မဲခေါင်၊ မတ်၈
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ ရှေးနှစ်ပေါင်းရာချီအစဥ်အလာအရ ကျင်းပခဲ့သည့်စော်ဘွားစျေး ခေါ် စျေးဟောင်းနေ့ကို လာမည့် မတ်လ၂၀ရက်(ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။
ယင်းစျေးနေ့ကို ရက်ရွေးချယ်သည့်ရက်မှာ ဂုံရှမ်းပြက္ခဒိန်အရ တပေါင်းလဆုတ်၊ မဂဏန်းကျသည့်ရက်ထဲမှ တနင်္လာ၊ အင်္ဂါ၊ ကြာသာပတေး၊ စနေရက်များကျပြီး ကတ်တောင်စျေးနေ့နှင့်တိုက်ဆိုင်သည့် ရက်ကို ရွေးရခြင်းဖြစ်သည်ဟု ကျိုင်းတုံရှမ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့ဝင် တစ်ဦးက ရှင်းပြသည်။
“တစ်နှစ်မှာ တစ်ရက်၊ တစ်ရက်မှာ မနက်တစ်ပိုင်းပဲ၊ စျေးလာသူတွေအားလုံး ကောင်းတဲ့မင်္ဂလာနဲ့ ပြည့်စုံစေတယ်။ ဝယ်တဲ့ပစ္စည်းလည်း ကျန်းမာရေး၊ စီးပွားရေးကောင်းမွန်စေပြီး ရောင်းရငွေကိုလည်း လာဘ်အနေနဲ့ သိမ်းထားရင် တစ်နှစ်ပတ်လုံး ငွေရွှင်စေတယ်လို့ အယူရှိတယ်”ဟု ၎င်းကပြောသည်။
ကျိုင်းတုံမြိုနယ်တွင်းရှိ ၅ရက်တစ်စျေးအစဥ် အလိုက်ပြုလုပ်ရာ ယင်းထဲမှ ကတ်တောင်စျေးနေ့ကို ရွေးချယ်ရခြင်းမှာ ဝမ်းကတ်ကော်ဝ်ခေါ် စျေးဟောင်းနေရာဖြစ်သည့်အပြင် ရှေးစော်ဘွားများ အဆိုပါစျေး၌ ညအိပ်ညနေ စစ်အောင်နိုင်ရန်နှင့် နယ်မြေအေးချမ်းစေရန် ရည်စူးစျေးဝယ်ပြီးမှ စစ်ထွက်သည့် အစဥ်အလာအရ ဖြစ်သည်ဟု ဆိုသည်။
စော်ဘွားစျေးကို နှစ်စဉ် လွိုင်မွေလမ်း၊ ကျိန်းကျန် စျေးတန်းကြီးလမ်း၊ တာယောလမ်း ပါလျံတံခါး လမ်းဆုံ ထိုမှတစ်ဆင့် ကျိန်းလန်း လမ်းအကွေ့အထိခင်းကျင်းရောင်းချကြသည်။
မှတ်ချက် – ပုံဟောင်း
မဟာ
#MeKongNews
#စော်ဘွားဈေးနေ့
#ကျိုင်းတုံ
#ကတ်တောင်ဈေးနေ့
#ဈေးဟောင်းနေ့








