နေ့စဥ်သတင်း

နယ်စပ်ဖြတ်သန်းခွင့် တစ်နှစ်သက်တမ်းစာအုပ် ရပ်နားထား၍ တာချီလိတ်ဒေသခံများ အခက်အခဲဖြစ်

မဲခေါင် 5 Aug - 2025
မဲခေါင်၊ သြဂုတ် ၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်ဒေသခံများ ပြုလုပ်ခွင့်ရသည့် တစ်နှစ်သက်တမ်းရှိနယ်စပ်ဖြတ်သန်းခွင့် BP စာအုပ် (စာအုပ်အပြာ) ပြုလုပ်ခွင့်မှာ ရေကြီး၍ စက်ပျက်ပြီး ရပ်ဆိုင်းထားသဖြင့် စာအုပ်သက်တမ်းကုန်၊ အသစ်လဲလိုသူများ အခက်ကြုံနေကြရကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ တက်တိုင်း ရေနစ်မြုပ်နေကျဖြစ်သည့် တာချီလိတ်-မယ်ဆိုင် အမှတ်(၁) ချစ် ကြည်ရေး တံတားအောက်ရှိ နေ့စဉ် ဖြတ်သန်းသွားလာခွင့်ပြု လက်မှတ်များ ပြုလုပ်ရာ TBP/BPအရောင်းကောင်တာများ ရေနစ်မြုပ်ပြီး ဆာဗာလိုင်းများ ပျက်စီးနေသည့်အကြောင်းပြချက်ဖြင့် ဖြတ်သန်းခွင့်တစ်နှစ် စာအုပ်များကို အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးလဲလှယ်ခြင်းများ ခေတ္တရပ်နားထားခြင်းကြောင့် ယခုလို အခက်အခဲဖြစ်နေကြောင်း သိရသည်။ “ရေက ခုမှ မဟုတ်ပါဘူး၊ ခဏခဏမြုပ်နေတာ၊ အရင်က မဖြစ်ဘဲ ခုမှ ဖြစ်တာ၊

မဲခေါင်၊ သြဂုတ် ၅

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်ဒေသခံများ ပြုလုပ်ခွင့်ရသည့် တစ်နှစ်သက်တမ်းရှိနယ်စပ်ဖြတ်သန်းခွင့် BP စာအုပ် (စာအုပ်အပြာ) ပြုလုပ်ခွင့်မှာ ရေကြီး၍ စက်ပျက်ပြီး ရပ်ဆိုင်းထားသဖြင့် စာအုပ်သက်တမ်းကုန်၊ အသစ်လဲလိုသူများ အခက်ကြုံနေကြရကြောင်း သိရသည်။

မယ်ဆိုင်ချောင်းရေ တက်တိုင်း ရေနစ်မြုပ်နေကျဖြစ်သည့် တာချီလိတ်-မယ်ဆိုင် အမှတ်(၁) ချစ် ကြည်ရေး တံတားအောက်ရှိ နေ့စဉ် ဖြတ်သန်းသွားလာခွင့်ပြု လက်မှတ်များ ပြုလုပ်ရာ TBP/BPအရောင်းကောင်တာများ ရေနစ်မြုပ်ပြီး ဆာဗာလိုင်းများ ပျက်စီးနေသည့်အကြောင်းပြချက်ဖြင့် ဖြတ်သန်းခွင့်တစ်နှစ် စာအုပ်များကို အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးလဲလှယ်ခြင်းများ ခေတ္တရပ်နားထားခြင်းကြောင့် ယခုလို အခက်အခဲဖြစ်နေကြောင်း သိရသည်။

“ရေက ခုမှ မဟုတ်ပါဘူး၊ ခဏခဏမြုပ်နေတာ၊ အရင်က မဖြစ်ဘဲ ခုမှ ဖြစ်တာ၊ ဘာဖြစ်ရင် ဘာလုပ်မယ်ဆိုတဲ့ အရန်ပလန်လည်းမရှိဘူး။ ခုကျ ယာယီကတ်နဲ့ဖြတ်ရတော့ လူများပြီး တန်းစီတာကြာတဲ့အပြင် ငွေပိုကုန်ရတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။

တစ်နှစ်စာအုပ်များ သက်တမ်းတိုးမရချိန်တွင် တစ်ပတ်ကတ်ဖြင့် သွားရောက်ရန်အတွက် တန်းစီးရကြောင်း၊ တစ်ပတ်ကတ်ပြုလုပ်ရာတွင်လည်း စက်များပျက်သည့်အတွက် ကြန့်ကြာမှုများဖြစ်နေပြီး လူတန်းရှည်ဖြင့် အချိန်ကြာမြင့်စွာတန်းစီနေရကြောင်း တာချီလိတ်ဒေသခံများက ညဉ်းညူသည်။

“အဓိက ရေကြီးလို့ အောက်မှာ လုပ်မရလို့ အပေါ်မှာပဲ တန်းစီရတယ်။ ဒုတိယ ဆာဗာ မလည်ပတ်နိုင်လို့ ဆိုပြီးပြောတယ်။ တတိယ စာအုပ်သမားတွေလည်း သက်တမ်းတိုးမရတော့ တစ်ပတ်ဟာနဲ့ပဲ တန်းစီရတော့ လူများတာထက် များသွားတယ်။ မနေ့ည ကျနော်ပြန်လာတဲ့ချိန် အဝိုင်းပတ်နားထိ ရှိတယ် တန်းစီတဲ့သူတွေ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စာရင်းပျောက်၊ စာအုပ်ပျောက်မှာ ဘတ်၂၀၀ပေးဆောင်ရသော်လည်း ယခုအခါ စာအုပ်လုပ်မှု ရပ်ဆိုင်းထားသဖြင့် ယာယီကပ်လုပ်ပြီးကူးရာတွင် မြန်မာကျပ် တစ်ထောင်နှင့် ဘတ်ငွေ ၂၀ ပေးဆောင်နေကြရကြောင်း၊ တစ်နေ့လျှင် ၂ကြိမ်သွားရသူများအတွက် ငွေကြေးပိုမိုကုန်ကျစေသလို အချိန်များစွာပိုပေးရကြောင်း၊ တစ်နှစ်စာအုပ်များ အမြန်ပြန်လည် လုပ်ဆောင်ပေးစေလိုကြောင်း မကာဟိုခမ်း ရပ်ကွက်နေသူတစ်ဦးကဆိုသည်။

“ကျမတို့က ကလေးတွေကို ဟိုဘက်ကမ်းမှာထားတော့ တစ်ရက်၂ခေါက် အသွားအပြန်ကြိုနေရတာ မလွယ်ဘူးလေ” ဟု ၎င်းကဆိုသည်။

စက်များပျက်၍ စာအုပ်လုပ်ခွင့် ရပ်ဆိုင်းထားသည် ဆိုသော်လည်း ယင်းစာအုပ်ရရန်အတွက် ယာယီကပ်ပြုလုပ်ပေးသည့်အနားမှ ပွဲစားများကမူ ဘတ်၈၀၀ဖြင့် ပြုလုပ်ပေးနိုင်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

တာချီလိတ်တွင်နေထိုင်သူတစ်ဦးအနေဖြင့် တစ်နှစ်စာအုပ်ကို အိမ်ထောင်စုစာရင်း၊ ရပ်ကွက်နှင့် ရဲထောက်ခံချက်များဖြင့် လဝကတွင် ဘတ်ငွေ ၁၀၀ ကျပ်ပေးသွင်း လုပ်နိုင်ပြီး တံတားဖြတ်ခ တစ်ခေါက်လျင် မြန်မာဘက်၌ မြန်မာကျပ်၃၀၀ သာပေးသွင်းရကြောင်းသိရသည်။

တစ်ဖက် ထိုင်းနိုင်ငံမယ်ဆိုင်မြို့သို့ ယာယီကတ်ဖြင့် ကူးပြီး နေ့ချင်းပြန်မဟုတ်ပါက ၇ ရက်နေထိုင်ခွင့်ရရန် ထိုင်းလဝကသို့ ဘတ် ၅၀ ပေးသွင်းရကြောင်း သိရသည်။

တာချီလိတ် အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်တွင် နေ့စဉ်ကူးလူးဖြတ်သန်းမှုမှာ လူဦးရေ ၃ ထောင်နှင့် ၅ ထောင်ကြား ရှိနေပြီး ယခင်က TBP/BP စာရွက်များအား စက် ၅ လုံးနှင့် တပြိုင်နက် လုပ်ဆောင်ပေးနိုင်ခဲ့သော်လည်း ယခုအခါစက် ၃ လုံးနှင့်သာ လုပ်ဆောင်နေရခြင်းကြောင့် တန်းစီသူများပြားနေခြင်းဖြစ်ကြောင်း လဝကဘက်မှ ပြောဆိုထားသည်။

မဟာ
#MeKongNews
#တာချီလိတ်
#နယ်စပ်ဖြတ်ကျော်ခွင့်
#စာအုပ်အပြာ
#လဝက
#ရေကြီး
#စက်ပျက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now