နေ့စဥ်သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် ကျောင်းကိုစွန့်ခွာပြီး ကြုံရာလုပ်နေရတဲ့ ကလေးနဲ့လူငယ် သန်းနဲ့ချီရှိလာ

မဲခေါင် 21 Mar - 2023
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျောင်းပညာရေးကို စွန့်ခွာပြီး ကြုံရာအလုပ် ဝင်ရောက် လုပ်ကိုင် နေရတဲ့ ကလေးနဲ့လူငယ် သန်းနဲ့ချီ ရှိလာတယ်လို့ ပညာရေး အသိုင်းအဝိုင်းက ပြောပါတယ်။

မဲခေါင်၊ မတ် ၂၁

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျောင်းပညာရေးကို စွန့်ခွာပြီး ကြုံရာအလုပ် ဝင်ရောက် လုပ်ကိုင် နေရတဲ့ ကလေးနဲ့လူငယ် သန်းနဲ့ချီ ရှိလာတယ်လို့ ပညာရေး အသိုင်းအဝိုင်းက ပြောပါတယ်။

အာဏာသိမ်းပြီး ၂ နှစ်အတွင်း ကျောင်းပြင်ပ ရောက်သွားတဲ့ ကလေး ၇ ဒသမ ၈ သန်းရှိတယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ Save the Children က ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ ထုတ်ပြန်ထားပါတယ်။

“စာမေးပွဲ မဖြေ ကျောင်းမတက်နိုင်တဲ့ ကလေးတွေဟာ လွတ်မြောက် နယ်မြေ နဲ့ တိုင်းရင်းသား နယ်မြေတွေ ရောက်သွားကြတယ်။ အဲဒီ ရောက်သွားတဲ့ ကျောင်းသား၊ ကျောင်းသူက တစ်သိန်း ၂ သိန်းလောက် ရှိတယ်။ ကျန်တဲ့ ကလေး အများစုက မိသားစု စားဝတ်နေရေး အတွက် ရုန်းကန်ရင်း နီးစပ်ရာ နိုင်ငံတွေ ထွက် ပြီး ရရာ အလုပ်လုပ်ကြရတယ်။ တချို့က ဒေသကာကွယ်ရေးအဖွဲ့တွေထဲ ရောက်သွားကြတယ်” လို့ မြန်မာရွေ့လျား ပညာရေး စီမံကိန်း myME တည်ထောင်သူ ဦးတင်မောင်မောင်အေး က ပြောပါတယ်။

Global Coalition to Protect Education from Attack-GCPEA က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ကျောင်းပေါင်း ၁၉၀ ဝန်းကျင် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဖော်ပြထား ပေမယ့် ဘယ်သူ၊ ဘယ်ဝါတွေက ဒီတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။

ဒါပေမယ့်လည်း ၂၀၂၂ ခုနှစ် အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆိုးရွားတဲ့ အဖြစ်အပျက်တွေမှာ ကျောင်းတွေကို စစ် ကောင်စီတပ်ဖွဲ့တွေက တိုက်ခိုက်မီးရှို့မှုတွေ လုပ်နေတယ်ဆိုတဲ့ သက်သေ အမြောက်အမြား ရှိနေပါတယ်။

“နိုင်ငံတစ်ခု တိုးတက်ဖို့ ဆိုရင် လူငယ်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးတယ် ဆိုတာ အားလုံးက လက်ခံ ထားပါတယ်။ မြန်မာနိုင်ငံကို ကြည့်မယ်ဆိုရင် ဒီကလေးတွေ ဘယ်ရောက်နေပြီလဲ ဆိုတာ ကြည့်ခြင်း အားဖြင့် နိုင်ငံရဲ့ အနာဂတ်က ဘယ်သွားနေသလဲ ဆိုတာ ပြောနိုင်တယ်” လို့ မြန်မာရွေ့လျား ပညာရေး စီမံကိန်း myME တည်ထောင်သူ ဦးတင်မောင်မောင်အေး က သုံးသပ် ပြောဆိုပါတယ်။

၂၀၁၉-၂၀ ခုနှစ် ပညာသင်နှစ်က မြန်မာနိုင်ငံမှာ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူဦးရေ ၉ သန်းကျော် ရှိပြီး ဆရာ၊ ဆရာမ ၄ သိန်းကျော် ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မှာတော့ တက္ကသိုလ် ကျောင်းသား ၃ သန်းခွဲကျော်ရှိပြီး ဆရာ၊ ဆရာမ ၂ သောင်းကျော် ရှိခဲ့တယ်လို့  ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေက ဖော်ပြထားပါတယ်။ 

စစ်ခေါင်းဆောင် ကတော့ အာဏာသိမ်းထားတဲ့ ၂ နှစ်အတွင်း တိုင်းပြည်ရဲ့ စီးပွားရေး၊ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍတွေ ပုံမှန်ဖြစ်အောင် ကြိုးစားနေပေမယ့် နိုင်ငံတစ်ဝန်း လက်နက်ကိုင် ခုခံ တိုက်ခိုက်မှုတွေ လျော့မသွားဘဲ ပိုတိုးလာနေတယ်လို့ အစည်းအဝေးတွေမှာ မကြာခဏ ပြောဆိုလေ့ရှိပါတယ်။

MK-010

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now