နေ့စဥ်သတင်း

ကလော ရေချိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအကြောင်းပြပြီး လစဉ်ငွေကောက်စား

မဲခေါင် 19 Aug - 2026
မဲခေါင်၊ ဩဂုတ် ၁၉ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် ရေချိုကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအကြောင်းပြကာ လစဉ်စစ်မှုထမ်းကြေး ငွေကောက်စားနေသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ရေချိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုးနှင့် စာရေး ဟန်မျိုးဝေတို့သည့် စစ်မှုထမ်းကြေးနှင့်မြေယာရောင်းဝယ်ရေး များတွင် ငွေကြေးကောက်စားနေခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ “စစ်မှုထမ်းကြေးဆိုပြီး တစ်လကို ၅ သောင်းအနည်းဆုံးတောင်းတယ်။ ကျွန်တော်တို့ အိမ်မှာ စစ်မှုထမ်းရမယ့်သူမရှိလည်း ထည့်ရတယ်။ ၂ သောင်းထည့်မယ်ပြောတာမရဘူး။ ၅ သောင်းအတင်းထည့်ခိုင်းတယ်”ဟု‌ ဒေသခံတစ်ဦးကပြောသည်။ ထို့အပြင် စစ်မှုထမ်းမလိုက်ချင်သူများကိုလည်း အုပ်ချုပ်ရေးမှူးက ငွေကြေးသိန်း ၁၈၀ တောင်းစားသည်ဟုလည်း ဒေသခံများကပြောသည်။ “ဇောတိကျေးရွာဆို စစ်ကောင်စီက စစ်မှုထမ်းတောင်းတာ မသွားချင်တဲ့သူတွေကို ၁၈၀ တောင်းပြီး အုပ်ချုပ်ရေးမှူးက မဲမပါအောင် လုပ်ပေးတယ်။ ပြီးတော့

မဲခေါင်၊ ဩဂုတ် ၁၉

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် ရေချိုကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအကြောင်းပြကာ လစဉ်စစ်မှုထမ်းကြေး ငွေကောက်စားနေသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။

ရေချိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုးနှင့် စာရေး ဟန်မျိုးဝေတို့သည့် စစ်မှုထမ်းကြေးနှင့်မြေယာရောင်းဝယ်ရေး များတွင် ငွေကြေးကောက်စားနေခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

“စစ်မှုထမ်းကြေးဆိုပြီး တစ်လကို ၅ သောင်းအနည်းဆုံးတောင်းတယ်။ ကျွန်တော်တို့ အိမ်မှာ စစ်မှုထမ်းရမယ့်သူမရှိလည်း ထည့်ရတယ်။ ၂ သောင်းထည့်မယ်ပြောတာမရဘူး။ ၅ သောင်းအတင်းထည့်ခိုင်းတယ်”ဟု‌ ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် စစ်မှုထမ်းမလိုက်ချင်သူများကိုလည်း အုပ်ချုပ်ရေးမှူးက ငွေကြေးသိန်း ၁၈၀ တောင်းစားသည်ဟုလည်း ဒေသခံများကပြောသည်။

“ဇောတိကျေးရွာဆို စစ်ကောင်စီက စစ်မှုထမ်းတောင်းတာ မသွားချင်တဲ့သူတွေကို ၁၈၀ တောင်းပြီး အုပ်ချုပ်ရေးမှူးက မဲမပါအောင် လုပ်ပေးတယ်။ ပြီးတော့ သူတို့အမျိုးလည်း တစ်ယောက်မှ မပါဘူး။ အဲ့ဒါက သက်သက်။ တစ်အိမ် ၅ သောင်း လတိုင်းတောင်းတာကလည်း သက်သက်တစ်ခုစီ”ဟု ဒေသံတစ်ဦးကပြောသည်။

ကလောမြို့နယ် ရေချိုကျေးရွာအုပ်စုသည် အိမ်ခြေတစ်ထောင်ကျော်ရှိသဖြင့် အုပ်ချုပ်ရေးမှူး ကောက်ခံသည့်ငွေသည် လစဉ် ကျပ်သိန်း ၄၀၀ ကျော်ရှိသည်ဟုလည်း ဒေသခံများကပြောသည်။

ထို့အပြင် ကျေးရွာအုပ်စုအတွင်း မြေယာအရောင်းအဝယ် လုပ်ပါကလည်း အုပ်ချုပ်ရေးမှူး ဦးခင်စိုးက လက်မှတ်ထိုးကြေး ၅ သိန်းတောင်းသည်ဟုလည်း ဒေသခံများကပြောသည်။

“မြေကွက်ရောင်းလည်း သူ့ကိုပေးရတယ်။ ရွာသားအချင်းချင်း တောင်ယာ ဝယ်ရောင်းလုပ်လည်း သူ့လက်မှတ်မပါရင် တရားမဝင်ဘူးဆိုပြီး လက်မှတ်ထိုးကြေး ၅ သိန်းပေးရတယ်” ဟု ဇောတိဒေသခံတစ်ဦးကပြောသည်။

ကလောမြို့နယ် ရေချိုကျေးရွာအုပ်စုတွင် ဇောတိကျေးရွာ၊ တံတားဦးကျေးရွာ၊ လွယ်မယ်ရွာ၊ ရေချိုရွာ၊ လွယ်ဟပ်ရွာ၊ ထင်းရှူးကုန်းရွာ၊ ကျောက်စုရွာ၊ နတ်တော်ရွာစသည့် ကျေးရွာများပါဝင်သည်။

#MeKongNews
#ရှမ်းတောင်
#ကလော
#ရေချိုရွာ
#အုပ်ချုပ်ရေးမှူး
#စစ်မှုထမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now