နေ့စဥ်သတင်း

သီလဝါ နိုင်ငံတကာဆိပ်ကမ်းစီမံကိန်းမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ဂျပန်ကုမ္ပဏီ ၃ ခု အတည်ပြု

မဲခေါင် 15 May - 2025
မဲခေါင်၊ မေလ ၁၅ ဂျပန်ကုမ္ပဏီ ၃ခုဖြစ်သည့် Kamigumi ကုမ္ပဏီ၊ Sumitomo Corporation နှင့် Toyota Tsusho တို့သည် စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီနှင့် ချိက်ဆက်နေသည့် သီလဝါဘက်စုံသုံးနိုင်ငံတကာဆိပ်ကမ်းစီမံကိန်း – TMIT မှ နုတ်ထွက်တော့မည်ဟု အတည်ပြုကြောင်း Justice For Myanmar (JFM) က ၂၀၂၅ ခုနှစ် မေလ ၁၄ ‌ရက်နေ့တွင် ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ၏ လွတ်လပ်သောအချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) က လူ့အခွင့်အရေးချိုးဖောက်မှုများတွင် အားပေးအားမြောက်ပြုနိုင်မည့် အန္တရာယ်ရှိသည့်အတွက် ဦးပိုင်ကုမ္ပဏီ သို့မဟုတ် ၎င်းတို့မိတ်ဖက်များနှင့် စီးပွားရေးပတ်သက်ဆက်နွှယ်မှု မလုပ်ဆောင်ရန် တိုက်တွန်းခဲ့ပြီးနောက် သီလဝါဆိပ်ကမ်းစီမံကိန်းတွင် ပါဝင်လုပ်ဆောင်နေမှုတို့ကို ဂျပန်ကုမ္ပဏီ ၃ခုက ရပ်ဆိုင်းလိုက်ခြင်း

မဲခေါင်၊ မေလ ၁၅

ဂျပန်ကုမ္ပဏီ ၃ခုဖြစ်သည့် Kamigumi ကုမ္ပဏီ၊ Sumitomo Corporation နှင့် Toyota Tsusho တို့သည် စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီနှင့် ချိက်ဆက်နေသည့် သီလဝါဘက်စုံသုံးနိုင်ငံတကာဆိပ်ကမ်းစီမံကိန်း – TMIT မှ နုတ်ထွက်တော့မည်ဟု အတည်ပြုကြောင်း Justice For Myanmar (JFM) က ၂၀၂၅ ခုနှစ် မေလ ၁၄ ‌ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ၏ လွတ်လပ်သောအချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) က လူ့အခွင့်အရေးချိုးဖောက်မှုများတွင် အားပေးအားမြောက်ပြုနိုင်မည့် အန္တရာယ်ရှိသည့်အတွက် ဦးပိုင်ကုမ္ပဏီ သို့မဟုတ် ၎င်းတို့မိတ်ဖက်များနှင့် စီးပွားရေးပတ်သက်ဆက်နွှယ်မှု မလုပ်ဆောင်ရန် တိုက်တွန်းခဲ့ပြီးနောက် သီလဝါဆိပ်ကမ်းစီမံကိန်းတွင် ပါဝင်လုပ်ဆောင်နေမှုတို့ကို ဂျပန်ကုမ္ပဏီ ၃ခုက ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

Kamigumi၊ Sumitomo Corporation နှင့် Toyota Tsusho ကုမ္ပဏီတို့သည် စစ်ကောင်စီလက်အောက်ခံ ဦးပိုင်ကုမ္ပဏီနှင့် ပါတ်သက်နေသည့် မြန်မာ Ever Flow River Group – EFR Group လက်ခွဲကုမ္ပဏီ ဖြစ်သည့် K Efficient Logistics Consortium Company Limited နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်သည်။

EFR Group သည် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ခံထားရသည့် ဦးပိုင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲ Lann Pyi Marine နှင့် ရန်ကုန်မြို့ရှိ ကုန်းတွင်းဆိပ်ကမ်းဝန်း တစ်ခုတည်ဆောက်ရာတွင် မိတ်ဖက်များအဖြစ် ပူးတွဲလုပ်ကိုင်နေကြသည်ဟု Justice for Myanmar က သတင်းထုတ်ပြန်ထားသည်။

ဂျပန်ကုမ္ပဏီ ၃ခုသည် အရပ်ဘက်အဖွဲ့အစည်းများ၏ စုံစမ်းမေးမြန်မှုများကို ပြန်လည်ဖြေကြားခဲ့ရာ ၎င်းတို့အနေဖြင့် သီလဝါဆိပ်ကမ်းစီမံကိန်းမှ နုတ်ထွက်တော့မည် ဖြစ်ကြောင်း၊ စာရင်းဖျက်သိမ်းမှုများအား စတင်လုပ်ဆောင်ထားပြီးဖြစ်ကြောင်း အတည်ပြုခဲ့သည်။

Kamigumi Co.,ltd မှ တာဝန်ရှိသူ တစ်ဦးက ယင်းဆိပ်ကမ်းစီမံကိန်းလုပ်ငန်းမှ နုတ်ထွက်ပြီး မြန်မာဆိပ်ကမ်းအာဏာပိုင်တို့နှင့် သဘောတူညီချက်ကိုလည်း ရပ်ဆဲကာ ကုမ္ပဏီကို ဖျက်သိမ်းရန် ဆောင်ရွက်နေသည် ဟု ဆိုထားသည်။

Sumitomo Corporation ကလည်း မိမိတို့အနေနှင့် မြန်မာဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့် သဘောတူညီချက်ကို ရပ်ဆဲကာ ကုမ္ပဏီကို ဖျက်သိမ်းတော့မည့် ဖြစ်ပြီး စီမံကိန်းအောက်ရှိ ဝန်ထမ်းများကို အခြားပြည်တွင်းကုမ္ပဏီထံ လွဲပြောင်းရာတွင်လည်း နုတ်ထွက်ရခြင်းများ မဖြစ်စေရန် အကူအညီပေးမည် ဟု ဆိုထားသည်။

Toyota Tsusho ကုမ္ပဏီကလည်း သီလဝါဆိပ်ကမ်းစီမံကိန်း တွင် ပါဝင်လုပ်ဆောင်နေခြင်းကို ရပ်ဆိုင်းတော့မည် ဟု အတည်ပြုထားသည်။

သို့သော်လည်း သီလဝါဆိပ်ကမ်းစီမံကိန်း ကို ဂျပန်နိုင်ငံမှ အစိုးရဘဏ္ဍာရေးအဖြစ် ပူးတွဲလုပ်ကိုင်နေသည့် Japan Overseas Infrastructure Investment Corporation for Transport & Urban Development (JOIN) နှင့် Nippon Export and Investment Insurance (NEXI)တို့ကမူ စီမံကိန်းနှင့်ပါက်သက်၍ ထုတ်ဖော်ပြောဆိုခြင်း မပြုကြပေ။

EFR Group ကို မဲခေါင်သတင်းဌာနမှ Email ဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ရှိအချိန်ထိ ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပေ။

သီလဝါဆိပ်ကမ်းစီမံကိန်းကို မြန်မာနိုင်ငံအတွက် ဂျပန်နိုင်ငံ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) ဖြင့် ၂၀၁၃ ခုနှစ်က စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ထံမှ ကြီးကြပ်လုပ်ပိုင်ခွင့်များ ရရှိပြီး နောက်ပိုင်း Kamigumi ကုမ္ပဏီသည် ဆိပ်ကမ်းကို JOIN၊ Sumitomo Corporation၊ Toyota Tsusho နှင့် မြန်မာကုမ္ပဏီ K Efficient Logistics Consortium Company Limited တို့အကြား ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်သည့် STJ Thilawa Terminal Co., Ltd တို့နှင့်အတူ စတင်တည်ဆောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သီလဝါဆိပ်ကမ်းစီမံကိန်းကို နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့် စစ်အုပ်စုစီးပွားရေး လုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဆက်စပ်အထောက်အထားများရှိသော ခရိုနီကုမ္ပဏီ Ever Flow River Group (EFR) နှင့် မိတ်ဖက်လုပ်ကိုင်ခြင်း ဖြစ်၍ ဂျပန်ရင်းနှီးမြှုပ်နှံသူများ၊ အစိုးရကျောထောက်နောက်ခံရှိ အာမခံကုမ္ပဏီနှင့် အခြေခံအဆောက်အဦကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းတစ်ခုတို့ကို ပွင့်လင်းမြင်သာမှု ရှိရေးနှင့် လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာရေးအတွက် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားကြောင်း Justice for Myanmar က ဖော်ပြထားသည်။

ထိုကြောင့် သီလဝါဘက်စုံသုံးနိုင်ငံတကာဆိပ်ကမ်းစီမံကိန်းတွင် တည်ဆောက်ရေးတွင် ပါဝင်လုပ်ဆောင်နေသည့် ဂျပန်ကုမ္ပဏီ သုံးခု ဖြစ်သည့် Kamigumi၊ Sumitomo Corporation နှင့် Toyota Tsusho တို့က ဆက်လက် မလုပ်ဆောင်တာ့ပဲ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံထံမှ ODA ချေးငွေဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်လုပ်ဆောင်ခွင့် ရရှိနေသည့် Japan Overseas Infrastructure Investment Corporation for Transport & Urban Development (JOIN) နှင့် Nippon Export and Investment Insurance (NEXI)တို့ကမူ ပြန်လည် ဖြေကြားခြင်း မပြုပေ။

TMIT ဆိပ်ကမ်းသည် သီလဝါအထူးစီးပွားရေးဇုန် ဆိပ်ကမ်းရှိ ဆိပ်ကမ်းအမှတ် (၂၅) နှင့် (၂၆) တို့တွင် တည်ရှိပြီး မြန်မာဆိပ်ကမ်းအာဏာပိုင်သည် ဂျပန်အကူအညီ ODA အစီအစဉ်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။

သီလဝါဘက်စုံသုံးနိုင်ငံတကာဆိပ်ကမ်းစီမံကိန်းကို၂၀၁၃ ခုနှစ်က ဂျပန်နိုင်ငံထံမှ ဂျပန်ယန်း ၂၃၄၈၀ သန်းကို ချေးယူကာ စတင်တည်ဆောက်ခဲ့ပြီး ချေးငွေပြန်လည်ပေးဆပ်ရမည့် ကာလမှာ ဆိုင်းငံ့ကာလ ၁၀ နှစ်အပါအဝင် စုစုပေါင်းနှစ် ၄၀ဖြစ်ကြောင်း၊ ပေးဆပ်ရမည့် အတိုးနှုန်းမှာ (တစ်နှစ်လျှင်) ၀.၀၁ ရာခိုင်နှုန်း ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ထားသည်။

ကုမ္ပဏီများအနေနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရမည့် ၎င်းတို့တာဝန်များကို လိုက်နာလုပ်ဆောင်ရန်နှင့် ငွေကြေးအကျိုးအမြတ် မှန်သမျှ မြန်မာစစ်အုပ်စုထံ မရောက်ရှိစေရေး ကာကွယ်ရန် အဖွဲ့အစည်း ၇ဖွဲ့မှ တိုက်တွန်းထားသလို ဆက်လက်စောင့်ကြည့်နေကြောင်း Justice for Myanmar က ဆိုထားသည်။

#MeKongNews
#သီလဝါဆိပ်ကမ်း
#ဂျပန်ကုမ္ပဏီ
#JFM
#ဦးပိုင်ကုမ္ပဏီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now