နေ့စဥ်သတင်း

တာချီလိတ်နှင့် မိုင်းဖြတ်မြို့တွင် လိုင်စင်မဲ့ယာဥ်များဖမ်းဆီးရန် ညွှန်ကြားထား

မဲခေါင် 1 Jun - 2025
မဲခေါင်၊ ဇွန် ၁ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်နှင့် မိုင်းဖြတ်မြို့တွင် လိုင်စင်မဲ့ယာဥ်များကို ဖမ်းဆီးရန် တာချီလိတ်ခရိုင်ရဲရုံးက မေ ၃၀ ရက်တွင် စာထုတ်ညွှန်ကြားထားသည်။ မေလ ၃၀ ရက်တွင် ထုတ်ပြန်သည့် ယင်းစာတွင် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့များကိုယ်တိုင် ဌာနဆိုင်များနှင့် ပူးပေါင်းဖမ်းပြီး အများပြည်သူသွားလမ်းများနှင့် ကားအရောင်းခန်းမ Showroom များမှ လိုင်စင်မဲ့ကားများကို ဖမ်းဆီးရန်နှင့် နေ့စဥ် ညနေ ၄ နာရီအချိန်တိုင်း လုပ်ဆောင်မှု ဓာတ်ပုံမှတ်တမ်းနှင့်အတူ တင်ပြသွားရန် ပါရှိသည်။ ရှမ်းပြည်အတွင်းရှိ အခြားမြို့များနည်းတူ တာချီလိတ်မြို့တွင်လည်း လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမည်ဆိုသည့်အတွက် လူသွားလူလာ ရှင်းလင်းသွားကြောင်း ဒေသခံများထံမှ သိရသည်။ “လောလောဆယ်တော့ ကားတွေ ရှင်းသွားတယ်။ လူစုနေတယ်လည်း ကြားတယ်။

မဲခေါင်၊ ဇွန် ၁

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်နှင့် မိုင်းဖြတ်မြို့တွင် လိုင်စင်မဲ့ယာဥ်များကို ဖမ်းဆီးရန် တာချီလိတ်ခရိုင်ရဲရုံးက မေ ၃၀ ရက်တွင် စာထုတ်ညွှန်ကြားထားသည်။

မေလ ၃၀ ရက်တွင် ထုတ်ပြန်သည့် ယင်းစာတွင် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့များကိုယ်တိုင် ဌာနဆိုင်များနှင့် ပူးပေါင်းဖမ်းပြီး အများပြည်သူသွားလမ်းများနှင့် ကားအရောင်းခန်းမ Showroom များမှ လိုင်စင်မဲ့ကားများကို ဖမ်းဆီးရန်နှင့် နေ့စဥ် ညနေ ၄ နာရီအချိန်တိုင်း လုပ်ဆောင်မှု ဓာတ်ပုံမှတ်တမ်းနှင့်အတူ တင်ပြသွားရန် ပါရှိသည်။

ရှမ်းပြည်အတွင်းရှိ အခြားမြို့များနည်းတူ တာချီလိတ်မြို့တွင်လည်း လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမည်ဆိုသည့်အတွက် လူသွားလူလာ ရှင်းလင်းသွားကြောင်း ဒေသခံများထံမှ သိရသည်။

“လောလောဆယ်တော့ ကားတွေ ရှင်းသွားတယ်။ လူစုနေတယ်လည်း ကြားတယ်။ စက်မှုဇုံဘက်လည်း ကားတွေရှင်းနေတယ်။ ဟုတ်မဟုတ်တော့ မသိဘူး၊ အခြားက လာဖမ်းမယ်ပြောတာပဲ။ အရင်ကလည်း ကျိုင်းတုံက လာဖမ်းတာလေ” ဟု မကာဟိုခမ်းရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို ယနေ့ ဇွန်လ ၁ ရက်တွင် ပြောသည်။

မိုင်းဆတ်တွင်လည်း လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမည်ဆိုသည့် သတင်းများကြောင့် ဒေသခံအများစုမှာ ယာဉ်များ ထုတ်မမောင်းဘဲနေကြကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်ကပြုလုပ်သည့် ရှမ်းအစိုးရအစည်းအဝေးတွင် စစ်ဖက်၊ ရဲဖက်၊ ကျန်သည့် အရပ်ဖက်ဌာနများတွင် ဦးစီးနှင့် ညွှန်မှူးအဆင့်များမှလွဲ၍ အခြားအဆင့်များ၏ လိုင်စင်မဲ့ကားများကိုပါ ဖမ်းဆီးရမည်ဟု ညွှန်ကြားထားကြောင်း ပြည်နယ်အစိုးရရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ရာထူးနိမ့်တွေရဲ့ ကားတွေကိုပါ စစ်ဆေးပိုင်ခွင့်ရှိတဲ့အပြင် အဆိုပါ ကားတွေရဲ့ ကားရှေ့မှန်မှာ ပညာရေး၊ ကျန်းမာရေး၊ သစ်တော၊ ပြည်ထဲရေး၊ စည်ပင် အစရှိတဲ့ ဘယ်ဌာနရဲ့ လိုဂိုနေနေ ဘယ်သူကြီး၊ ဘယ်ဝါကြီးရဲ့ ဘာနေနေ အကုန်ဆွဲစိခွင့်ရှိမယ်၊ တစ်လ အသိမ်းခံရမယ်။ ပြီးရင် ဌာနကနေ အဆင့်ဆင့် ဒဏ်ကြေးပေးဆောင်ပြီး ပြန်လည်အသုံးပြုခွင့်ရမယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

ပြည်သူများ မောင်းနှင်သည့် လိုင်စင်မဲ့ကားများကိုမူ အပြီးသိမ်းဆည်းခံရမှာဖြစ်ပြီး ပြန်လည် ရွေးထုတ်ပေးခြင်း မရှိစေသည့်အပြင် မောင်းပြေး၍ မိခဲ့ပါက လူကိုထောင်ဒဏ် သို့မဟုတ် ဒဏ်ငွေ ကြီးလေးစွာ ပေးဆောင်စေရန် သတ်မှတ်ထားကြောင်းနှင့် လိုအပ်ပါက ရပ်ကွက်၊ ကားရေဆေးစင်၊ ကားပြုပြင်ရေးတွေအထိပါ ဝင်ရောက်၍ စစ်ဆေးပြီး ထိန်းသိမ်းပိုင်ခွင့် ရှိရမည်ဟု သိရသည်။

မဟာ
#MeKongNews
#တာချီလိတ်
#မိုင်းဖြတ်
#ရှမ်းအရှေ့
#လိုင်စင်မဲ့ယာဉ်
#ဖမ်းဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now