နေ့စဥ်သတင်း

၅ ရက်ကြာ တိုက်ပွဲဝင်အသင့် စစ်ရေးလေ့ကျင့်မှု ထိုင်ဝမ် ပြုလုပ်မည်

မဲခေါင် 22 Jun - 2026
မဲခေါင်၊ ဇွန် ၂၂ တိုက်ပွဲဝင်ရန်အသင့် လေ့ကျင့်မှုများကို ယခုသီတပ်ပတ်အတွင်း ထိုင်ဝမ်စစ်တပ်က ၅ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားပြီး ယင်းမှာ စစ်ရေးလေ့ကျင့်မှုများကို ပို၍ သဘာဝကျသော လေ့ကျင့်မှုများဖြစ်‌ရေးကို အာရုံစိုက်သည့် ခေတ်မီတိုးတက်ရေး အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ ချက်ချင်း တိုက်ပွဲဝင်ရန် အသင့်လေ့ကျင့်မှုကို တနင်္လာနေ့ မှ သောကြာနေ့အထိ ကျင်းပသွားမည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ၎င်းတို့မှာ လက်နက်ကိုင်တပ်ဖွဲ့များအတွက် ပူးပေါင်းစစ်ဆင်ရေးဆိုင်ရာ နှစ်စဉ်ပြုလုပ်သည့် လေ့ကျင့်မှုအစီအစဉ်တွင် ပါဝင်ကြောင်း ဆက်ပြောသည်။ စစ်ရေးလေ့ကျင့်မှုများ၏ အဓိက ရည်ရွယ်ချက်မှာ စစ်တပ်၏ အဆင့်အားလုံးမှ တပ်ဖွဲ့များသည် တပ်ဖွဲ့များ အမှန်တကယ် ဖြန့်ကြက်သော အဆင့်တွင် တိုက်ပွဲဝင်အလေ့အကျင့်များ၊ တိုက်ပွဲနယ်မြေပတ်ဝန်းကျင်နှင့်

မဲခေါင်၊ ဇွန် ၂၂

တိုက်ပွဲဝင်ရန်အသင့် လေ့ကျင့်မှုများကို ယခုသီတပ်ပတ်အတွင်း ထိုင်ဝမ်စစ်တပ်က ၅ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားပြီး ယင်းမှာ စစ်ရေးလေ့ကျင့်မှုများကို ပို၍ သဘာဝကျသော လေ့ကျင့်မှုများဖြစ်‌ရေးကို အာရုံစိုက်သည့် ခေတ်မီတိုးတက်ရေး အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

ချက်ချင်း တိုက်ပွဲဝင်ရန် အသင့်လေ့ကျင့်မှုကို တနင်္လာနေ့ မှ သောကြာနေ့အထိ ကျင်းပသွားမည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ၎င်းတို့မှာ လက်နက်ကိုင်တပ်ဖွဲ့များအတွက် ပူးပေါင်းစစ်ဆင်ရေးဆိုင်ရာ နှစ်စဉ်ပြုလုပ်သည့် လေ့ကျင့်မှုအစီအစဉ်တွင် ပါဝင်ကြောင်း ဆက်ပြောသည်။

စစ်ရေးလေ့ကျင့်မှုများ၏ အဓိက ရည်ရွယ်ချက်မှာ စစ်တပ်၏ အဆင့်အားလုံးမှ တပ်ဖွဲ့များသည် တပ်ဖွဲ့များ အမှန်တကယ် ဖြန့်ကြက်သော အဆင့်တွင် တိုက်ပွဲဝင်အလေ့အကျင့်များ၊ တိုက်ပွဲနယ်မြေပတ်ဝန်းကျင်နှင့် ရင်းနှီးနေစေရန် ဖြစ်ကြောင်း ထုတ်ပြန်ချက်က ပြောကြားသည်။

ယခုစစ်ရေးလေ့ကျင့်မှုများဖြင့် စစ်ဘက်၏ ငြိမ်းချမ်းသောကာလမှ စစ်ပွဲကာလသို့ အလျင်အမြန် ကူးပြောင်းနိုင်စွမ်းကို အားကောင်းလာစေမည်ဖြစ်ကာ ထိုအတွက်လည်း တပ်ဖွဲ့ဝင်အစစ်များ၊ မြေပြင်အနေအထား အစစ်အမှန်များ၊ ပစ္စည်းကိရိယာအစစ်များကို လက်တွေ့အကောင်အထည်ဖော်မှုများဖြင့် လေ့ကျင့်သွားမည်ဟု‌ ပြောကြားသည်။

စစ်ရေးလေ့ကျင့်မှုများသည် ကွပ်ကဲမှုယန္တရားများ၊ တပ်ဖွဲ့များ၏ တိုက်ပွဲဝင်စွမ်းရည်များကို မြှင့်တင်ပေးမည်ဖြစ်ကာ ပူးတွဲစစ်ဆင်‌‌ရေး ဆင့်ကဲကွပ်ကဲရေးနှင့် ထိန်းချုပ်ရေး၊ စက်ပစ္စည်းနှင့် သယ်ယူပို့ဆောင်မှု ရေရှည်ထိန်းနိုင်ရေး၊ စစ်မြေပြင် ပြင်ဆင်ဆောင်ရွက်မှုများကို အဓိကထားသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

ထိုင်ဝမ်ကျွန်းအနီးတဝိုက် ကောင်းကင်ယံသို့ ကြီးမားသော လေယာဉ်အုပ်စုကို တရုတ်နိုင်ငံက စေလွှတ်လိုက်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည့် ယမန်နေ့မှာပင် လေ့ကျင့်မှုအကြောင်း ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

တရုတ်က စေလွှတ်လိုက်သော လေယာဉ်အုပ်စုတွင် J-16 တိုက်လေယာဉ်များ၊ KJ-500 စောစောစီးစီးသတိပေးထိန်းချုပ်ရေးလေယာဉ်များ၊ Y-20 ဆီဖြည့်လေယာဉ်များ ပါဝင်ကြောင်း သိရသည်။

အေးကျော်
Ref:Reuters
#MeKongNews
#တိုက်ပွဲဝင်အသင့်
#စစ်ရေးလေ့ကျင့်မှု
#ထိုင်ဝမ်
#ပြုလုပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now