နေ့စဥ်သတင်း

တောင်နီရွာမှ ဆိုင်ကယ်အပိုပစ္စည်းရောင်းသည့်ဆိုင်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့ ဝင်ဖမ်း

မဲခေါင် 17 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့အုပ်စု တောင်နီကျေးရွာရှိ ဆိုင်ကယ်အပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်တစ်ဆိုင်ကို စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က တရားမဝင်ပစ္စည်းများ ရောင်းချနေသည်ဟုဆိုကာ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြောင်း သိရသည်။ မှုခင်းနှိမ်နင်းရေးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဇူလိုင် ၁၃ ရက်က အဆိုပါဆိုင်ကို ဝင်ရောက်စစ်ဆေးရာ တရုတ်နိုင်ငံထုတ် တရားမဝင် ဆိုင်ကယ်အပိုပစ္စည်းများ တွေ့ရှိခဲ့သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။ ဖမ်းဆီးရမိသည့် ဆိုင်ကယ်အပိုပစ္စည်းများ၏ ကာလတန်ဖိုးမှာ ကျပ် ၆၄ သန်းကျော်ရှိပြီး ဆိုင်တာဝန်ခံဖြစ်သူ ဉာဏ်လင်းကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ “တရားမဝင်ပစ္စည်းတွေကို ဥပဒေအရ အရေးယူတာက မှန်ပေမယ့် အခုလို ဝင်ရောက်ဖမ်းဆီးမှုတွေဟာ ကုန်သည်တွေအတွက် စိုးရိမ်မှုတွေ ပိုများလာစေတယ်။

မဲခေါင်၊ ဇူလိုင် ၁၇

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့အုပ်စု တောင်နီကျေးရွာရှိ ဆိုင်ကယ်အပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်တစ်ဆိုင်ကို စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က တရားမဝင်ပစ္စည်းများ ရောင်းချနေသည်ဟုဆိုကာ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြောင်း သိရသည်။

မှုခင်းနှိမ်နင်းရေးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဇူလိုင် ၁၃ ရက်က အဆိုပါဆိုင်ကို ဝင်ရောက်စစ်ဆေးရာ တရုတ်နိုင်ငံထုတ် တရားမဝင် ဆိုင်ကယ်အပိုပစ္စည်းများ တွေ့ရှိခဲ့သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသည့် ဆိုင်ကယ်အပိုပစ္စည်းများ၏ ကာလတန်ဖိုးမှာ ကျပ် ၆၄ သန်းကျော်ရှိပြီး ဆိုင်တာဝန်ခံဖြစ်သူ ဉာဏ်လင်းကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

“တရားမဝင်ပစ္စည်းတွေကို ဥပဒေအရ အရေးယူတာက မှန်ပေမယ့် အခုလို ဝင်ရောက်ဖမ်းဆီးမှုတွေဟာ ကုန်သည်တွေအတွက် စိုးရိမ်မှုတွေ ပိုများလာစေတယ်။ ပစ္စည်းတွေ ဘယ်လိုဝင်လာတယ်၊ ဘယ်သူတွေက ခွင့်ပြုခဲ့တယ်ဆိုတာကိုလည်း သေချာစိစစ်ဖို့ လိုတယ်။ နယ်စပ်ကနေ ကုန်ပစ္စည်းတွေ ဝင်လာတာက နှစ်ပေါင်းများစွာရှိနေပြီ။ အခုမှ ဆိုင်တစ်ဆိုင်ကိုပဲ ရွေးပြီး ဖမ်းဆီးတာမျိုးဆိုရင် ပြည်သူတွေက မေးခွန်းထုတ်စရာ ဖြစ်နေတယ်” ဟု တောင်နီဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ဖမ်းဆီးခံရသောဆိုင်ရှင်ကို ရွှေညောင်နယ်မြေရဲစခန်း၌ ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#MeKongNews
#ဆိုင်ကယ်ဆိုင်
#ရှမ်းတောင်
#တောင်နီရွာ
#စစ်ကောင်စီ
#တရားမဝင်
#ဖမ်းဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now