နေ့စဥ်သတင်း

တရားမဝင် တရုတ် ၃၁ ဦးကို နယ်စပ်ဂိတ်မှတစ်ဆင့် “ဝ”တပ်ဖွဲ့ ပြန်ပို့

မဲခေါင် 30 Jun - 2026
မဲခေါင်၊ ဇွန် ၃၀ “ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၃၁ ဦးကို နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ – UWSA က ယမန်နေ့ ဇွန် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။ ယခု လွှဲပြောင်းပေးလိုက်သည့် တရားမဝင် တရုတ်နိုင်ငံသားများသည် မိမိသဘောဖြင့် သတ်မှတ်နေရာသို့ စာရင်းလာပေးသဖြင့် “ဝ”တပ်ဖွဲ့က တရုတ်ဘက်သို့ တရားဝင် ပြန်လည်လွှဲပြောင်းပေးသည့် သူများဖြစ်သည်ဟု “ဝ”တပ်ထုတ်ပြန်ချက်အရ သိရသည်။ ဇွန်လ ၂၂ ရက်တွင်လည်း “ဝ”တပ်ဖွဲ့သည် တရားမဝင် တရုတ် ၄၈ ဦးကို နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်ရဲလက်ထဲသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သေးသည်။ “ဝ”တပ်ဖွဲ့အနေဖြင့် “ဝ”ဒေသသို့ တရားမဝင်

မဲခေါင်၊ ဇွန် ၃၀

“ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၃၁ ဦးကို နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ – UWSA က ယမန်နေ့ ဇွန် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ယခု လွှဲပြောင်းပေးလိုက်သည့် တရားမဝင် တရုတ်နိုင်ငံသားများသည် မိမိသဘောဖြင့် သတ်မှတ်နေရာသို့ စာရင်းလာပေးသဖြင့် “ဝ”တပ်ဖွဲ့က တရုတ်ဘက်သို့ တရားဝင် ပြန်လည်လွှဲပြောင်းပေးသည့် သူများဖြစ်သည်ဟု “ဝ”တပ်ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၂၂ ရက်တွင်လည်း “ဝ”တပ်ဖွဲ့သည် တရားမဝင် တရုတ် ၄၈ ဦးကို နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်ရဲလက်ထဲသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သေးသည်။

“ဝ”တပ်ဖွဲ့အနေဖြင့် “ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများကို တရုတ်ဘက်သို့ ပြန်လည် ပို့ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်အတွင်း တရားမဝင် တရုတ် ၉၃၇ ဦးကို ပြန်လည်ပို့ဆောင်ပြီးဖြစ်သည်။

၂၀၂၀ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်ကျော်အတွင်းတွင်မူ တရားဝင်အထောက်အထား မရှိဘဲ “ဝ”ဒေသတွင် နေထိုင်နေသော တရုတ်နိုင်ငံသား ၈၈,၃၉၂ ဦးအား “ဝ”တပ်ဖွဲ့မှ တရုတ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်ဟု “ဝ”တပ်ဖွဲ့က ဆိုသည်။

“ဝ”တပ်ဖွဲ့-UWSA အနေဖြင့် တရားဝင်စာရွက်စာတမ်းမရှိသော တရုတ်နိုင်ငံသားများအတွက် နေရပ်ပြန်ရေး စာရင်းပေးသွင်းနိုင်သည့် လမ်းကြောင်းကို ဆက်လက် ဖွင့်လှစ်ထားပေးလျက်ရှိပြီး တရားမဝင် တရုတ်များ နေရပ်ပြန်ရေး လှုံ့ဆော်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်နေသည်ဟု ဆိုသည်။

နေရပ်ပြန်လိုသည့် တရားမဝင် တရုတ်များအနေဖြင့် သတ်မှတ်ထားသော နေရာသို့ စာရင်းပေးသွင်းပြီးနောက် နောက်တစ်နေ့တွင် “ဝ”တပ်ဖွဲ့ ဝန်ထမ်းများက တရုတ်-မြန်မာ နယ်စပ်ဂိတ်အထိ လုံခြုံစွာ ပို့ဆောင်ပေးကာ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်များအနေဖြင့် နေရပ် ပြန်ရောက်ပြီးနောက် “ဝ”ဒေသသို့ ပြန်လည် ဝင်ရောက်လိုပါက တရားဝင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကာ ပြန်လည် ဝင်ရောက်ကြရန်လည်း “ဝ”တပ်က တိုက်တွန်းထားသည်။

#MeKongNews
#တရားမဝင်
#တရုတ်
#“ဝ”တပ်ဖွဲ့
#ပြန်ပို့
ဓာတ်ပုံ – ပုံဟောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now