နေ့စဥ်သတင်း

ကျိုင်းတုံ စော်ဘွားစျေးနေ့ ကျင်းပ

မဲခေါင် 21 Mar - 2025
မဲခေါင်၊ မတ် ၂၁ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ နှစ်စဉ်ကျင်းပသည့် စော်ဘွားစျေးနေ့ မတ်လ ၂၀ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း ဒေသခံများထံက သိရသည်။ စော်ဘွားစျေးကျင်းပသည့် ရက်တွင် ကျိုင်းတုံမြို့မစျေးအားပိတ်ထားပြီး စျေးသည်များအားလုံး စော်ဘွားစျေးတွင် လာရောက်ရောင်းချကြကာ မြို့သူမြို့သားများ၊ ဧည့်သည်များ သွားရောက်လည်ပတ်စျေးဝယ်ထွက်ကြရာ ယခုနှစ်တွင် မနက်ပိုင်းက တိုးမပေါက်အောင် လူစည်ကားခဲ့သည်ဟု သိရသည်။ ယခုနှစ် ဝမ်းကတ်ကောင်ဝ်(ဝၼ်းၵၢတ်ႇၵဝ်ႇ)(စျေးဟောင်းနေ့)ကို မတ်လ ၁၉ ရက်နေ့(အကြို့နေ့) ညနေပိုင်းတွင် စျေးစတင် တည်ခင်းရောင်းချခဲ့ပြီး မတ်လ ၂ဝ ရက် စော်ဘွားစျေးကို နံနက် ၆ နာရီခန့်မှ စတင်ပြီး နံနက် ၉ နာရီမှ ၁၁ နာရီခန့်အချိန်သည် အစည်ကားဆုံးအချိန်ဖြစ်ကြောင်း

မဲခေါင်၊ မတ် ၂၁

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ နှစ်စဉ်ကျင်းပသည့် စော်ဘွားစျေးနေ့ မတ်လ ၂၀ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စော်ဘွားစျေးကျင်းပသည့် ရက်တွင် ကျိုင်းတုံမြို့မစျေးအားပိတ်ထားပြီး စျေးသည်များအားလုံး စော်ဘွားစျေးတွင် လာရောက်ရောင်းချကြကာ မြို့သူမြို့သားများ၊ ဧည့်သည်များ သွားရောက်လည်ပတ်စျေးဝယ်ထွက်ကြရာ ယခုနှစ်တွင် မနက်ပိုင်းက တိုးမပေါက်အောင် လူစည်ကားခဲ့သည်ဟု သိရသည်။

ယခုနှစ် ဝမ်းကတ်ကောင်ဝ်(ဝၼ်းၵၢတ်ႇၵဝ်ႇ)(စျေးဟောင်းနေ့)ကို မတ်လ ၁၉ ရက်နေ့(အကြို့နေ့) ညနေပိုင်းတွင် စျေးစတင် တည်ခင်းရောင်းချခဲ့ပြီး မတ်လ ၂ဝ ရက် စော်ဘွားစျေးကို နံနက် ၆ နာရီခန့်မှ စတင်ပြီး နံနက် ၉ နာရီမှ ၁၁ နာရီခန့်အချိန်သည် အစည်ကားဆုံးအချိန်ဖြစ်ကြောင်း သိရသည်။

“မိုးဖွဲဖွဲ ကျနေတဲ့အထဲက အနွေးထည်အထူကြီးတွေဝတ်ပြီး စျေးဝယ်ရတာ ကျနော်တို့ ဂုံရှမ်းရိုးရာအရ အလွန်ပျော်စရာကောင်းလှတယ်။ တစ်နှစ်မှ တစ်ကြိမ်၊ တစ်ကြိမ်မှ တစ်ရက်၊ တစ်ရက်မှ တစ်မနက်တည်း ကျင်းပလျှက်ရှိတဲ့ ကျနော်တို့ရှမ်းအရှေ့ ကျိုင်းတုံမြို့ ကျနော်တို့ဂုံရုမ်းရိုးရာဓလေ့ထုံးစံ အလှူအဒါန်းပေးခြင်း ကုသိုလ်တစ်မျိုးပါခ။ ရှေးခေတ်အလှူတန်းတစ်မျိုးပါခ။ လူနတ်သတ္တဝါများအားလုံး လူနတ်ဗြဟ္မာများအားလုံး ကုသိုလ်အမျှခ။ ဆာတုခ” ဟု ကျိုင်းတုံမြို့သားတစ်ဦးက ပြောသည်။

ဈေးနေ့ နံနက်ပိုင်းတွင် စော်ဘွားကြီးနှင့်တကွ ကွယ်လွန်‌လေပြီးသော ဆွေတော်မျိုးတော်များအားလုံးကို ရည်စူး၍ အုတ်ဂူတည်ရှိသောနေရာတွင် သံဃာတော်များပင့်ဆောင်ပြီး ဆွမ်းပွဲနှင့်အလှူအတန်း ပြုလုပ်ပေးပြီး ညပိုင်း ၆ နာရီတွင် အုတ်ဂူနေရာ၌ ဆီးမီးခွက် ၁၀၀၀ ခွက် ပူဇော်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကတ်တောင်ဝ်(စျေးဟောင်းနေ့)စျေးတည်ခင်းသည့်နေရာမှာ မဟာမြတ်မုနိဘုရား စျေးတန်းကြီးလမ်းတလျှောက် ပါလျှံတံခါးကျော်ပြီး (ပြည်သူ့ဆေးရုံဟောင်း)မြို့နယ်ထွေအုပ်ရုံးထိ၊ ပါလျှံတံခါးမှ လွယ်မွေလမ်းတလျောက် မြန်မာ့စီးပွားဘဏ် အနီးအထိနှင့် ပါလျှံတံခါးမှ စျေးတန်းလေးလမ်းတစ်လျောက် ဖြစ်ကြောင်း သိရသည်။

စော်ဘွားစျေးပေါ်ပေါက်လာပုံသမိုင်းမှာ သက္ကရာဇ် ၇၃၀ ခုနှစ် အေဒီ ၁၃၆၈ ခုနှစ် စော်ဘွားစောဝ်ကျစ်ပ်ပန်းတူ (ခ)စောဝ်သတ္တဗန္တုရာဇာ လက်ထက်တော်တွင် စတင်ခဲ့ပြီး ယခုအောင်မြေနတ်နန်းပုရဝုဏ်နေရာသည် “စော်ဘွားစျေး” ဖြစ်ကြောင်း သိရသည်။

#MeKongNews
#စော်ဘွားဈေးနေ့
#ကျိုင်းတုံ
#အောင်မြေနတ်နန်း
#ဈေးဟောင်းနေ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now