားလာနေသည့် ခရီးသွားများထံမှ တာဝန်ကျ လုံခြုံရေးဝန်ထမ်းများက နည်းမျိုးစုံဖြင့် ငွေညှစ်တောင်းခံနေကြောင်း ကိုယ်တိုင်ကြုံတွေလာရသည့် ခရီးသွားများက မဲခေါင်သို့ ပြောသည်။

လေဆိပ်တာဝန်ကျ လုံခြုံရေးကော်မတီမှ ဝန်ထမ်းများက ရဲစခန်း ထောက်ခံစာမပါခြင်း၊ မှတ်ပုံတင်၊ စမတ်ကတ်များနှင့် ပတ်သက်ပြီး အကြောင်းရှာခြင်းတို့ဖြင့် ငွေညှစ်တောင်းခံနေခြင်းဖြစ်ကြောင်း ဇန်နဝါရီလပထမပတ်အတွင်း ဟဲဟိုးလေဆိပ်တွင် ငွေညှစ်တောင်းခံမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

“တိုင်းရင်းသားတွေ ခရီးသွားလာရတာ တကယ်ငွေညစ်ခံရတယ်ဗျာ။ ရဲစခန်းထောက်ခံစာမပါလို့တဲ့ တစ်သိန်းတောင်းတာ၊ မပေးနိုင်ရင် မသွားနဲ့တဲ့။ ဟဲဟိုးလေဆိပ် တောင်ကြီးကနေ ရန်ကုန် လေယာဉ်အတက် လေဆိပ်မှာတောင်းတာ။ တိုင်းရင်းသားတွေကိုဆို ပိုပြီး ဖြဲခြောက်တယ်။ ငွေညှစ်တယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် အကြောင်းအမျိုးမျိုးပြကာ ကျပ်ငွေ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ တောင်းခံမှုများရှိကြောင်း၊ ဒေသခံများအကြား ဟဲဟိုးလေဆိပ် လုံခြုံရေးကော်မတီဝန်ထမ်းများ ငွေညှစ်တောင်းခံမှုမှာ နာမည်ကြီးနေကြောင်း အခြားကိုယ်တွေ့ကြုံရသည့် ခရီးသည်များကပြောသည်။

လုံခြုံရေးကော်မတီ ဝန်ထမ်းများက သာမန်ခရီးသွားပြည်သူများ၊ တိုင်းရင်းသားများထံမှ ယင်းသို့ ငွေညှစ်တောင်းခံသော်လည်း ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် ကျားဖြန့်တရုတ်များ၊ အထောက်အထားမဲ့ တရုတ်နိုင်ငံသားများကိုမှု အစစ်အဆေးမရှိ သွားလာခွင့်ပြုထားကြောင်း ဟဲဟိုးလေဆိပ်နှင့် နီးစပ်သူများထံမှ သိရသည်။

“တရုတ်တွေကျတော့ သူ့ကြေးနဲ့ သူ လိုင်းဝင်ထားပြီးသားဆိုတော့ ဘာမှ အစစ်အဆေးမရှိဘူး။ ဘာအထောက်အထားမှလည်း မရှိဘူး၊ လေဆိပ်ကနေ သွားလာနေကြတာပဲ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ဟဲဟိုးလေဆိပ်သည် ရှမ်းပြည်တောင်ပိုင်း၏ အဓိက လေဆိပ်ဖြစ်ပြီး ခရီးသည်သွားလာမှု များပြားသည့် လေဆိပ်လည်းဖြစ်သည်။

#MeKongNews
#ဟဲဟိုးလေဆိပ်
#လဝက
#ရဲစခန်းထောက်ခံစာ
#ရှမ်းတောင်
#မှတ်ပုံတင်

မှတ်ချက် – ပုံဟောင်း အသုံးပြုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now