နေ့စဥ်သတင်း

ငရုတ်ပွဈေး ပြန်လည်မြင့်တက်၊ ခရမ်းချဉ်ဈေး ဆက်လက်ကျဆင်း

မဲခေါင် 29 Jul - 2026
မဲခေါင် | ဇူလိုင် ၂၉ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ဇူလိုင် ၂၈ရက်နေ့ ကုန်စည်ဈေးကွက်အခြေအနေအရ ငရုတ်ပွဈေးနှုန်းသည် ပြီးခဲ့သည့်လများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ပြန်လည်မြင့်တက်လာပြီး လက်ရှိတွင် ရှယ်အရည်အသွေး တစ်ပိဿာလျှင် ကျပ်သုံးထောင့်ငါးရာနှင့် အလတ်အရည်အသွေး တစ်ပိဿာလျှင် ကျပ်သုံးထောင်အထိ ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လအတွင်းက အောင်ပန်း၊ ပင်တယနှင့် တီကျစ်မြို့နယ်များတွင် ငရုတ်ပွသီးဈေးကွက်ပျက်ကာ ဝယ်လက်မရှိသလောက် ဖြစ်ခဲ့ပြီး တောင်သူအချို့မှာ စိုက်ခင်းများကို အခင်းလိုက်ဖျက်ဆီးခဲ့ရသည်။ ထိုစဉ်က ငရုတ်ပွသီးတစ်ပိဿာလျှင် ကျပ်ငါးရာမှ ခုနစ်ရာဝန်းကျင်သာ ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဈေးကွက်အတွင်း ကုန်ပစ္စည်းဝင်ရောက်မှု လျော့နည်းလာခြင်းနှင့် ဝယ်လိုအား ပြန်လည်မြင့်တက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ကျပ်သုံးထောင်အထက်အထိ ဈေးပြန်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

မဲခေါင် | ဇူလိုင် ၂၉

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ဇူလိုင် ၂၈ရက်နေ့ ကုန်စည်ဈေးကွက်အခြေအနေအရ ငရုတ်ပွဈေးနှုန်းသည် ပြီးခဲ့သည့်လများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ပြန်လည်မြင့်တက်လာပြီး လက်ရှိတွင် ရှယ်အရည်အသွေး တစ်ပိဿာလျှင် ကျပ်သုံးထောင့်ငါးရာနှင့် အလတ်အရည်အသွေး တစ်ပိဿာလျှင် ကျပ်သုံးထောင်အထိ ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက အောင်ပန်း၊ ပင်တယနှင့် တီကျစ်မြို့နယ်များတွင် ငရုတ်ပွသီးဈေးကွက်ပျက်ကာ ဝယ်လက်မရှိသလောက် ဖြစ်ခဲ့ပြီး တောင်သူအချို့မှာ စိုက်ခင်းများကို အခင်းလိုက်ဖျက်ဆီးခဲ့ရသည်။

ထိုစဉ်က ငရုတ်ပွသီးတစ်ပိဿာလျှင် ကျပ်ငါးရာမှ ခုနစ်ရာဝန်းကျင်သာ ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဈေးကွက်အတွင်း ကုန်ပစ္စည်းဝင်ရောက်မှု လျော့နည်းလာခြင်းနှင့် ဝယ်လိုအား ပြန်လည်မြင့်တက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ကျပ်သုံးထောင်အထက်အထိ ဈေးပြန်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

တစ်ဖက်တွင် ခရမ်းချဉ်သီးဈေးမှာ အဝင်ပမာဏများပြားနေခြင်းကြောင့် ဆက်လက်ကျဆင်းနေပြီး ဂွတ်သီးတစ်ပိဿာလျှင် ကျပ်တစ်ထောင့်ရှစ်ရာ၊ ရှယ်သီးတစ်ပိဿာလျှင် ကျပ်တစ်ထောင့်ငါးရာနှင့် အသေးသီးတစ်ပိဿာလျှင် ကျပ်တစ်ထောင့်သုံးရာသာ ရရှိနေကြောင်း သိရသည်။

“ပြီးခဲ့တဲ့လက ငရုတ်ပွကို ရောင်းဖို့တောင် ခက်ခဲခဲ့ပေမယ့် အခုတော့ ဈေးပြန်တက်လာလို့ တောင်သူတွေအတွက် နည်းနည်းအသက်ရှူချောင်လာပါတယ်။ ဒါပေမယ့် အရင်ဆုံးရှုံးခဲ့တဲ့ စိုက်စရိတ်တွေကိုတော့ အပြည့်အဝ ပြန်ကာမိဖို့ အချိန်ယူရဦးမှာပါ” ဟု အောင်ပန်းဒေသခံ တောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

လက်ရှိဈေးကွက်တွင် ဈေးနှုန်းအမြင့်ဆုံး ကုန်စည်များအဖြစ် လက်ဖက်ခြောက်၊ ရှမ်းပွခြောက်၊ ရွှေပဲရှယ်နှင့် အရည်အသွေးမြင့် နနွင်းတက်များမှာ ဈေးကောင်းရရှိနေပြီး၊ ဈေးနှုန်းအနိမ့်ဆုံး ကုန်စည်များအဖြစ် မုံညှင်း၊ ကျောက်ဖရုံသီး၊ ခရမ်းချဉ်သီးနှင့် ပြောင်းဆံတို့မှာ ဈေးနှုန်းနိမ့်နေဆဲဖြစ်ကြောင်း ဈေးကွက်အချက်အလက်များအရ သိရသည်။

ဒေသတွင်းကုန်သည်များက ရာသီအလိုက် ကုန်စည်အဝင်အထွက်နှင့် ဝယ်လိုအားအခြေအနေများအပေါ် မူတည်၍ ကုန်စည်ဈေးနှုန်းများ ဆက်လက်အပြောင်းအလဲ ဖြစ်ပေါ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။

#MeKongNews
#ရှမ်းတောင်
#ငရုတ်ပွ
#ခရမ်းချဥ်
#အောင်ပန်း
#ကုန်စည်ဈေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now