မဲခေါင်၊ ဧပြီ ၉
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၏ ရိုးရာမဟာသင်္ကြန်စည်တော် နန္ဒဘေရီ(ဖားစည်ပွဲတော်)ကို ယခုနှစ်တွင် ရိုးရာမပျက် အကျဥ်းရုံးသာ ပူဇော်ပသမည်ဖြစ်သည်ဟု စည်တော်နန္ဒဘေရီ ကျဥ်းပရေးကော်မတီက ယနေ့ ဧပြီလ၉ရက်တွင် ကြေညာသည်။
နှစ်စဥ်ပြုလုပ်နေကြဖြစ်ပြီး ယခုနှစ်အတွက်မူ မဟာသင်္ကြန်စာအရ သကြားမင်းသည်မြွေကိုစီးပြီး ညာဘက်လက်က အဲမောင်း ဘယ်ဘက်လက်က ချွန်းကိုင်ထားသည့် ရုပ်တုနှင့် နန္ဒဘေရီစည်တော်တင်ပွဲတို့ကို စပ်လုံကတ်အောင်မြေနတ်နန်းမှ မြို့အတွင်းသို့ လှည့်လည်ကာ “လောင့်ကုပ်” နမ့်ခင်ချောင်းသို့ တန်းစီပို့ဆောင်သည့် အစီအစဥ်မရှိတော့ကြောင်း သိရသည်။
“ငလျင်ဘေးကြီးဖြစ်ခဲ့တာလေ၊ တန်းစီပြီး လူစုလူဝေးနဲ့ မလုပ်တော့ဘူး။ ရိုးရာပူဇော်ပသတာပဲရှိမယ်” ဟု စည်တော်နန္ဒဘေရီကျင်းပရေး ကော်မတီဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်။
ဖားစည်ပွဲသည် တစ်နှစ်တွင် တစ်ကြိမ်သာ ကျင်းပပြုလုပ်သည့် ရှမ်းရိုးရာပွဲတစ်ခုဖြစ်ပြီး အနီးနား ပတ်ဝန်းကျင်ရှိ ရှမ်းလူမျိုး (ဂုံသျှမ်း) အားလုံးနီးပါး ပါဝင်ဆင်နွဲကြကာ ပွဲပြီးချိန်မှာတော့ ဘုန် ကြီးကျောင်းကန်များသို့သွားရောက်ပြီး ဥပုဒ်သီလ စောင့်တည်ကြကြောင်း သိရသည်။
#MeKongNews
#ကျိုင်းတုံ
#ဖားစည်ပွဲတော်
#နန္ဒဘေရီစည်တော်တင်ပွဲ








