နေ့စဥ်သတင်း

မိုင်းတုံတွင် ရပ်ကျေးစာရေး သစ်ခိုးထုတ်သည့် သစ်ကွင်းနေရာမှန်သို့ စစ်ဆေးရေးအဖွဲ့ သွားရောက်ခဲ့ခြင်းမရှိဘဲ ဟန်ပြသာ စစ်ဟု ဒေသခံများဆို

မဲခေါင် 22 Jul - 2026
မဲခေါင်၊ ဇူလိုင် ၂၂ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ လွယ်ခမ်းလုံကျေးရွာအုပ်စု ရပ်ကျေးစာရေး ဦးဟိန်းဇေယျာဦး တရားမဝင် သစ်ခိုးထုတ်နေသည့် ပန်စလီကျေးရွာဝန်းကျင်သို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေ စစ်ဆေးခဲ့သော်လည်း အမှန်တကယ် သစ်ခုတ်လှဲနေသည့် သစ်ကွင်းသို့ သွားရောက်စစ်ဆေးခဲ့ခြင်းမရှိကြောင်း ဒေသခံများက မဲခေါင်သို့ တိုင်တန်းပြောကြားလာသည်။ ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့၊ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်စလီကျေးရွာဘက်သို့ သစ်ခိုးထုတ်မှု သတင်းအရ တက်ရောက်စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။ “သူတို့အဖွဲ့ ပန်စလီရွာဘက်ကို တက်သွားကြတယ်ဗျ။ ဒါပေမဲ့ အမှန်တကယ် သစ်ခိုးထုတ်နေတဲ့ ပန်စလီက

မဲခေါင်၊ ဇူလိုင် ၂၂

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ လွယ်ခမ်းလုံကျေးရွာအုပ်စု ရပ်ကျေးစာရေး ဦးဟိန်းဇေယျာဦး တရားမဝင် သစ်ခိုးထုတ်နေသည့် ပန်စလီကျေးရွာဝန်းကျင်သို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေ စစ်ဆေးခဲ့သော်လည်း အမှန်တကယ် သစ်ခုတ်လှဲနေသည့် သစ်ကွင်းသို့ သွားရောက်စစ်ဆေးခဲ့ခြင်းမရှိကြောင်း ဒေသခံများက မဲခေါင်သို့ တိုင်တန်းပြောကြားလာသည်။

ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့၊ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်စလီကျေးရွာဘက်သို့ သစ်ခိုးထုတ်မှု သတင်းအရ တက်ရောက်စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

“သူတို့အဖွဲ့ ပန်စလီရွာဘက်ကို တက်သွားကြတယ်ဗျ။ ဒါပေမဲ့ အမှန်တကယ် သစ်ခိုးထုတ်နေတဲ့ ပန်စလီက သစ်ကွင်းနေရာကိုတော့ မသွားဘူး။ ဒေသခံ ရွာသားတွေကိုလည်း သစ်ခိုးထုတ်တဲ့ နေရာအမှန်ကို မမေးကြဘူး။ သူတို့ဘာသာ ကားလမ်းဘေးမှာရှိတဲ့ နေရာတချို့မှာ တွေ့တဲ့ သစ်တိုသစ်စ သစ်ကိုင်းတွေကို စုပုံပြီး မီးရှို့ပြသွားတာပဲ ရှိတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ယင်းထွေအုပ်စာရေး ခိုးထုတ်နေသည့် သစ်ကွင်းနေရာမှာ ပန်စလီကျေးရွာသို့ မရောက်မီ ဝဲဘက်တွင်ရှိသော ထင်းရှူးကုန်းဖြစ်ပြီး လက်ရှိတွင် စက်ယန္တရားများဖြင့် ခုတ်လှဲမှုကြောင့် တောင်တစ်ကုန်းလုံးနီးပါး သစ်ပင်များ ကုန်ခါနီး ဖြစ်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အဖွဲ့စုံက ရွာသားတွေကို ‘သစ်တွေ ဘယ်မှာ ပုံထားလဲ’ လို့တော့ မေးတယ်။ သစ်တွေကို ဘယ်နေရာမှာ ခုတ်လှဲထုတ်ယူနေတာလဲဆိုတာတော့ မမေးဘူး။ သစ်က လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ခိုးထုတ်ရောင်းထားတာဆိုတော့ သစ်ပုံက ရွာထဲမှာ ဘယ်ရှိတော့မလဲ။ ပူပူနွေးနွေး သစ်ခုတ်ထားတဲ့ သစ်ကွင်းကို တိုက်ရိုက်သွားစစ်ပြီး ထိထိရောက်ရောက် အရေးယူရမှာ မဟုတ်ဘူးလား” ဟု ဒေသခံက ဆက်လက်ထောက်ပြသည်။

ယင်းသစ်ခိုးထုတ်မှု စစ်ဆေးသည့် ကိစ္စနှင့် ပတ်သက်၍ ပန်စလီ အထက်ရွာနှင့် အောက်ရွာမှ ရွာသား ၄ ဦးကိုလည်း မိုင်းတုံမြို့နယ် ထွေအုပ်ရုံးသို့ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

“သစ်ခိုးထုတ်နေတဲ့ ထွေအုပ်စာရေး ဟိန်းဇေယျာဦးနဲ့ သူရဲ့ ယောက္ခမ ဒေါ်အီကြည်တို့က ရွာသားတွေကို ခြိမ်းခြောက်တာတွေ ရှိတယ်။ ‘သူတို့ စကားကို နားမထောင်ရင်တော့ ထွက်ပြေးဖို့သာ ပြင်ထားတော့’ လို့ ရွာသားတွေကို မဲတင်းပြောထားတယ်လို့ သိရတယ်” ဟုလည်း ဒေသခံတစ်ဦးက ဆိုသည်။

မိုင်းတုံမြို့နယ်၊ လွယ်ခမ်းလုံကျေးရွာအုပ်စု စာရေး ဦးဟိန်းဇေယျာဦးသည် ရပ်ကွက်/ကျေးရွာ ထောက်ခံစာများ ပြုလုပ်ပေးရာတွင် ငွေကြေး ကျပ်သိန်းချီ၍ မတရားတောင်းခံခြင်း၊ သဘာဝပတ်ဝန်းကျင်မှ သစ်များကို တရားမဝင် ခိုးထုတ်နေခြင်းများနှင့် ဒေသခံ ရပ်ရွာလူထုအပေါ် လက်နက်နှင့် အာဏာအားကိုးဖြင့် ဖိနှိပ်ဆက်ဆံမှုများပြုလုပ်နေသဖြင့် ဒေသခံများက သက်ဆိုင်ရာ အထက်ဌာနအဆင့်ဆင့်သို့ မကျေမနပ် တိုင်တန်းထားကြခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

#MeKongNews
#မိုင်းတုံမြို့နယ်
#ရပ်ကျေးစာရေး
#သစ်ခိုးထုတ်
#ထွေအုပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now