နေ့စဥ်သတင်း

တာချီလိတ်တွင် ဆိုင်ကယ်သူခိုး ၂ ဦး ဖမ်းမိပြီး ၃ ရက်အကြာ ဓားထိုးဆိုင်ကယ်လုမှုထပ်ဖြစ်

မဲခေါင် 8 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၈ ဆိုင်ကယ် ခိုးယူလုယက်ခံရမှုများ မကြာခဏ ဖြစ်လေ့ရှိသည့် တာချီလိတ်မြို့တွင် စက်တင်ဘာလ ၅ရက်၌ ဆိုင်ကယ်ခိုးယူသူ ၂ဦးကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ၅ရက် ညပိုင်းက လှည့်ကင်းအဖွဲ့သည် တာချီလိတ်မြို့ပတ်လမ်း၊ မယ်ခေါင်ရပ်ကွက်နေ အောင်အောင်ဦး မောင်းနှင်ပြီး မြို့ပတ်လမ်း၊ ချောင်းဘေး၊ မယ်ခေါင်ရပ်ကွက်နေ ဝေယံစိုး(ခ) အသေးလေး စီးနင်းလာသည် နံပါတ်မပါ Click အမျိုးအစား အနက်ရောင် ဆိုင်ကယ်တို့ကို တားဆီးစစ်ဆေးရာမှ ၎င်းတို့ နေအိမ်အတွင်း ခိုးယူထားသည့် အခြားဆိုင်ကယ်Wave 125 I အမျိုးအစား နီ/နက်ရောင် ဆိုင်ကယ်တစ်စီး ကိုပါ ထပ်မံသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “တာချီလိတ်မှာ

မဲခေါင်၊ စက်တင်ဘာ ၈

ဆိုင်ကယ် ခိုးယူလုယက်ခံရမှုများ မကြာခဏ ဖြစ်လေ့ရှိသည့် တာချီလိတ်မြို့တွင် စက်တင်ဘာလ ၅ရက်၌ ဆိုင်ကယ်ခိုးယူသူ ၂ဦးကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ၅ရက် ညပိုင်းက လှည့်ကင်းအဖွဲ့သည် တာချီလိတ်မြို့ပတ်လမ်း၊ မယ်ခေါင်ရပ်ကွက်နေ အောင်အောင်ဦး မောင်းနှင်ပြီး မြို့ပတ်လမ်း၊ ချောင်းဘေး၊ မယ်ခေါင်ရပ်ကွက်နေ ဝေယံစိုး(ခ) အသေးလေး စီးနင်းလာသည် နံပါတ်မပါ Click အမျိုးအစား အနက်ရောင် ဆိုင်ကယ်တို့ကို တားဆီးစစ်ဆေးရာမှ ၎င်းတို့ နေအိမ်အတွင်း ခိုးယူထားသည့် အခြားဆိုင်ကယ်Wave 125 I အမျိုးအစား နီ/နက်ရောင် ဆိုင်ကယ်တစ်စီး ကိုပါ ထပ်မံသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“တာချီလိတ်မှာ ရဲတွေ တကယ်အလုပ်လုပ်ရင် ဆိုင်ကယ်သူခိုးတွေ မိပါတယ်။ အဓိက က သူခိုးလက်ခံလုပ်ပေးနေသူတွေကိုပါ အကုန်ဆွဲရမှာ” ဟု မကာဟိုခမ်းနေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

သို့သော် ၃ရက်အကြာ စက်တင်ဘာလ ၈ရက်တွင်မူ တာချီလိတ်မြို့၌ ဆိုင်ကယ်တက္ကစီသမားတစ်ဦးကို ဓားဖြင့်ထိုးပြီး ဆိုင်ကယ်လုယက်မှု ဖြစ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ စက်တင်ဘာ၈ရက် နံနက်ပိုင်း ၉နာရီ အချိန်ခန့်က မိုင်းဖုန်း (ခ) အုပ်စု ဆွတ်ဆိုင်ကျေးရွာ၊ လွယ်ယွန်းခမ်း ဘုရားအောက်တွင် ဆိုင်ကယ် တက္ကစီမောင်းနှင်သူ မျိုးမင်းသန့် ဆိုသူအား အင်္ကျီ အဖြူ၊ ပုဆိုး အနီရောင် ဝတ်ထားသည့် အမည်မသိ သူတစ်ဦးမှ ဓားဖြင့်ထိုးကာ Honda Wave i 125 ဆိုင်ကယ်အဖြူရောင်အား လုယူသွားခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက ရရှိသည်။

“ဟောင်လိတ်စခန်းကတော့ အားချင်းလိုက်နေတယ်။ ဝမ်ပုံကလည်းလိုက်နေတယ်။ အရင်တခါကတော့ ဓားနဲ့ ထိုးသတ်ပြီး အလောင်းဖျောက်ထားထားတာရှိခဲ့တယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

လုယူသွားသူသည် ဆိုင်ကယ်ကို ဝမ်ဆောက်ခုံ ရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပြီး ဓားဖြင့် ထိုးခံရသူ မျိုးမင်းသန့်သည် ဝဲလက် ဖဝါး ပြတ်ရှ၊ ယာလက်ဖနောင့် ပြတ်ရှဒဏ်ရာဖြင့် ရှေ့ဆောင်အထူးကုဆေးရုံ၌ ဆေးကုသလျက် ရှိကြောင်း သိရှိရသည်။

#MeKongNews
#ဆိုင်ကယ်သူခိုး
#ဆိုင်ကယ်လုယက်
#တာချီလိတ်
#ဝမ်ဆောက်ခုံရွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now