နေ့စဥ်သတင်း

မဲခေါင်မြစ်ကမ်း မူးယစ်မှောင်ခို၊ ခနောက်စိမ်းမှောင်ခို၊ တရုတ်ပစ္စည်းမှောင်ခိုနှင့် လူကူးသည့်ကိစ္စများတွင် ဝမ်ပုံရေကြောင်းရဲ အများဆုံးပါဝင်ပတ်သက်နေ

မဲခေါင် 23 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၃ မူးယစ်မှောင်ခိုအပါအဝင် တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းရှိ တရားမဝင်လုပ်ငန်းများတွင် ဝမ်ပုံရေကြောင်းရဲတပ်ဖွဲ့က အများဆုံး လာဘ်စားကာ ပါဝင်ပတ်သက်နေကြောင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ မဲခေါင်မြစ် ဆိပ်ကမ်းဖြစ်သည့် ဝမ်ပုံဆိပ်ကမ်းအနီးတဝိုက်မှ မူးယစ်ဆေးဝါးမှောင်ခိုများ၊ ရှမ်းပြည်အရှေ့ပိုင်းထွက် ခနောက်စိမ်းအပါအဝင် သတ္တု မှောင်ခိုများ၊ တရုတ်ပစ္စည်းမှောင်ခိုများနှင့် လူမှောင်ခိုကူခြင်း ကိစ္စများတွင် ဝမ်ပုံရေကြောင်းရဲတပ်ဖွဲ့က လာဘ်ငွေအများဆုံးရယူက မသိကျိုးကျွံပြုထားခြင်း၊ ကိုယ်တိုင်ပါဝင်ပတ်သက်ခြင်းများ ရှိနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။ “ဝမ်ပုံရဲစခန်းနောက်မှာတင် လှေဆိပ်ရှိတယ်။ တရုတ်က တရားမဝင်ကုန်စည်တွေ ဆိပ်ကမ်းဆင်းတာလဲ ရေကြောင်းရဲကို အဓိက ပေးရတာပဲ။ တရုတ်ပစ္စည်းတွေက တရုတ်ကျင်းဟုန်ဆိပ်ကမ်းက ဆင်းလာတာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ယင်းသို့ လာဘ်ငွေရယူကာ မှောင်ခိုကိစ္စများ ပါဝင်ပတ်သက်ရာတွင် ယခင်တာဝန်ကျခဲ့သည့်

မဲခေါင်၊ နိုဝင်ဘာ ၂၃

မူးယစ်မှောင်ခိုအပါအဝင် တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းရှိ တရားမဝင်လုပ်ငန်းများတွင် ဝမ်ပုံရေကြောင်းရဲတပ်ဖွဲ့က အများဆုံး လာဘ်စားကာ ပါဝင်ပတ်သက်နေကြောင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။

မဲခေါင်မြစ် ဆိပ်ကမ်းဖြစ်သည့် ဝမ်ပုံဆိပ်ကမ်းအနီးတဝိုက်မှ မူးယစ်ဆေးဝါးမှောင်ခိုများ၊ ရှမ်းပြည်အရှေ့ပိုင်းထွက် ခနောက်စိမ်းအပါအဝင် သတ္တု မှောင်ခိုများ၊ တရုတ်ပစ္စည်းမှောင်ခိုများနှင့် လူမှောင်ခိုကူခြင်း ကိစ္စများတွင် ဝမ်ပုံရေကြောင်းရဲတပ်ဖွဲ့က လာဘ်ငွေအများဆုံးရယူက မသိကျိုးကျွံပြုထားခြင်း၊ ကိုယ်တိုင်ပါဝင်ပတ်သက်ခြင်းများ ရှိနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။

“ဝမ်ပုံရဲစခန်းနောက်မှာတင် လှေဆိပ်ရှိတယ်။ တရုတ်က တရားမဝင်ကုန်စည်တွေ ဆိပ်ကမ်းဆင်းတာလဲ ရေကြောင်းရဲကို အဓိက ပေးရတာပဲ။ တရုတ်ပစ္စည်းတွေက တရုတ်ကျင်းဟုန်ဆိပ်ကမ်းက ဆင်းလာတာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းသို့ လာဘ်ငွေရယူကာ မှောင်ခိုကိစ္စများ ပါဝင်ပတ်သက်ရာတွင် ယခင်တာဝန်ကျခဲ့သည့် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ)တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး မျိုးသွင်ဦးမှာ အဆိုးဆုံးဖြစ်ကြောင်း၊ ၎င်းလက်ထက်တွင် ခနောက်စိမ်းအပါအဝင် သတ္တုများ၊ မူးယစ်ဆေးဝါးများကို လာဘ်စားကာ မသိချင်ယောင်ဆောင်ခဲ့ကြောင်း ဝမ်ပုံရေကြောင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ခနောက်စိမ်းလှေတစ်စီးကို ဘတ် ၃သိန်းယူတယ်။ မူးယစ်ဆေးဆိုလည်း သူ့လက်ထက်မှာ မိတာ ဘာမှ မရှိဘူး။ အခုတော့ သူက ပြောင်းသွားပြီ၊ မကြာသေးဘူး။ တရုတ်ကုန်စည် ၉၉ ရာခိုင်နှုန်းက အဲဒီကလာတာပဲ” ဟု ၎င်းကပြောသည်။

တရားမဝင်တရုတ်ပစ္စည်းများ ရှမ်းအရှေ့သို့ ဝင်ရောက်ရာတွင်လည်း ဝမ်ပုံရေကြောင်းရဲစခန်း အနီးတဝိုက်ရှိ နေရာ ၂ခုမှ အများဆုံး ဝင်ရောက်ကြောင်း၊ ယင်းမှတဆင့် တာလေ၊ တာချီလိတ်၊ ကျိုင်းတုံမြို့များသို့ သွားခြင်းဖြစ်ကြောင်း၊ ယင်းနေရာများမှာ ရေကြောင်းရဲ မသိဘဲ ကမ်းကပ်၍ မရကြောင်း ဒေသခံများက ပြောသည်။

မဲခေါင်မြစ်ဆိပ်ကမ်းဖြစ်သည့် တာချီလိတ်မြို့နယ်အတွင်းမှ ဝမ်ပုံဆိပ်ကမ်းနှင့် အနီးတဝိုက်မှာ မူးယစ်ဆေးဝါးများ၊ တရားမဝင်မှောင်ခို ပို့ကုန်သွင်းကုန်များ၊ မော်တော်ယာဉ်များ တင်ပို့ရာ၊ တင်သွင်းရာနေရာဖြစ်သည်။ ယင်းမှတဆင့် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် မိုင်းလားအထူးဒေသများသို့ သွားလာနိုင်သည်။

#MeKongNews
#တာချီလိတ်
#ဝမ်ပုံဆိပ်ကမ်း
#ရေကြောင်းရဲ
#ခနောက်စိမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now