မဲခေါင်၊ ဧပြီ ၁၀
ရှမ်းပြည်တောင်ကြီးသို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဧပြီ၉ရက်က ရောက်နေသည့်အတွက် တောင်ကြီးနှင့်အနီးတစ်ဝိုက်တွင် လုံခြုံရေးတင်းကြပ်စွာချထားသလို စစ်ဆေးရေးလည်း တင်းကြပ်နေပြီး ကုန်ကုန်များလည်း တောင်ကြီးမြို့ထဲ သွားလာခွင့်မရကြောင်း ကုန်ကားယာဥ်မောင်းများနှင့် ဒေသခံများထံက သိရသည်။
ယနေ့ ဧပြီလ ၁၀ ရက်ပိုင်းတွင် စစ်ခေါင်းဆောင်ဟိုပုံးမြို့သို့ ရောက်ရှိနေပြီး မနက်ဖြန် ဧပြီလ၁၁ရက်နေ့၌ တောင်ကြီးမြို့ တောင်ချွန်းရှိ ရွှေဘုန်းပွင့်စေတီတော်ကို ထီးတင်မည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့သို့ ရှမ်းအရှေ့အဝင်ဂိတ်ဖြစ်သည့် ဟိုပုံးမြို့နှင့် ရွှေညောင်ဘက် ထုံးဘိုဂိတ်များတွင် ယနေ့ ဧပြီလ၁၀ရက်မှ ၁၂ ရက်အထိ ပိတ်ထားကြောင်း သိရသည်။
“သူတို့ စာထုတ်ထားတယ်ပြောတယ်။ အင်းလေးဘက်လည်းသွားမယ်တဲ့၊ ရေပေါ်သင်္ကြန်ဖျက်တာ စာတော့ထုတ်တာမတွေ့ရဘူး။ ငလျင်ကလှုပ်ဆဲဆိုတော့ နေပြည်တော်မှာ မနေရဲလို့ တောင်ကြီးလာခိုတာဖြစ်မယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်နေခြင်းကြောင့် လူ ငယ်များ အထူးသတိထားကြရန် တောင်ကြီးတော်လှန်ရေးထောက်ပို့ Taunggyi Support Revolution က အထူးသတိပေး ထားသည်။
စစ်ခေါင်းဆောင်သည် စစ်မြေပြင်အရပ်ရပ်တွင်စစ်ရှုံးနေရာ ဧပြီလ၉ရက်နေ့ကပင် ၎င်း၏ တပ်မ ၇၇တပ်မမှူးနှင့်တပ်ဖွဲ့ဝင်များ NUG လက်အောက်ခံ PDF တပ်များ၏ ဖမ်းဆီးခံနေရချိန်တွင် ဘုရားထီးတော် လာတင်နေခြင်းဖြစ်သည်။
မဟာ
#တောင်ကြီး
#စစ်ခေါင်းဆောင်
#မင်းအောင်လှိုင်
#ရွှေဘုန်းပွင့်








