နေ့စဥ်သတင်း

တာချီလိတ်မှ ကြီးမြတ်သောရွှေမြင်းသူဌေး အားချန်၏ ပိုင်ဆိုင်မှုအချို့ကို ထိုင်းရဲသိမ်းဆည်းပြီး အရေးကြီး မူးယစ်ရာဇာအဖြစ် ပိုက်စိတ်တိုက်ရှာနေ

မဲခေါင် 18 Jun - 2025
မဲခေါင်၊ ဇွန် ၁၈ တာချီလိတ်မြို့တွင် ရွှေဆိုင်များအပါအဝင် လုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်ထားသည့် ကြီးမြတ်သောရွှေမြင်း လုပ်ငန်းစု၏ သူဌေးဖြစ်သူ အားချန်ကို ထိုင်းအာဏာပိုင်များက အရေးကြီးမူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်းထုတ်လိုက်ပြီး ထိုင်းနိုင်ငံအတွင်းရှိ ၎င်း၏ ပိုင်ဆိုင်မှုအချို့ကို ချိတ်ပိတ်လိုက်ကြောင်း ထိုင်းမူးယစ်ဆေးဝါးနှိမ်နှင်းရေးဘုတ်အဖွဲ့ – Office of the Narcotics Control Board – ONCB က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်သည်။ ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့တွင် ယနေ့ ဇွန်လ ၁၈ရက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တာချီလိတ်မှ ကြီးမြတ်သောရွှေမြင်း လုပ်ငန်းစုသူဌေး အားချန်မှာ မူးယစ်ရာဇာကြီးဖြစ်ပြီး ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံ အနှံ့အပြားနှင့် အရှေ့တောင်အာရှသို့ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးနေခြင်းဖြစ်ကြောင်း

မဲခေါင်၊ ဇွန် ၁၈

တာချီလိတ်မြို့တွင် ရွှေဆိုင်များအပါအဝင် လုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်ထားသည့် ကြီးမြတ်သောရွှေမြင်း လုပ်ငန်းစု၏ သူဌေးဖြစ်သူ အားချန်ကို ထိုင်းအာဏာပိုင်များက အရေးကြီးမူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်းထုတ်လိုက်ပြီး ထိုင်းနိုင်ငံအတွင်းရှိ ၎င်း၏ ပိုင်ဆိုင်မှုအချို့ကို ချိတ်ပိတ်လိုက်ကြောင်း ထိုင်းမူးယစ်ဆေးဝါးနှိမ်နှင်းရေးဘုတ်အဖွဲ့ – Office of the Narcotics Control Board – ONCB က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့တွင် ယနေ့ ဇွန်လ ၁၈ရက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တာချီလိတ်မှ ကြီးမြတ်သောရွှေမြင်း လုပ်ငန်းစုသူဌေး အားချန်မှာ မူးယစ်ရာဇာကြီးဖြစ်ပြီး ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံ အနှံ့အပြားနှင့် အရှေ့တောင်အာရှသို့ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးနေခြင်းဖြစ်ကြောင်း ONCB ထိုင်းတာဝန်ရှိသူများက ပြောသည်။

မူးယစ်ရာဇာကြီး အားချန်မှာ တာချီလိတ်မြို့တွင် ပိုင်ဆိုင်မှု ဘတ် တစ်ဘီလီယံ (သန်း ၁၀၀၀) ခန့်ရှိကြောင်း၊ အရေးကြီးသည့် မူးယစ်ရာဇာကြီးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်း ၎င်း၏ ပိုင်ဆိုင်မှုမှာ ဘတ် သန်း ၁၀၀ ခန့်ရှိပြီး ၎င်းတို့ကို သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း၊ အားချန်မှာ မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးသွားပြီး ထိုင်းအာဏာပိုင်များအနေဖြင့် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းကာ ပိုက်စိတ်တိုက် ရှာဖွေနေကြောင်း ONCB က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကြီးမြတ်သောရွှေမြင်းလုပ်ငန်းစုသည် တာချီလိတ်မြို့အပါအဝင် ရှမ်းအရှေ့တွင် စီးပွားရေးလုပ်ငန်းများစွာ ပိုင်ဆိုင်ထားသည့် လုပ်ငန်းစုဖြစ်ပြီး ရွှေဆိုင်၊ အင်တာနက်လုပ်ငန်း၊ အိမ်ဆောက်ပစ္စည်းဆိုင်များ၊ အိမ်သုံးပစ္စည်းဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကာစီနိုများ၊ ဖျော်ဖြေရေးခန်းမများစွာကို လုပ်ကိုင်လျက်ရှိသည်။

ယင်းလုပ်ငန်းစု၏ ပိုင်ရှင် အားချန်မှာ တရုတ်နွယ်ဖွား လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး ပြိုင်ကားများ စုဆောင်းရသည်ကို ဝါသနာပါသူဖြစ်ပြီး ၎င်း၏ လူမှုကွန်ယက်အကောင့်များတွင် ပြိုင်ကားများဖြင့် ရိုက်ကူးထားသည့်ပုံများ မကြာခဏ တင်လေ့ရှိသည်။

#MeKongNews
#တာချီလိတ်
#မူးယစ်ရာဇာ
#ကြီးမြတ်သောရွှေမြင်း
#ထိုင်းနိုင်ငံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now