နေ့စဥ်သတင်း

အမေရိကန် ပိတ်ဆို့မှုများ မစတင်မီ အီရန် ဆက်စပ်သင်္ဘောအများအပြား ဟော်မုဇ်ကို ဖြတ်သန်း

မဲခေါင် 15 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၅ ယနေ့စတင်သက်ရောက်မည့် အမေရိကန်၏ ပိတ်ဆို့မှုများမတိုင်မီ ယမန်နေ့က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားသည့် သင်္ဘောအရေအတွက် မြင့်တက်ခဲ့ကာ ၎င်းတို့သည် အများအားဖြင့် အီရန်ကုန်သွယ်ရေးနှင့် ဆက်စပ်ကြောင်း သင်္ဘောလုပ်ငန်း အချက်အလက်များက ပြသနေသည်။ အီရန်နှင့် အမေရိကန်ကြားကပဋိပက္ခ နောက်ဆုံးအရှိန်မြင့်တက်မှုတွင် အီရန်က ဆွေးနွေးပွဲစားပွဲဆီ ပြန်မလာခဲ့ပါက အီရန်ဆိပ်ကမ်းများကို ရေတပ်ဖြင့် ပိတ်ဆို့ကာ လာမည့်သီတင်းပတ်တွင် အီရန်၏ ဓာတ်အားပေးစက်ရုံများ၊ တံတားများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့က ပြောကြားသည်။ ရေလက်ကြားကို ယမန်နေ့က ဖြတ်သန်းသွားသော သင်္ဘော ၁၁ စီးအနက်မှ ၉ စီးသည် အီရန်တို့သတ်မှတ်ထားသော လမ်းကြောင်းမှ ခုတ်မောင်းသွားခဲ့ကြောင်း သင်္ဘောလုပ်ငန်း Kpler ၏

မဲခေါင်၊ ဇူလိုင် ၁၅

ယနေ့စတင်သက်ရောက်မည့် အမေရိကန်၏ ပိတ်ဆို့မှုများမတိုင်မီ ယမန်နေ့က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားသည့် သင်္ဘောအရေအတွက် မြင့်တက်ခဲ့ကာ ၎င်းတို့သည် အများအားဖြင့် အီရန်ကုန်သွယ်ရေးနှင့် ဆက်စပ်ကြောင်း သင်္ဘောလုပ်ငန်း အချက်အလက်များက ပြသနေသည်။

အီရန်နှင့် အမေရိကန်ကြားကပဋိပက္ခ နောက်ဆုံးအရှိန်မြင့်တက်မှုတွင် အီရန်က ဆွေးနွေးပွဲစားပွဲဆီ ပြန်မလာခဲ့ပါက အီရန်ဆိပ်ကမ်းများကို ရေတပ်ဖြင့် ပိတ်ဆို့ကာ လာမည့်သီတင်းပတ်တွင် အီရန်၏ ဓာတ်အားပေးစက်ရုံများ၊ တံတားများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့က ပြောကြားသည်။

ရေလက်ကြားကို ယမန်နေ့က ဖြတ်သန်းသွားသော သင်္ဘော ၁၁ စီးအနက်မှ ၉ စီးသည် အီရန်တို့သတ်မှတ်ထားသော လမ်းကြောင်းမှ ခုတ်မောင်းသွားခဲ့ကြောင်း သင်္ဘောလုပ်ငန်း Kpler ၏ အချက်အလက်များက ပြသနေသည်။

၎င်းတို့အနက် ကုန်မတင်ရ‌သောသော အလယ်အလတ်တန်းစားသင်္ဘောတစ်စီး နှင့် အလွန်ကြီမားသော ‌နေနံတင်သင်္ဘော( VLCC) ၂ စီး ရေလက်ကြားထဲသို့ ဝင်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

အီရန်၏ ပို့ကုန်များကို တင်ဆောင်၍ ရေလက်ကြားမှ ထွက်ခွာသွားသည့် ရေယာဉ်များတွင် ‌‌ရေနံစိမ်းစည်ပေါင်း ၂ သန်း တင်ထားသည့် VLCC တစ်စီး၊ ရေနံထုတ်ကုန်များတင်ထားသည့် အလယ်အလတ်သင်္ဘောတစ်စီး၊ ရေနံဓာတ်ငွေ့ရည် တင်ထားသည့် သင်္ဘော ၂ စီး တို့ဖြစ်ကြောင်း အချက်အလက်များက ပြသနေသည်။

မက်သနောများတင်ထားသည့် သင်္ဘောတစ်စီးနှင့် သံရိုင်းများတင်ထားသည့် သင်္ဘောတစ်စီးလည်း ဟော်မုဇ်မှထွက်ခွာသွားခဲ့ကြောင်း Kpler ၏ အချက်အလက်များက ဖော်ပြသည်။

အခြားပင်လယ်ကွေ့ နိုင်ငံများမှ ရေနံ နှင့် သဘာဝဓာတ်ငွေ့တင် သင်္ဘောများ ဝင်ထွက်သွားလာခဲ့သည်ကို မမြင်ခဲ့ရဟု လည်း သတင်းက ဆိုသည်။

ယခုသီတင်းပတ်အတွင်း အီရန်နှင့်အမေရိကန်ကြား အပြန်အလှန်တိုက်ခိုက်မှုများ တစ်ဖန်ပြန်လည် မြင့်တက်လာခဲ့ပြီးနောက်တွင် စစ်ပွဲမတိုင်ခင်က ကမ္ဘာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံ ဖြတ်သန်းခဲ့သော ရေလက်ကြားတွင် သင်္ဘောအသွားအလာ သိသိသာသာ ကျဆင်းသွားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အီရန်က ရေလက်ကြားတွင် ကုန်တင်သင်္ဘော ၇ စီး ကို တိုက်ခိုက်ခဲ့ပြီး သေဆုံး၊ ဒဏ်ရာရ၊ ‌ပျောက်ဆုံးနေသည့် သင်္ဘောသား တစ်ဒါဇင်ခန့် ရှိကြောင်း အ‌မေရိကန်က ယမန့်နေ့ ညပိုင်းတွင် ပြောကြားသည်။

အေးကျော်
Ref:Reuters
#MeKongNews
#အမေရိကန်
#ပိတ်ဆို့မှုများ
#အီရန်
#ဟော်မုဇ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now