နေ့စဥ်သတင်း

လားရှိုးတွင် သူခိုးတစ်ဦးကို ပြည်သူများ ကိုယ်ထူကိုယ်ထ ထပ်မံဖမ်းဆီး

မဲခေါင် 29 Jul - 2026
မဲခေါင်၊ ဇူလိုင် ၂၉ ရှမ်းပြည်မြောက်ပိုင်း။ လားရှိုးတွင် သူခိုးတစ်ဦးကို ရပ်ကွက်နေပြည်သူများက ကိုယ်ထူကိုယ်ထ ထမ်းမီဖမ်းဆီးရမိသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဇူလိုင် ၂၈ ရက်က လားရှိုးမြို့၊ ရပ်ကွက် ၁ ရှိ နေအိမ်တစ်အိမ်ကို သူခိုးတစ်ဦးက ဖောက်ထွင်းခိုးယူမှု ပြုလုပ်နေစဉ် ရပ်ကွက်နေ ပြည်သူများက ဖမ်းဆီးရမိခြင်းဖြစ်သည်။ “သူခိုးက အိမ်ထဲ ဝင်ခိုးနေတုန်း လူမိပြီး ဝိုင်းဖမ်းခံလိုက်ရတာပါ။ ပြည်သူတွေပဲ ဖမ်းတာက ။ ကိုယ်ထူ ကိုယ်ထပဲပေါ့။ ဖမ်းပြီးမှ ရဲကိုလွဲပြောင်းပေးလိုက်တာ။ ဟုတ်တယ် မနေ့ကတည်းက ဖမ်းပြီးချက်ချင်း ရဲကိုအပ်လိုက်တယ်”ဟု လားရှိုးမြို့ခံတစ်ဦးကပြောသည်။ အဆိုပါ သူခိုးအား အချိန်မှီ ဖမ်းဆီးနိုင်ခဲ့သဖြင့် အိမ်ရှင်များအနေဖြင့် ပစ္စည်းဆုံးရှုံးမှု မရှိခဲ့ကြောင်းလည်း

မဲခေါင်၊ ဇူလိုင် ၂၉

ရှမ်းပြည်မြောက်ပိုင်း။ လားရှိုးတွင် သူခိုးတစ်ဦးကို ရပ်ကွက်နေပြည်သူများက ကိုယ်ထူကိုယ်ထ ထမ်းမီဖမ်းဆီးရမိသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ ဇူလိုင် ၂၈ ရက်က လားရှိုးမြို့၊ ရပ်ကွက် ၁ ရှိ နေအိမ်တစ်အိမ်ကို သူခိုးတစ်ဦးက ဖောက်ထွင်းခိုးယူမှု ပြုလုပ်နေစဉ် ရပ်ကွက်နေ ပြည်သူများက ဖမ်းဆီးရမိခြင်းဖြစ်သည်။

“သူခိုးက အိမ်ထဲ ဝင်ခိုးနေတုန်း လူမိပြီး ဝိုင်းဖမ်းခံလိုက်ရတာပါ။ ပြည်သူတွေပဲ ဖမ်းတာက ။ ကိုယ်ထူ ကိုယ်ထပဲပေါ့။ ဖမ်းပြီးမှ ရဲကိုလွဲပြောင်းပေးလိုက်တာ။ ဟုတ်တယ် မနေ့ကတည်းက ဖမ်းပြီးချက်ချင်း ရဲကိုအပ်လိုက်တယ်”ဟု လားရှိုးမြို့ခံတစ်ဦးကပြောသည်။

အဆိုပါ သူခိုးအား အချိန်မှီ ဖမ်းဆီးနိုင်ခဲ့သဖြင့် အိမ်ရှင်များအနေဖြင့် ပစ္စည်းဆုံးရှုံးမှု မရှိခဲ့ကြောင်းလည်း သတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီအုပ်ချုပ်ရေးမှူးများက သူခိုးများကို ကိုယ်ထူ ကိုယ်ထ ဖမ်းပြီးပါက အွန်လိုင်းပေါ် မတင်ရန် တားမြစ်ထားသည်။ ထိုသို့ တားမြစ်ထားသည်ကို ပြည်သူများက သဘောတူခြင်းမရှိပဲ ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

လားရှိုးမြို့တွင် ဇူလိုင် ၂၂ ရက်၌ သေနတ်ဖြင့် လမ်းသွားလမ်းလာပြည်သူကို ခြိမ်းခြောက်သည့် မူးယစ်ဆေးကြောင်သူတစ်ဦးကိုလည်းကောင်း၊ ဇူလိုင်လ ၁၇ ရက်တွင် ဆိုင်ကယ်သူခိုးတစ်ဦးကိုလည်းကောင်း၊ ဇူလိုင် ၁၄ ရက်တွင် ကားသူခိုး တစ်ဦးကိုလည်းကောင်း၊ ပြည်သူများကပင် ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။

စစ်ကောင်စီက ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် လက်ရှိကာလအတွင်း၌ ခိုး ဆိုး လုယက်မှုများ မကြာခဏ ဖြစ်ပွားနေလျက်ရှိပြီး အချို့ဖြစ်စဉ်တွင် လူသေဆုံးမှုပါ ရှိခဲ့သည်။

ဇူလိုင် ၁၉ ရက်တွင် လားရှိုးမြို့ ရပ်ကွက် ၁၀ ရှိ နေအိမ်တစ်ခုကို လုယက်သူများက ပစ္စည်းများအား လုယက်သွားသည့်အပြင် အိမ်တွင်းရှိ ပြည်သူ ၂ ဦးကိုပါ သတ်ဖြတ်ခဲ့သည်။

#MeKongNews
#ရှမ်းမြောက်
#လားရှိုး
#သူခိုး
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now