နေ့စဥ်သတင်း

MNDAA တပ်များ စရွှေ့

မဲခေါင် 22 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၂ MNDAA တပ်စွဲထားသည့် ရှမ်းပြည်မြောက်ပိုင်း ဟိုယ၊ နမ့်ပေါင်၊ မယ်ဟန်၊ နောင်မွန်၊ နားဆော့ ဒေသများမှ တပ်များကို ယနေ့ နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းက စတင်၍ လောက်ကိုင်ဘက်သို့ ရွှေ့ပြောင်းနေပြီဟု MNDAA နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။ MNDAA တပ်စွဲထားသည့် နမ့်ပေါင်–မိုင်းရယ်–ဟိုယ လမ်းကြောတစ်လျှောက်ရှိ တပ်စခန်းများကို ယခုနှစ် ရွေးကောက်ပွဲမစမှီ ဆုတ်ပေးရန် စစ်ကောင်စီက တရုတ်မှတဆင့် တောင်းဆိုထားကြောင်း ယင်းနီးစပ်သူထံမှ သိရသည်။ “ရွေးကောက်ပွဲအမှီ clear ဖြစ်မယ်။ ၂၀၀၈ အတိုင်း ယခင်နယ်မြေအတိုင်းပဲ တောင်းဆိုနေတာ” ဟု နီးစပ်သူက ပြောသည်။ တပ်များ စရွှေ့နေသော်လည်း လုံခြုံရေးဂိတ်များကိုချထားဆဲဖြစ်ကြောင်း

မဲခေါင်၊ နိုဝင်ဘာ ၂၂

MNDAA တပ်စွဲထားသည့် ရှမ်းပြည်မြောက်ပိုင်း ဟိုယ၊ နမ့်ပေါင်၊ မယ်ဟန်၊ နောင်မွန်၊ နားဆော့ ဒေသများမှ တပ်များကို ယနေ့ နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းက စတင်၍ လောက်ကိုင်ဘက်သို့ ရွှေ့ပြောင်းနေပြီဟု MNDAA နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

MNDAA တပ်စွဲထားသည့် နမ့်ပေါင်–မိုင်းရယ်–ဟိုယ လမ်းကြောတစ်လျှောက်ရှိ တပ်စခန်းများကို ယခုနှစ် ရွေးကောက်ပွဲမစမှီ ဆုတ်ပေးရန် စစ်ကောင်စီက တရုတ်မှတဆင့် တောင်းဆိုထားကြောင်း ယင်းနီးစပ်သူထံမှ သိရသည်။

“ရွေးကောက်ပွဲအမှီ clear ဖြစ်မယ်။ ၂၀၀၈ အတိုင်း ယခင်နယ်မြေအတိုင်းပဲ တောင်းဆိုနေတာ” ဟု နီးစပ်သူက ပြောသည်။

တပ်များ စရွှေ့နေသော်လည်း လုံခြုံရေးဂိတ်များကိုချထားဆဲဖြစ်ကြောင်း သက်ဆိုင်ရာအရင်းအမြစ်က ပြောသည်။

“ထုံးစံအတိုင်း လားရှိုးလိုပဲ ကျောင်းတက်နေဆဲ ကလေးတွေကို တရုတ်တစိတ် မြန်မာတစိတ် သင်ကြားတဲ့အရာတွေကတော့ ပလုံ ဖြစ်နိုင်တယ်။ သိန္ဓီမြို့နယ်တဝိုက်မှာတော့ ဒေသခံကဒ်တွေ၊ နေထိုင်ခွင့်ကဒ်တွေ၊ ယာဉ်မောင်းလိုင်စင်တွေက တရုတ်စနစ်သုံးထားတာတွေ ပလုံဖြစ်နိုင်တယ်။ ယခင် MNDAA ထိန်းချုပ်စဉ်က တရုတ်လူမျိုး အချို့ထံ ဌားထားတဲ့ ဒေသခံမြေယာတွေကိုလည်း မူလပိုင်ရှင်တွေနဲ့ တရုတ်လုပ်ငန်းရှင်တွေ ဘက်က ညှိနှိုင်းမှုပြေလည်ရင် အဆင်ပြေမယ်။ ဒါပေမဲ့ မြေစာရင်းဌာန၊ စိုက်ပျိုးရေးနှင့် အခွန်ရုံးက ခွင့်မပြုရင်တော့ ပလုံပါမယ်” ဟု MNDAA နီးစပ်သူ လားရှိုးဒေသခံတစ်ဦးက ပြောသည်။

၂၀၀၈ အတိုင်း ပြန်ဆုတ်ပါက MNDAA ဆုတ်ရမည့် နယ်မြေထဲတွင် မူဆယ် ၁၀၅ မိုင်ပါဝင်မည်ဖြစ်ပြီး၊ ထိုကဲ့သို့ ဖြစ်လာပါက AA တို့နှင့် စစ်ကောင်စီတို့ ရှမ်းမြောက်တွင် ထိပ်တိုက် ရင်ဆိုင်ရနိုင်ကြောင်း စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်သည်။

“စစ်ကောင်စီက စစ်မတိုက်တော့ဘူး။ တရုတ်အားကိုးနဲ့ပဲ လားရှိုးလို ပြန်တောင်းမယ်။ ၁၀၅ မိုင်ကို ကိုးကန့်က ပြန်ပေးနိုင်ပေမဲ့ AA က မပေးဘူးဆိုရင် တိုက်လာနိုင်မလား။ အခု မူဆယ်မှာ အင်အားဖွဲ့စည်းနေတာတွေက ၁၀၅ မိုင်အတွက် ဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

MNDAA သည် ၁၀၂၇ စစ်ဆင်ရေး ၂ ခုလုံးတွင် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အပါအဝင် လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်းမြို့များကို သိမ်းပိုက်နိုင်ခဲ့သော်လည်း လားရှိုးမြို့ကို ပြီးခဲ့သည့် ဧပြီလတွင် တရုတ်ဖိအားကြောင့် ပြန်လွှဲပေးခဲ့ရပြီး ယခုတလောတွင်လည်း တရုတ်ဖိအားကြောင့် တပ်များ စတင် ဆုတ်ခွာနေရခြင်း ဖြစ်ကြောင်း သိရသည်။

#MeKongNews
#MNDAA
#ရှမ်းမြောက်
#တပ်ရွှေ့ပြောင်းမှု
#လားရှိုး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၁၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now