နေ့စဥ်သတင်း

နောင်ဝိုးတွင် ကုန်ကားအစီး ၆၀ ခန့် အဖမ်းခံရ

မဲခေါင် 13 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၃ ရှမ်းပြည်မြောက်ပိုင်းမှ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာမှုဖြင့် ကုန်ကားအစီး ၆၀ ခန့်ကို နောင်ဝိုးလမ်းပိုင်းတွင် စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်အရ သိရသည်။ လားရှိုးဘက်မှ လွှတ်ပေးလိုက်သည့် တရုတ်ကုန်ပစ္စည်းမျိုးစုံ တင်ဆောင်လာသော ကုန်တင်ကားအစီး ၆၀ ခန့်ကို ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်က ရှမ်းပြည်တောင်ပိုင်း၊ နောင်ဝိုးလမ်းပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗျူဟာမှူးကိုယ်တိုင်ဆင်းပြီး နေပြည်တော်ဒရုန်းအဖွဲ့နှင့် ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကားဆရာတွေရဲ့ မှတ်ပုံတင်တွေသိမ်းပြီး စစ်ဆေးစရာ လမ်းကြောင်းလေးရှိလို့ ၂ ရက်လောက် ထိန်းသိမ်းထားမယ် သိရတယ်။ အစပိုင်းက အဖွဲ့ပေါင်းစုံ ပူးပေါင်းဖမ်းဖို့၊ ခုက ဒီဘက်အခြမ်းမှာလည်း ၃၀ လောက်ဖမ်းထားတာ၊ ဗထူးဘက်ဆွဲလာမယ်လည်း ပြောနေတယ်”

မဲခေါင်၊ နိုဝင်ဘာ ၁၃

ရှမ်းပြည်မြောက်ပိုင်းမှ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာမှုဖြင့် ကုန်ကားအစီး ၆၀ ခန့်ကို နောင်ဝိုးလမ်းပိုင်းတွင် စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်အရ သိရသည်။

လားရှိုးဘက်မှ လွှတ်ပေးလိုက်သည့် တရုတ်ကုန်ပစ္စည်းမျိုးစုံ တင်ဆောင်လာသော ကုန်တင်ကားအစီး ၆၀ ခန့်ကို ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်က ရှမ်းပြည်တောင်ပိုင်း၊ နောင်ဝိုးလမ်းပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗျူဟာမှူးကိုယ်တိုင်ဆင်းပြီး နေပြည်တော်ဒရုန်းအဖွဲ့နှင့် ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားဆရာတွေရဲ့ မှတ်ပုံတင်တွေသိမ်းပြီး စစ်ဆေးစရာ လမ်းကြောင်းလေးရှိလို့ ၂ ရက်လောက် ထိန်းသိမ်းထားမယ် သိရတယ်။ အစပိုင်းက အဖွဲ့ပေါင်းစုံ ပူးပေါင်းဖမ်းဖို့၊ ခုက ဒီဘက်အခြမ်းမှာလည်း ၃၀ လောက်ဖမ်းထားတာ၊ ဗထူးဘက်ဆွဲလာမယ်လည်း ပြောနေတယ်” ဟု ဒေသတွင်းသတင်းက ဖော်ပြသည်။

ယခင်က ယင်းကဲ့သို့ တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့်ယာဥ်များကို ဖမ်းဆီးမှုတွင် လိုင်စင်မဲ့ယာဥ်များကို သိမ်းဆည်းပြီး ကုန်အမျိုးအစားများအပေါ်ခွဲခြား၍ ပြစ်ဒဏ်ကြေးများဖြင့် အကောက်ခွန်တွင် ပြန်လည်လျှောက်ထား ရယူနိုင်ကြောင်း ထုတ်ပြန်ထားရာ ယခုတွင်လည်း ယင်းကဲ့သို့ပင် လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း ကုန်သည်များက ခန့်မှန်းနေကြသည်။

“ဒီနေ့ပဲ မီးတန်းယာဥ်နဲ့ သွားခေါ်လာပြီ။ ကားတွေတင်မကဘူး လူတွေရဲ့မှတ်ပုံတင်၊ စမတ်ကတ်၊ ယာဥ်မောင်းလိုင်စင်တွေပါ သိမ်းထားပြီး ရပ်စောက်ဗထူးဝင်းထဲကို ကားတွေထိုးခိုင်းထားတယ်။ ကားငယ်တွေလည်းပါတယ်” ဟု အခြားဗထူးနယ်ခံတစ်ဦးက ယနေ့တွင် မဲခေါင်သို့ ပြောသည်။

ယခင် စစ်တိုင်းမှူးနိုင်ဇော်ဦး လက်ထက်က ယင်းတရားမဝင်ကုန်စည်များကြောင့် ဖမ်းဆီးခံခဲ့ရသည့်အတွက် ယခု စစ်တိုင်းမှူးအသစ်ကျော်နိုင်ဦး လက်ထက်တွင် ဖမ်းဆီးပြနေခြင်းဖြစ်သည် ဟု စစ်ရေး၊ နိုင်ငံရေးအကဲခတ်များက သုံးသပ်နေကြသည်။

#MeKongNews
#နောင်ဝိုး
#တရားမဝင်ကုန်ပစ္စည်း
#စစ်ကောင်စီ
#ဖမ်းဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၁၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now