မဲခေါင်၊ ဇူလိုင် ၂၈
တာချီလိတ်မြို့မှ ဖြတ်သန်းစီးဆင်းသွားသည့် မယ်ဆိုင်းချောင်းရေမှာ ဇူလိုင်လ ၂၇ရက်ည ၁၁နာရီခန့်တွင် ရုတ်တရက်မြင့်တက်လာသဖြင့် တာချီလိတ်မြို့အနှံ့အပြားတွင် ရေကြီးနေကြောင်း ဒေသခံများထံမှ သိရသည်။
တာချီလိတ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် တာလော့၊ ပုန်းထွန်၊ ဆန်ဆိုင်း (က)၊ ဆန်ဆိုင်း (ခ)၊ မယ်ခေါင် စသည့်ရပ်ကွက်များတွင် ရေကြီးနေပြီး မယ်ဆိုင်ချောင်းရေမှာလည်း စိုးရိမ်ရေမှတ်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း သိရသည်။
“မယ်ဆိုင်ချောင်းရေတက်တာ တအားမြန်တယ်။ ခဏလေးအတွင်းကို တက်လာတာ။ ရေပြန်ကျတာမှ သိပ်မကြာသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၃ရက်ညနေပိုင်းမှ ရေပြန်ကျခဲ့ပြီး ဇူလိုင်လ ၂၇ရက်ညပိုင်းတွင် ရုတ်တရက်ရေပြန်ကြီးလာခြင်းဖြစ်သည်။
#MeKongNews
#တာချီလိတ်
#ရေကြီး
#မယ်ဆိုင်ချောင်း
#တာလော့ရပ်ကွက်








