နေ့စဥ်သတင်း

မိုးကုတ်မှတ်ပုံတင်ကိုင်ဆောင်ထားသူ ကိုးကန်၊ တရုတ်သွေးနှောတွေကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေ ငွေညစ်

မဲခေါင် 12 Oct - 2024
MK – 016

မဲခေါင်၊ အောက်တိုဘာ ၁၂
 
ပြင်ဦးလွင်နဲ့နောင်ချိုကြားတစ်လျှောက် လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တွေမှာ မိုးကုတ်မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို အကြောင်းမဲ့ ငွေညစ်တောင်းခံတာတွေ ပြုလုပ်နေတယ်လို့ ခရီးသွားတွေထံကနေ သိရပါတယ်။
 
မန္တလေး-မိုးကုတ် ကိုခရီးသွားလာနေတဲ့ မိုးကုတ် မုတ်ပုံတင်၉/မကန(နိုင်) ကိုင်ဆောင်ထားသူ၊ အထူးသဖြင့် ကိုးကန့်လူမျိုးနဲ့ တရုတ်သွေးနှောတွေကို စစ်ကောင်စီဂိတ်မှာ အကြောင်းမဲ့ ငွေညစ်တောင်းခံနေတာဖြစ်ပြီး တစ်ယောက်ကို ကျပ် ၃သောင်း၊ ၅သောင်း တောင်းခံတယ်လို့ ခရီးသွားအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
 
“မန္တလေးကနေဆိုရင် အထွက်နားလို့ပြောရမလား၊ မေမြို့အဝင်နားက ၂၄ မိုင်ဂိတ်၊ အဲဒီနားကစပြီးတော့ မှတ်ပုံတင်က မိုးကုတ်မှတ်ပုံတင်၊ ဒါပေမဲ့လူမျိုးမှာက ကိုးကန့်ပါတာပြီးတော့ ဗမာ၊ တရုတ်။ အဲဒီဟာကိုတရုတ်လို့ပါလို့ သူတို့(စစ်ကောင်စီ)ဂိတ်က တစ်ယောက်ကို ၃ သောင်း၊ ၅သောင်း အဲ့လိုတောင်းတာ။ အဲ့ကားပေါ်ပါလာတဲ့ ကိုးကန့် ၂ယောက်ကို တစ်ယောက် ၅သောင်းတောင်းတာ ပေးလိုက်ရတယ်” လို့ သူက‌ပြောပါတယ်။
 
ပြင်ဦးလွင်အထွက်က လမ်းတလျှောက်မှာရှိတဲ့ စစ်ကောင်စီဂိတ်များက မိုးကုတ်မှတ်ပုံတင် ကိုင်ဆောင်ထားသူခရီးသည်တွေကို တစ်ယောက် ၅၀၀၀ ကျပ်စီ အကြောင်းမဲ့ငွေညစ်တာလည်း ရှိတယ်လို့ ခရီးသွားတွေကဆိုပါတယ်။
 
“ပြင်ဦးလွင်အထွက်က ကြိမ်ဂနိုင်ရွာ မရောက်ခင်လမ်းမကြီးမှာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ သွားနေတဲ့ခရီးသည်တိုင်းကို ရဲတွေက မှတ်ပုံတင်တွေယူကြည့်တယ်။ မိုးကုတ်မှတ်ပုံတင်ဆိုရင် တစ်ယောက်ကို ၅ထောင်၊ တစ်သောင်းတောင်းတယ်” လို့ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။
 
လက်ရှိ ပြင်ဦးလွင်ကွင်းလမ်းကနေ သွားလာတဲ့ ခရီးသွားတွေကို စစ်ကောင်စီရဲ့ ပြင်ဦးလွင် ၂၄မိုင်ဂိတ်၊ ဝက်ဝံဂိတ်နဲ့ ယင်းငူပင်ဂိတ်တွေမှာ ငွေညစ်တောင်းခံတာတွေ ပြုလုပ်နေပြီး စစ်ကောင်စီရဲ့ ဝက်ဝံဂိတ်မှာ မန္တလေး- မိုးကုတ်သွားတဲ့ ၈/ မကွေးတိုင်း မှတ်ပုံတင် ကိုင်ဆောင်သူတွေကို အကြောင်းမဲ့ ငွေညစ်တောင်းခံတာမျိုး ပြုလုပ်တယ်လို့ ခရီးသွားထံမှ သိရပါတယ်။
 
လက်ရှိမှာ  ပြင်ဦးလွင်ကွင်းလမ်း၊ တောလမ်းဘက်ကနေ မိုးကုတ်၊ နောင်ချို၊ လားရှိုးသွားတဲ့ ခရီးသွားလာတဲ့ကားတွေ အများဆုံးသွားလာ ကြတာဖြစ်ပါတယ်။
 
ဒါ့အပြင့ ပြင်ဦးလွင် ကွင်းလမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ လူသုံးကုန်ဖြစ်တဲ့ ဆိုလာပြားနဲ့ ပါဝါဘန့်တွေကို သယ်ဆောင်ခွင့် ပိတ်ပင်ထား တယ်လို့ ယာဉ်မောင်းတွေထံက သိရပါတယ်။
 
ဇူလိုင် ၂၄ ရက်နေ့က TNLA နဲ့ပူးပေါင်းတပ်တွေ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို သိမ်းပိုက်ရရှိပြီးနောက်မှာ စစ်ကောင်စီက မန္တလေး-မိုးကုတ် ပုံမှန် သွားလာတဲ့ ပြင်ဦးလွင်-မိုးကုတ် လမ်းမကြီးကို ပိတ်ဆို့ထားတဲ့အတွက်  မန္တလေး-မိုးကုတ် ခရီးသည်တွေဟာ ပြင်ဦးလွင် ကွင်းလမ်းဘက်ကနေ ညအိပ်ပြီး ခက်ခက်ခဲခဲသွားလာရတာဖြစ်ပါတယ်။

MK – 016

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now