နေ့စဥ်သတင်း

ရွာငံတွင် အသက် ၆၀ ကျော် အမျိုးသားတစ်ဦး နေအိမ်အတွင်း သတ်ဖြတ်ခံရ

မဲခေါင် 20 Jun - 2026
မဲခေါင်၊ ဇွန် ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ လယ်ကိုင်းကျေးရွာအုပ်စု၊ တံတားဖြူကျေးရွာတွင် ဇွန် ၁၈ ရက်၊ နံနက်အစောပိုင်း ၂ နာရီဝန်းကျင်ခန့်က အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး နေအိမ်အတွင်း သတ်ဖြတ်ခံခဲ့ရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။ သတင်းအရ သေနတ်ကိုင်ဆောင်ထားသည့် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့သည် နေအိမ်အတွင်း ဝင်ရောက်ကာ သေဆုံးသူဦးကျော်တင့်ကို လက်ပြန်ကြိုးတုတ်ပြီး ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။ “ဘယ်လိုရန်ငြိုးရှိလို့ ခုလိုသတ်ဖြတ်ခံရတာလဲတော့ မသိဘူး။ အသက်လည်းကြီးပြီးဆိုတော့ သတင်းကြားကြားချင်း စိတ်မကောင်းဖြစ်ရပါတယ် “ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။ ဦးကျော်တင့် သတ်ဖြတ်ခံရချိန်တွင် ကျန်မိသားစုဝင်များကိုလည်း လက်ပြန်ကြိုးတုတ်ကာ မှောက်ခိုင်းထားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မဲခေါင်၊ ဇွန် ၂၀

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ လယ်ကိုင်းကျေးရွာအုပ်စု၊ တံတားဖြူကျေးရွာတွင် ဇွန် ၁၈ ရက်၊ နံနက်အစောပိုင်း ၂ နာရီဝန်းကျင်ခန့်က အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး နေအိမ်အတွင်း သတ်ဖြတ်ခံခဲ့ရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

သတင်းအရ သေနတ်ကိုင်ဆောင်ထားသည့် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့သည် နေအိမ်အတွင်း ဝင်ရောက်ကာ သေဆုံးသူဦးကျော်တင့်ကို လက်ပြန်ကြိုးတုတ်ပြီး ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။

“ဘယ်လိုရန်ငြိုးရှိလို့ ခုလိုသတ်ဖြတ်ခံရတာလဲတော့ မသိဘူး။ အသက်လည်းကြီးပြီးဆိုတော့ သတင်းကြားကြားချင်း စိတ်မကောင်းဖြစ်ရပါတယ် “ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ဦးကျော်တင့် သတ်ဖြတ်ခံရချိန်တွင် ကျန်မိသားစုဝင်များကိုလည်း လက်ပြန်ကြိုးတုတ်ကာ မှောက်ခိုင်းထားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူများမှာ မည်သည့်အဖွဲ့အစည်း ဖြစ်သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောဆိုထားသည်။

ပြီးခဲ့သည့် မေလတစ်လအတွင်း ရွာငံမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် အပါအဝင် ဒေသခံ ၈ ဦး အသတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ရွာငံမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေးဟု ယူဆခံရသူများကို ရှင်းလင်းသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး နောက်ပိုင်းတွင် ပုဂ္ဂိုလ်ရေး မကျေနပ်မှုများနှင့် အငြိုးအတေးများကြောင့် အရပ်သားများကိုပါ ပစ်မှတ်ထား သတ်ဖြတ်မှုများ ရှိလာနေသဖြင့် ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်း သိရသည်။

#MeKongNews
#ရွာငံ
#အမျိုးသားတစ်ဦး
#နေအိမ်အတွင်း
#သတ်ဖြတ်ခံရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now