နေ့စဥ်သတင်း

မိုင်းရှူးတွင် တွေ့သမျှယောက်ျားလေး ပေါ်တာဆွဲနေသဖြင့် အိမ်အပြင်သို့ပင် မထွက်ရဲဖြစ်နေကြ

မဲခေါင် 24 Jul - 2026
မဲခေါင်၊ ဇူလိုင် ၂၄ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်နှင့် မိုင်းရှူးတောင်ပေါ် ရတနာမြေဒေသတို့တွင် စစ်ကောင်စီတပ်နှင့် ရဲ၊ ထွေအုပ် ပူးပေါင်းအဖွဲ့များက လမ်းပေါ်တွင် တွေ့သမျှယောက်ျားလေး ပေါ်တာဆွဲနေသဖြင့် အိမ်အပြင်သို့ပင် မထွက်ရဲကြကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ မိုင်းရှူးမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်းရန်အတွက် လစဉ်ကြေးများ ကောက်ခံနေသည့်အပြင် လွန်ခဲ့သည့် ၂ လခန့်မှ စတင်ကာ ဒေသခံ လူငယ်များကို လမ်းပေါ်တွင် အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ပေါ်တာဆွဲဖမ်းဆီးသည့် ပူးပေါင်းအဖွဲ့တွင် မိုင်းရှူးတောင်ပေါ်ရဲစခန်းမှ ဒုရဲအုပ် နေလင်းဦး၊ ခလရ (၁၄၉) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လွယ်ခမ်းလုံ/ဝမ်ကန် ရပ်ကျေးစာရေး ကိုကျော်ဦး တို့ ဦးဆောင်ပါဝင်နေကြောင်း

မဲခေါင်၊ ဇူလိုင် ၂၄

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်နှင့် မိုင်းရှူးတောင်ပေါ် ရတနာမြေဒေသတို့တွင် စစ်ကောင်စီတပ်နှင့် ရဲ၊ ထွေအုပ် ပူးပေါင်းအဖွဲ့များက လမ်းပေါ်တွင် တွေ့သမျှယောက်ျားလေး ပေါ်တာဆွဲနေသဖြင့် အိမ်အပြင်သို့ပင် မထွက်ရဲကြကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

မိုင်းရှူးမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်းရန်အတွက် လစဉ်ကြေးများ ကောက်ခံနေသည့်အပြင် လွန်ခဲ့သည့် ၂ လခန့်မှ စတင်ကာ ဒေသခံ လူငယ်များကို လမ်းပေါ်တွင် အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ပေါ်တာဆွဲဖမ်းဆီးသည့် ပူးပေါင်းအဖွဲ့တွင် မိုင်းရှူးတောင်ပေါ်ရဲစခန်းမှ ဒုရဲအုပ် နေလင်းဦး၊ ခလရ (၁၄၉) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လွယ်ခမ်းလုံ/ဝမ်ကန် ရပ်ကျေးစာရေး ကိုကျော်ဦး တို့ ဦးဆောင်ပါဝင်နေကြောင်း ဒေသခံများက ပြောသည်။

“မိုင်းရှူးတောင်ပေါ် ရတနာမြေ ဝမ်ကန်မှာ လစဉ် စစ်မှုထမ်းကြေးလည်း ပေးနေရတာ။ အခုလို အတင်းအဓမ္မ ပေါ်တာလိုက်ဆွဲနေတော့ နေ့ခင်းဘက်တောင် အိမ်ပြင်မထွက်ရဲ၊ အလုပ်မသွားရဲကြတော့ဘူး။ ညဘက်ဆိုရင်လည်း အိမ်ထဲမှာ ကောင်းကောင်းမအိပ်ရဲဘဲ ကြောက်လန့်နေကြရတယ်။ ပြည်သူတွေအဖို့ ကယ်သူမဲ့ပြီး ဒုက္ခရောက်နေကြရတယ်” ဟု မိုင်းရှူးဒေသခံတစ်ဦးက မဲခေါင်သို့ ရင်ဖွင့်သည်။

ထိုသို့ အဓမ္မ ဖမ်းဆီးရမိသည့် လူငယ်များကို မိုင်းရှူးမြို့တွင်း လဝကရုံးအနောက်ဘက်၊ ကုလားဗလီအနီးရှိ ဂိုဒေါင်ကြီးအတွင်း၌ ပိတ်လှောင်ထားရှိပြီး လူအင်အား ပြည့်မီမှသာ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်လေ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးထားစဉ်အတွင်း ငွေကြေးတတ်နိုင်သည့် မိဘများထံမှ ပြန်လည်လွတ်မြောက်ရေးအတွက် ငွေကျပ် သိန်း ၂၀၀ အထိ အဆမတန် ငွေညှစ်တောင်းခံမှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် စစ်ကောင်စီက စစ်မှုထမ်းရန် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် လူငယ် ၂၀ ခန့် ဇူလိုင်လ ၂၂ ရက် ညပိုင်းတွင် ဂိုဒေါင်ဖောက် ထွက်ပြေးလွတ်မြောက်သွားသဖြင့် မြို့ပေါ်နှင့် တောင်ပေါ်ဒေသများတွင် လိုက်လံရှာဖွေကာ အစားထိုးရန်အတွက် ထပ်မံ ရမ်းသန်းဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လတ်တလောတွင် မိုင်းရှူးတောင်ပေါ် ရတနာမြေ ဝမ်ကန်ဒေသတွင် လမ်းပေါ်တွေ့ရှိသည့် အမျိုးသားမှန်သမျှကို ရမ်းသန်းဖမ်းဆီးလျက်ရှိရာ မိုင်းရှူးတောင်ပေါ်မှ လူငယ် ၇ ဦး ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် မိုင်းရှူးမြို့ပေါ်နှင့် တောင်ပေါ် ရတနာမြေဒေသတို့၌ စစ်ကောင်စီ ပူးပေါင်းအဖွဲ့များ၏ ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် လူငယ်အများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့တွင်း စီးပွားရေးနှင့် ဒေသခံများ၏ နေ့စဉ်လူမှုဘဝများ စိုးရိမ်ထိတ်လန့်မှုများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

#MeKongNews
#မိုင်းရှူး
#မိုင်းရှူးရတနာမြေ
#ပေါ်တာဆွဲ
#ထွေအုပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now