နေ့စဥ်သတင်း

ငရုတ်ပွဈေး ပြန်လည်မြင့်တက်၊ ခရမ်းချဉ်ဈေး ဆက်လက်ကျဆင်း

မဲခေါင် 29 Jul - 2026
မဲခေါင် | ဇူလိုင် ၂၉ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ဇူလိုင် ၂၈ရက်နေ့ ကုန်စည်ဈေးကွက်အခြေအနေအရ ငရုတ်ပွဈေးနှုန်းသည် ပြီးခဲ့သည့်လများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ပြန်လည်မြင့်တက်လာပြီး လက်ရှိတွင် ရှယ်အရည်အသွေး တစ်ပိဿာလျှင် ကျပ်သုံးထောင့်ငါးရာနှင့် အလတ်အရည်အသွေး တစ်ပိဿာလျှင် ကျပ်သုံးထောင်အထိ ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လအတွင်းက အောင်ပန်း၊ ပင်တယနှင့် တီကျစ်မြို့နယ်များတွင် ငရုတ်ပွသီးဈေးကွက်ပျက်ကာ ဝယ်လက်မရှိသလောက် ဖြစ်ခဲ့ပြီး တောင်သူအချို့မှာ စိုက်ခင်းများကို အခင်းလိုက်ဖျက်ဆီးခဲ့ရသည်။ ထိုစဉ်က ငရုတ်ပွသီးတစ်ပိဿာလျှင် ကျပ်ငါးရာမှ ခုနစ်ရာဝန်းကျင်သာ ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဈေးကွက်အတွင်း ကုန်ပစ္စည်းဝင်ရောက်မှု လျော့နည်းလာခြင်းနှင့် ဝယ်လိုအား ပြန်လည်မြင့်တက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ကျပ်သုံးထောင်အထက်အထိ ဈေးပြန်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

မဲခေါင် | ဇူလိုင် ၂၉

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ဇူလိုင် ၂၈ရက်နေ့ ကုန်စည်ဈေးကွက်အခြေအနေအရ ငရုတ်ပွဈေးနှုန်းသည် ပြီးခဲ့သည့်လများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ပြန်လည်မြင့်တက်လာပြီး လက်ရှိတွင် ရှယ်အရည်အသွေး တစ်ပိဿာလျှင် ကျပ်သုံးထောင့်ငါးရာနှင့် အလတ်အရည်အသွေး တစ်ပိဿာလျှင် ကျပ်သုံးထောင်အထိ ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက အောင်ပန်း၊ ပင်တယနှင့် တီကျစ်မြို့နယ်များတွင် ငရုတ်ပွသီးဈေးကွက်ပျက်ကာ ဝယ်လက်မရှိသလောက် ဖြစ်ခဲ့ပြီး တောင်သူအချို့မှာ စိုက်ခင်းများကို အခင်းလိုက်ဖျက်ဆီးခဲ့ရသည်။

ထိုစဉ်က ငရုတ်ပွသီးတစ်ပိဿာလျှင် ကျပ်ငါးရာမှ ခုနစ်ရာဝန်းကျင်သာ ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဈေးကွက်အတွင်း ကုန်ပစ္စည်းဝင်ရောက်မှု လျော့နည်းလာခြင်းနှင့် ဝယ်လိုအား ပြန်လည်မြင့်တက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ကျပ်သုံးထောင်အထက်အထိ ဈေးပြန်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

တစ်ဖက်တွင် ခရမ်းချဉ်သီးဈေးမှာ အဝင်ပမာဏများပြားနေခြင်းကြောင့် ဆက်လက်ကျဆင်းနေပြီး ဂွတ်သီးတစ်ပိဿာလျှင် ကျပ်တစ်ထောင့်ရှစ်ရာ၊ ရှယ်သီးတစ်ပိဿာလျှင် ကျပ်တစ်ထောင့်ငါးရာနှင့် အသေးသီးတစ်ပိဿာလျှင် ကျပ်တစ်ထောင့်သုံးရာသာ ရရှိနေကြောင်း သိရသည်။

“ပြီးခဲ့တဲ့လက ငရုတ်ပွကို ရောင်းဖို့တောင် ခက်ခဲခဲ့ပေမယ့် အခုတော့ ဈေးပြန်တက်လာလို့ တောင်သူတွေအတွက် နည်းနည်းအသက်ရှူချောင်လာပါတယ်။ ဒါပေမယ့် အရင်ဆုံးရှုံးခဲ့တဲ့ စိုက်စရိတ်တွေကိုတော့ အပြည့်အဝ ပြန်ကာမိဖို့ အချိန်ယူရဦးမှာပါ” ဟု အောင်ပန်းဒေသခံ တောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

လက်ရှိဈေးကွက်တွင် ဈေးနှုန်းအမြင့်ဆုံး ကုန်စည်များအဖြစ် လက်ဖက်ခြောက်၊ ရှမ်းပွခြောက်၊ ရွှေပဲရှယ်နှင့် အရည်အသွေးမြင့် နနွင်းတက်များမှာ ဈေးကောင်းရရှိနေပြီး၊ ဈေးနှုန်းအနိမ့်ဆုံး ကုန်စည်များအဖြစ် မုံညှင်း၊ ကျောက်ဖရုံသီး၊ ခရမ်းချဉ်သီးနှင့် ပြောင်းဆံတို့မှာ ဈေးနှုန်းနိမ့်နေဆဲဖြစ်ကြောင်း ဈေးကွက်အချက်အလက်များအရ သိရသည်။

ဒေသတွင်းကုန်သည်များက ရာသီအလိုက် ကုန်စည်အဝင်အထွက်နှင့် ဝယ်လိုအားအခြေအနေများအပေါ် မူတည်၍ ကုန်စည်ဈေးနှုန်းများ ဆက်လက်အပြောင်းအလဲ ဖြစ်ပေါ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။

#MeKongNews
#ရှမ်းတောင်
#ငရုတ်ပွ
#ခရမ်းချဥ်
#အောင်ပန်း
#ကုန်စည်ဈေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now