နေ့စဥ်သတင်း

ဗဟိုကို ငွေသွင်းရမည်ဟုဆိုကာ PNO ပြည်သူ့စစ်က တစ်အိမ် ၂၀၀၀၀ ကျပ် ဆက်ကြေးကောက်

မဲခေါင် 27 Aug - 2026
မဲခေါင်၊ ဩဂုတ် ၂၇ ဗဟိုဌာနချုပ်ကို ငွေသိန်းတစ်ထောင် သွင်းရမည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုတွင် တစ်အိမ် ၂ သောင်းကျပ် ဆက်ကြေးကောက်ခံနေသည်ဟု ဒေသခံများကပြောသည်။ ယခင်က တစ်လတစ်သောင်းကျပ် ဆက်ကြေးကောက်ခံနေရာမှ ယခု ဩဂုတ်နှင့် စက်တင်ဘာလကိုမူ ၂ သောင်းကျပ် ကောက်ခံလာခြင်းဖြစ်ပြီး ယင်းငွေများကို PNO ပြည်သူ့စစ်က ရွာသူကြီးများမှတစ်ဆင့် ကောက်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။ “နောက်လကုန်ဆို ဗဟိုကို သိန်း ၁၀၀၀ သွင်းရမှာတဲ့ တစ်အိမ် တစ်သောင်းက မလောက်တဲ့အတွက် ဒီ၂လစာကိုတော့ တအိမ် ၂သောင်းထည့်ရမယ်တဲ့ ရွာသူကြီးက အဲ့လိုပြောတယ်။ PNO က ကောက်ခိုင်းတာပေါ့၊ ငွေကိုလည်း PNOတာဝန်ခံ ဦးဘိဆီသွင်းရမယ်တဲ့”ဟု

မဲခေါင်၊ ဩဂုတ် ၂၇

ဗဟိုဌာနချုပ်ကို ငွေသိန်းတစ်ထောင် သွင်းရမည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုတွင် တစ်အိမ် ၂ သောင်းကျပ် ဆက်ကြေးကောက်ခံနေသည်ဟု ဒေသခံများကပြောသည်။

ယခင်က တစ်လတစ်သောင်းကျပ် ဆက်ကြေးကောက်ခံနေရာမှ ယခု ဩဂုတ်နှင့် စက်တင်ဘာလကိုမူ ၂ သောင်းကျပ် ကောက်ခံလာခြင်းဖြစ်ပြီး ယင်းငွေများကို PNO ပြည်သူ့စစ်က ရွာသူကြီးများမှတစ်ဆင့် ကောက်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

“နောက်လကုန်ဆို ဗဟိုကို သိန်း ၁၀၀၀ သွင်းရမှာတဲ့ တစ်အိမ် တစ်သောင်းက မလောက်တဲ့အတွက် ဒီ၂လစာကိုတော့ တအိမ် ၂သောင်းထည့်ရမယ်တဲ့ ရွာသူကြီးက အဲ့လိုပြောတယ်။ PNO က ကောက်ခိုင်းတာပေါ့၊ ငွေကိုလည်း PNOတာဝန်ခံ ဦးဘိဆီသွင်းရမယ်တဲ့”ဟု နောင်ကျောဒေသခံတစ်ဦးက ပြောသည်။

ယခင်လများတွင် တစ်လ တစ်သောင်းကျပ်သာ ကောက်ခံသော်လည်း ယခု ၂ လစာကိုမူ ဗဟိုကို ငွေသွင်းရမည်ဟု အကြောင်းပြပြီး PNOက ၂ သောင်းကျပ် ဆက်ကြေးကောက်လာခြင်းဖြစ်သည်ဟု နောင်ထောဝ်ဒေသခံတစ်ဦးကပြောသည်။

“အရင်က တစ်လတစ်သောင်းပဲ၊ အခုက ၂သောင်းကောက်လာတယ်။ ငွေရှိတဲ့သူတွေကတော့ ဘာမှမဖြစ်ပါဘူး။ နောင်ထောဝ်မှာက စစ်ရှောင်ရင်း ဘဝပြန်စရတဲ့လူတွေလည်းရှိတော့ သူတို့အတွက်တော့ ခက်ခဲမှာပေါ့။ နေ့စားလိုက်တာ တရက် တစ်သောင်းခွဲပဲရတယ်လေ”ဟု ၎င်းသတင်းရင်းမြစ်ကပြောသည်။

နောင်ကျောကျေးရွာအုပ်စုတွင် နေထိုင်သူများသည် PNO ပြည်သူ့စစ်အား လစဉ်ကြေး တစ်အိမ် တစ်သောင်းကျပ်၊ ၆ လတစ်ကြိမ် အိမ်ခွန် ၅သောင်းကျပ်၊ တစ်နှစ်တစ်ကြိမ် စစ်မှုထမ်းကြေး ၅ သိန်းကျပ် ၊ ဆိုင်ခွန် ၅သောင်းကျပ်မှ ၃ သိန်းကျပ်၊ ပွဲရုံခွန် ၅သိန်းမှ ၁၀ သိန်းကျပ်၊ ကားခွန် ကားအမျိုးအစားအလိုက် တစ်စီး တစ်သိန်းကျပ်မှ ၅ သိန်းကျပ်စသည့်အခွန်အမျိုးမျိုးကို ထည့်ဝင်ရသည်။

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုသည် အိမ်ခြေ ၂၀၀၀ ကျော်ရှိပြီး ရှမ်း-ကရင်နီနယ်စပ်တွင်ရှိသဖြင့် စစ်ဘေးဒဏ် သင့်ခဲ့သည့် ကျေးရွာအုပ်စုလည်းဖြစ်သည်။ ထို့အပြင် ရွာကြီးငယ်အလိုက် တစ်ကြိမ်လျှင် ရွာတစ်ရွာကို ၅ ဦးမှ ၁၀ ဦးအထိ PNO ပြည်သူ့စစ်က တပ်သားသစ်စုဆောင်းခြင်းကိုလည်း ခံရသည့်ကျေးရွာအုပ်စုဖြစ်သည်။

#MeKongNews
#ပြည်သူ့စစ်
#ဗဟို
#ဆက်ကြေး
#ဗဟိုဌာန
#PNO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now