နေ့စဥ်သတင်း

မိုင်းလားတွင် ဒေသလိုင်စင်မဟုတ်သည့် ယာဥ်များဖမ်းဆီးရာ ဆိုင်ကယ်စီးရေ ရာချီဖမ်းဆီးခံရ

မဲခေါင် 21 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၁ NDAA ထိန်းချုပ် မိုင်းလားတွင် မိုင်းလားဒေသလိုင်စင် မဟုတ်သည့် ယာဥ်များကို ဖမ်းဆီးနေရာ လက်ရှိတွင် ဖမ်းဆီးခံရသည့် ဆိုင်ကယ်စီးရေ ရာချီရှိနေပြီဖြစ်ကြောင်း မိုင်းလားတွင် နေထိုင်သူများထံမှ သိရသည်။​ ယခင်က မြန်မာလိုင်စင်ယာဥ်များနှင့် အခြားဒေသယာဥ်များ ဖြတ်သန်းသွားလာခွင့်ရရှိခဲ့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာလမှစကာ မိုင်းလားဒေသ SR4 လိုင်စင်မှအပ ကျန်လိုင်စင်များကို ဖမ်းဆီးနေခြင်းဖြစ်သည်။ “အရင်က ယာဥ်လိုင်စင်ထက် လူလိုင်စင်ပဲစစ်တာ။ ခုက ယာဥ်လိုင်စင်ပါစစ်တော့ လိုင်စင်အတုတွေ၊ အပွားတွေ အများကြီးတွေ့နေလို့ အခု SR4 မဟုတ်ရင် ဖမ်းတာများပြီ။ တချို့က ဆိုင်ကယ်တွေကိုအလှတွေ ဆင်ထားကြတာ၊ ဖမ်းရင် အရင်ကထက်လိုင်စင်ခ ပိုကုန်ကြပြီ” ဟု မိုင်းလားနေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

မဲခေါင်၊ အောက်တိုဘာ ၂၁

NDAA ထိန်းချုပ် မိုင်းလားတွင် မိုင်းလားဒေသလိုင်စင် မဟုတ်သည့် ယာဥ်များကို ဖမ်းဆီးနေရာ လက်ရှိတွင် ဖမ်းဆီးခံရသည့် ဆိုင်ကယ်စီးရေ ရာချီရှိနေပြီဖြစ်ကြောင်း မိုင်းလားတွင် နေထိုင်သူများထံမှ သိရသည်။​

ယခင်က မြန်မာလိုင်စင်ယာဥ်များနှင့် အခြားဒေသယာဥ်များ ဖြတ်သန်းသွားလာခွင့်ရရှိခဲ့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာလမှစကာ မိုင်းလားဒေသ SR4 လိုင်စင်မှအပ ကျန်လိုင်စင်များကို ဖမ်းဆီးနေခြင်းဖြစ်သည်။

“အရင်က ယာဥ်လိုင်စင်ထက် လူလိုင်စင်ပဲစစ်တာ။ ခုက ယာဥ်လိုင်စင်ပါစစ်တော့ လိုင်စင်အတုတွေ၊ အပွားတွေ အများကြီးတွေ့နေလို့ အခု SR4 မဟုတ်ရင် ဖမ်းတာများပြီ။ တချို့က ဆိုင်ကယ်တွေကိုအလှတွေ ဆင်ထားကြတာ၊ ဖမ်းရင် အရင်ကထက်လိုင်စင်ခ ပိုကုန်ကြပြီ” ဟု မိုင်းလားနေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

လူလိုင်စင်၊ ယာဉ်လိုင်စင်ပြုလုပ်ရာတွင် လူလိုင်စင်ကို ယွမ် ၁၀၀သာ ကုန်ကျသော်လည်း ဆိုင်ကယ်လိုင်စင်မှာ ယခင် ယွမ် ၆၀၀မှ ယခု ၁၂၀၀ အထိ ကုန်ကျလာပြီး မော်တော်ကားများလည်း ယွမ် ၆၀၀၀ အထက် ကုန်ကျလာနေကြောင်း သိရသည်။

မိုင်လားဒေသတွင် ယာဥ်များကို ဒေသလိုင်စင်ပြုလုပ်ရန် စည်းကမ်းတင်းကြပ်နေသော်လည်း ယင်း SR4 နံပတ်တပ်ကားမှာ ကျိုင်းတုံသို့လာပါက ဝမ်တာပင်းဂိတ်အထိသာရရှိပြီး အခြား “ဝ” ဒေသဘက်နှင် ကိုးကန့်ဘက်နယ်မြေများအတွက်လည်း သက်ဆိုင်ရာ ဒေသသတ်မှတ် နံပတ်ပြားများ တပ်ဆင်အသုံးပြုနေကြရကြောင်း ​ခရီးသွားမော်တော်ယဥ်များထံမှ သိရှိရသည်။

EROs များထိန်းချုပ်ဒေသများတွင် သီးခြားနံပတ်များကိုသာ အသုံးပြုနေကြရာ “ဝ” ဒေသ တွင် W.HP၊ ကိုးကန့်ဒေသတွင် SR1 နှင့် မိုင်းလားတွင် SR4 နံပတ်များ ဖြစ်ကြောင်း သိရသည်။

#MeKongNews
#မိုင်းလား
#အထူးဒေသ၄
#ဝမ်တာပင်းဂိတ်
#ယာဉ်လိုင်စင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now