နေ့စဥ်သတင်း

MNDAA ကျင်းပသည့် တရုတ်လမုန့်စားပွဲတော်သို့ ညီနောင်မဟာမိတ်အဖွဲ့ ခေါင်းဆောင်များ တက်ရောက်

မဲခေါင် 27 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၂၇ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ကျင်းပသည့် တရုတ်ရိုးရာ လမုန့်စားပွဲတော်ည အခမ်းအနားသို့ ညီနောင်မဟာမိတ်အဖွဲ့များဖြစ်သည့် တအာင်းတပ်ဖွဲ့ (PSLF/TNLA) နှင့် အာရက္ခတပ်တော် (ULA/AA) တို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်ဟု ကိုးကန့်တပ်ဖွဲ့က စက်တင်ဘာ ၂၆ ရက်တွင် တရုတ်ဘာသာဖြင့် သတင်းထုတ်ပြန်သည်။ အဆိုပါအခမ်းအနားကို စက်တင်ဘာ ၂၅ ရက် ညနေ ၆ နာရီတွင် လောက်ကိုင်မြို့ ၌ ကျင်းပခဲ့ပြီး MNDAA ခေါင်းဆောင် ဖုန်တာရွှင်နှင့်အတူ PSLF/TNLA ဥက္ကဋ္ဌ တာအိုက်ဘုန်း၊ ဒုဥက္ကဋ္ဌ တာခူးလန်းနှင့် ULA/AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်တို့ တက်ရောက်ခဲ့သည်။ ကိုးကန့်တပ်ဖွဲ့နှင့်

မဲခေါင်၊ စက်တင်ဘာ ၂၇

ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ကျင်းပသည့် တရုတ်ရိုးရာ လမုန့်စားပွဲတော်ည အခမ်းအနားသို့ ညီနောင်မဟာမိတ်အဖွဲ့များဖြစ်သည့် တအာင်းတပ်ဖွဲ့ (PSLF/TNLA) နှင့် အာရက္ခတပ်တော် (ULA/AA) တို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်ဟု ကိုးကန့်တပ်ဖွဲ့က စက်တင်ဘာ ၂၆ ရက်တွင် တရုတ်ဘာသာဖြင့် သတင်းထုတ်ပြန်သည်။

အဆိုပါအခမ်းအနားကို စက်တင်ဘာ ၂၅ ရက် ညနေ ၆ နာရီတွင် လောက်ကိုင်မြို့ ၌ ကျင်းပခဲ့ပြီး MNDAA ခေါင်းဆောင် ဖုန်တာရွှင်နှင့်အတူ PSLF/TNLA ဥက္ကဋ္ဌ တာအိုက်ဘုန်း၊ ဒုဥက္ကဋ္ဌ တာခူးလန်းနှင့် ULA/AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်တို့ တက်ရောက်ခဲ့သည်။

ကိုးကန့်တပ်ဖွဲ့နှင့် တအာင်းတပ်ဖွဲ့သည် ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သကဲ့သို့ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့လည်းဖြစ်သည်။ ထို့အပြင် ပြီးခဲ့သည့် မတ်လတွင်လည်း ကိုးကန့်တပ်ဖွဲ့က တအာင်းတပ်ဖွဲ့ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်ကို အချင်းချင်း ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ယင်းသို့ နှစ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီးနောက် ၆ လအကြာတွင် နှစ်ဖက်ခေါင်းဆောင်များကို ကိုးကန့်ဒေသတွင် အတူပြန်မြင်တွေ့ရခြင်းဖြစ်သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA ၊ TNLA ၊ AA တို့သည် တစ်ဖွဲ့ကို တိုက်ခိုက်ပါက ကျန်သည့်အဖွဲ့များကိုလည်း တိုက်ခိုက်သည်ဟု သတ်မှတ်ကာ အပြန်အလှန်ကူညီသွားမည်ဟု ကြေညာထားသည့်အဖွဲ့ဖြစ်သည်။

သို့သော် လက်ရှိတွင် TNLA နှင့် MNDAAသည် စစ်ကောင်စီနှင့်အပစ်ရပ်ကာ နေပြည်တော်သို့ သွားရောက် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေသော်လည်း AAကိုမူ စစ်ကောင်စီက အင်အားအလုံအရင်းဖြင့် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွားဖြစ်ပွားနေလျက်ရှိသည်။

လောက်ကိုင်တွင် ပြုလုပ်သည့် လမုန့်စားပွဲတော် အခမ်းအနားသို့ MNDAA ၏ ပါတီဘက် နှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များအပြင် ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်လူကြီးများနှင့် ပရိသတ်များလည်း တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တရုတ်ရိုးရာလမုန့်စားပွဲတော်နှင့် သက်ဆိုင်သည့် ဖျော်ဖြေရေးအစီအစဉ်များအပြင် တအာင်း၊ ဝ စသည့် တိုင်းရင်းသားများ၏ ရိုးရာအကများ၊ ရခိုင်သီချင်းများ၊ စစ်သည်တော်အကနှင့် ရိုးရာစုပေါင်းတေးသီချင်းများကိုလည်း ဖျော်ဖြေခဲ့ကြသည်ဟုဆိုသည်။

ယခုနှစ် လမုန့်စားပွဲတော်အခမ်းအနားတွင် MNDAA နှင့် ညီနောင်မဟာမိတ်အဖွဲ့များမှ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့် ဒေသခံများ စုဝေးခဲ့ကြပြီး အားကစားပြိုင်ပွဲနှင့် ယဉ်ကျေးမှုဖျော်ဖြေပွဲများကို ပေါင်းစပ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

#MeKongNews
#ကိုးကန့်တပ်
#တအာင်းတပ်
#ရခိုင်တပ်
#တရုတ်
#လမုန့်ပွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ခရိုင် သာသနာရေးမှူးရုံး ထောက်ခံစာပါ သစ်ကား မိုင်းတွင်း၌ ဖမ်းဆီးခံရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှ တာချီလိတ်မြို့သို့ သယ်ဆောင်လာသည့် သစ်ကားတစ်စီးကို မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းတွင်းစုပေါင်းဂိတ်၌ တရားမဝင် သစ်မှောင်ခိုမှုဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။ ယင်းသစ်ကား ပေါ်တွင် ကျွန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကာလအတွင်း “ဝ”တပ်ဖွဲ့က နယ်စပ်ကင်းလှည့် လုံခြုံရေးမြှင့်မည်

မဲခေါင်၊ အောက်တိုဘာ ၂ တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အစည်းအဝေးကာလအတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် ထိန်းချုပ်မှုများ တိုးမြှင့်ဆောင်ရွက်မည်ဟု “ဝ”တပ်ဖွဲ့ (UWSA) လက်အောက်ခံ “ဝ”ပြည်နယ် တရားရေးကော်မတီက (WSP) က ယမန်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရလခ စစ်တိုင်းမှူးအသစ် ခန့်အပ်ပြီး ကရင်နီနှင့် နေပြည်တော် နယ်မြေများသို့ စစ်ဆင်ရေးအာဏာ တိုးမြှင့် သုံးစွဲလာနိုင်

မဲခေါင်၊ အောက်တိုဘာ ၁ ​စစ်ကောင်စီသည် ဒေသကွပ်ကဲရေးမှူး (လွိုင်ကော်) ဖြစ်သူ ဗိုလ်မှူးချုပ် ဝေလင်းအောင် (DSA 42) အား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) ၏ တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ်လိုက်ကြောင်း သိရသည်။ ​အလားတူ ခိုလန်မြို့ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now