နေ့စဥ်သတင်း

ပင်လောင်း တွင် PNO က ဘိန်းခွန် ကျပ် ၄ သိန်း ထပ်ကောက်

မဲခေါင် 31 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၃၁ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် – PNO က ဘိန်းခွန် တစ်အိမ် ကျပ် ၄ သိန်းထပ်မံ‌ ကောက်ခံကြောင်း ဒေ သခံ တောင်သူများထံမှ သိရသည်။ ရှမ်းပြည်တောင်ပိုင်း၊ လိန်းညာ ကျေးရွာအုပ်စုရှိ လိန်းညာရွာ၊ တောင်လေးရွာ၊ တခါးယာဉ်ရွာ၊ ထိဗိ ကျေးရွာတို့တွင် ဒီဇင်ဘာ၂၈ ရက်က ကျေးရွာအသီးသီးရှိ ရွာသူကြီးအိမ်တွင် အစည်းအဝေး ခေါ်ယူပြီး ကောက်ခံခြင်းဖြစ်ပြီး မထည့်သောသူများ၏ ဘိန်းခင်းကို ဖျက်ဆီးမည်ဟုလည်း ခြိမ်းခြောက် ပြောဆိုကြောင်း ရွာခံများက ပြောသည်။ “ကောက်တာကလည်း ငါတို့အတွက် မဟုတ်ဘူး၊ ပင်လောင်းက ရဲတွေ မူးယစ်မှုတွေ တောင်းလို့ ကောက်တာ။ သူတို့ ဒီလို

မဲခေါင်၊ ဒီဇင်ဘာ ၃၁

ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် – PNO က ဘိန်းခွန် တစ်အိမ် ကျပ် ၄ သိန်းထပ်မံ‌ ကောက်ခံကြောင်း ဒေ သခံ တောင်သူများထံမှ သိရသည်။

ရှမ်းပြည်တောင်ပိုင်း၊ လိန်းညာ ကျေးရွာအုပ်စုရှိ လိန်းညာရွာ၊ တောင်လေးရွာ၊ တခါးယာဉ်ရွာ၊ ထိဗိ ကျေးရွာတို့တွင် ဒီဇင်ဘာ၂၈ ရက်က ကျေးရွာအသီးသီးရှိ ရွာသူကြီးအိမ်တွင် အစည်းအဝေး ခေါ်ယူပြီး ကောက်ခံခြင်းဖြစ်ပြီး မထည့်သောသူများ၏ ဘိန်းခင်းကို ဖျက်ဆီးမည်ဟုလည်း ခြိမ်းခြောက် ပြောဆိုကြောင်း ရွာခံများက ပြောသည်။

“ကောက်တာကလည်း ငါတို့အတွက် မဟုတ်ဘူး၊ ပင်လောင်းက ရဲတွေ မူးယစ်မှုတွေ တောင်းလို့ ကောက်တာ။ သူတို့ ဒီလို တောင်းတာကလည်း နင်တို့ အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်နိုင်ဖို့ သူတို့က တောင်းတာ။ တကယ်လို့ မထည့်ဘူးဆိုရင် ပြည်နယ်ကရဲတွေ စစ်သားတွေ လာဖျက်တဲ့ အချိန်ကျရင် ပိုက်ဆံမထည့်တဲ့ သူရဲ့ခြံနဲ့ နေအိမ်ကိုပြမယ်ဆိုပြီး ခြိမ်းခြောက် ပြီးတော့ကို ကောက်သွားတာ”ဟု ဒေသခံ တောင်သူတစ်ဦးက ပြောသည်။

လိန်းညာကျေး ရွာအုပ်စုတွင် ပြီးခဲ့သည် ဩဂုတ်လ ဘိန်းစတင် စိုက်ပျိုးချိန်တွင် တစ်အိမ်ကျပ် ၂ သိန်းကို ပအိုဝ်း PNO က တစ်နှစ်စာဟုဆိုကာ ကောက်ခံပြီးပြီ ဖြစ်သော်လည်း ယခုတွင် ၄ သိန်း ထပ်မံ ကောက်ခံသောကြောင့် ဒေသခံ တောင်သူများ အခက်ခဲ ဖြစ်ကြရသည် ဆိုသည်။

လိန်းညာ ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် အိမ်ခြေ ၃ ထောင်ကျော်ရှိပြီး ဘိန်းစိုက်ပျိုးမှုကို အဓိက လုပ်ကိုင်ကာ ပင်လောင်း တစ်မြို့နယ်လုံး ဘိန်းအရည်အသွေးကောင်း ထွက်သော ကျေးရွာလည်း ဖြစ်ကြောင်းသိရသည်။

ယင်းကျေးရွာအုပ်စုတွင် ဘိန်းခွန်အပြင် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး လစဉ် ငွေသိန်းဂဏန်း PNO က ကောက်ခံနေ ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည် ဒီဇင်ဘာလ ပထမပတ်တွင် နှင်းကျခြင်းကြောင့် ပင်လောင်းမြို့နယ်တွင် ဘိန်းခင်းဧက ၂ ထောင်နီးပါး ပျက်စီးသေးကြောင်း တောင်သူများက ပြောသည်။

#MeKongNews
#ပင်လောင်း
#PNO
#ဘိန်းခွန်
#ထပ်ကောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now