နေ့စဥ်သတင်း

မြောက်ပိုင်းအဖွဲ့များကို တရုတ် ခေါ်တွေ့ပြီးနောက် သိန္နီမြို့မှ ကိုးကန့်တပ်ဖွဲ့ ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်

မဲခေါင် 15 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၅ မြောက်ပိုင်းအဖွဲ့များကို တရုတ်ခေါ်တွေ့ပြီးနောက် ကိုးကန့်တပ်ဖွဲ့ – MNDAA က သိန္နီမြို့ကို စစ်ကောင်စီထံ ပြန်ပေးပြီး ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ မြောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ -FPNCC အဖွဲ့ဝင်များကို တရုတ်က ခေါ်ယူဆွေ့ဆုံပြီးနောက် ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။ “ကိုးကန့်ကိုယ်တိုင်ကတော့ ပြန်ဆုတ်မယ်လို့ ထုတ်ပြောတာ မကြားသေးဘူး။ ဒါပေမယ့် သူနဲ့ထိစပ်တဲ့ အဖွဲ့တွေကနေ သိန္နီကနေ ကိုးကန့် ပြန်ဆုတ်မယ်လို့ သတင်းတွေ ထွက်နေတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှာ မြောက်ပိုင်းအဖွဲ့တွေကို တရုတ်က ခေါ်တွေ့ပြီးတဲ့နောက် အခုလိုသတင်းထွက်တာဖြစ်ပါတယ်”ဟု FPNCC နှင့် နီးစပ်သည့်

မဲခေါင်၊ ဇူလိုင် ၁၅

မြောက်ပိုင်းအဖွဲ့များကို တရုတ်ခေါ်တွေ့ပြီးနောက် ကိုးကန့်တပ်ဖွဲ့ – MNDAA က သိန္နီမြို့ကို စစ်ကောင်စီထံ ပြန်ပေးပြီး ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မြောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ -FPNCC အဖွဲ့ဝင်များကို တရုတ်က ခေါ်ယူဆွေ့ဆုံပြီးနောက် ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

“ကိုးကန့်ကိုယ်တိုင်ကတော့ ပြန်ဆုတ်မယ်လို့ ထုတ်ပြောတာ မကြားသေးဘူး။ ဒါပေမယ့် သူနဲ့ထိစပ်တဲ့ အဖွဲ့တွေကနေ သိန္နီကနေ ကိုးကန့် ပြန်ဆုတ်မယ်လို့ သတင်းတွေ ထွက်နေတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှာ မြောက်ပိုင်းအဖွဲ့တွေကို တရုတ်က ခေါ်တွေ့ပြီးတဲ့နောက် အခုလိုသတင်းထွက်တာဖြစ်ပါတယ်”ဟု FPNCC နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအစတွင် တရုတ်ကွန်မြစ်နစ်ပါတီ ၁၀၅ နှစ်ပြည့်သို့ AA မှ လွဲပြီး ကျန်သည့် FPNCC အဖွဲ့ဝင်များအားလုံးကို တရုတ်က ကူမင်းသို့ ခေါ်ယူတွေ့ဆုံခဲ့ပြီး အချို့အဖွဲ့များကို တဖွဲ့ချင်းစီ ပြောဆိုဆွေးနွေးခဲ့သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ထိုတွေ့ဆုံမှုအတွင်း စစ်ကောင်စီ၏ ငြိမ်းချမ်းလုပ်ငန်းစဉ်ကိစ္စတွင် ပါဝင်ကြရန် တရုတ်က ပြောဆိုခဲ့သည်ဟုလည်း FPNCC နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

ထိုသို့ တွေ့ဆုံပြီးနောက် ကိုးကန့်တပ်ဖွဲ့က သိန္နီမြို့ကို စစ်ကောင်စီထံ ပြန်အပ်မည်ဟု သတင်းထွက်ပေါ်နေခြင်း ဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့ကမူ တစ်စုံတစ်ရာ တရားဝင်ပြောဆိုခြင်း မရှိသေးပေ။

ထို့ပြင် သိန္နမြို့ပေါ်တွင်လည်း ကိုးကန့်တပ်ဖွဲ့ အုပ်ချုပ်ရေး ပုံမှန်လည်ပတ်နေလျက်ရှိပြီး တပ်ဆုတ်မည့် အရိပ်အယောင် မတွေ့ရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“အခုထိတော့ ပုံမှန်လည်ပတ်နေတာပဲဗျ။ ပြီးခဲ့တဲ့ပတ်ကမှ အစည်းအဝေးခေါ်ပြီး ဒုတိယ ၆ လပတ်မှာ ဘာတွေ ဆက်လုပ်မယ်ဆိုတာကို ပြောသေးတယ်ဗျ”ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ ဇူလိုင် ၁၄ ရက်တွင်မူ ကိုးကန့်တပ်ဖွဲ့နှင့် စစ်ကောင်စီက လားရှိုးတွင် တွေ့ဆုံကြပြီး စစ်သုံးပန့် ၄၀ ကျော်ကိုလည်း ကိုးကန့်တပ်ဖွဲ့က ထပ်မံလွတ်ပေးခဲ့သည်။

ကိုးကန့်တပ်ဖွဲ့သည် သိန္နီမြို့ကို ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင်လည်း သိန္နီမြို့နယ်အတွင်းတွင် တရုတ်လုပ်ငန်းရှင် အများအပြားကို ခေါ်သွင်းကာ စီမံကိန်းများ ဖော်ဆောင်လျက်ရှိသည်။

#MeKongNews
#မြောက်ပိုင်းအဖွဲ့များ
#တရုတ်
#သိန္နီမြို့
#ကိုးကန့်တပ်ဖွဲ့
#ဆုတ်ခွာမည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now