ကမ္ဘာ့သတင်း

ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း မော်စကိုမြို့ကို ယူကရိန်း အကြီးမားဆုံး တိုက်ခိုက်

မဲခေါင် 18 Jun - 2026
မဲခေါင်၊ ဇွန် ၁၈ ရုရှား၏ အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း မော်စကိုမြို့သည် ယူကရိန်း၏ အကြီးမားဆုံး တိုက်ခိုက်မှုကို ခံခဲ့ရပြီး ရုရှားမြို့တော်တစ်ဝိုက်ရှိ ပစ်မှတ်များကို ဒရုန်းအစင်းရေ ၂၀၀ နီးပါးထိမှန်ခဲ့သဖြင့် ကောင်းကင်ယံသို့ ထူထဲသော မီးခိုးလုံးကြီးများ လွင့်ပျံတက်ခဲ့သည်။ မော်စကိုဒေသအတွင်း လူပေါင်း ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအုပ်ချုပ်ရေးမှူး အန်ဒရီ ဗိုရိုဗျော့ဗ်၏ ပြောကြားချက်အရ သိရသည်။ ၂၄ နာရီအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယူကရိန်းဒရုန်း အစင်းရေ ၁၀၀၀ နီးပါးနှင့် ခရုစ်ဒုံးကျည်၄ စင်းတို့ကို ကြားဖြတ်ဟန့်တား ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။ ရုရှားတောင်ပိုင်း ရော့စတော့ဗ် ဒေသရှိ ရေနံသိုလှောင်ရုံတစ်ခုလည်း တိုက်ခိုက်ခံခဲ့ရပြီး

မဲခေါင်၊ ဇွန် ၁၈

ရုရှား၏ အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း မော်စကိုမြို့သည် ယူကရိန်း၏ အကြီးမားဆုံး တိုက်ခိုက်မှုကို ခံခဲ့ရပြီး ရုရှားမြို့တော်တစ်ဝိုက်ရှိ ပစ်မှတ်များကို ဒရုန်းအစင်းရေ ၂၀၀ နီးပါးထိမှန်ခဲ့သဖြင့် ကောင်းကင်ယံသို့ ထူထဲသော မီးခိုးလုံးကြီးများ လွင့်ပျံတက်ခဲ့သည်။

မော်စကိုဒေသအတွင်း လူပေါင်း ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအုပ်ချုပ်ရေးမှူး အန်ဒရီ ဗိုရိုဗျော့ဗ်၏ ပြောကြားချက်အရ သိရသည်။

၂၄ နာရီအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယူကရိန်းဒရုန်း အစင်းရေ ၁၀၀၀ နီးပါးနှင့် ခရုစ်ဒုံးကျည်၄ စင်းတို့ကို ကြားဖြတ်ဟန့်တား ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။

ရုရှားတောင်ပိုင်း ရော့စတော့ဗ် ဒေသရှိ ရေနံသိုလှောင်ရုံတစ်ခုလည်း တိုက်ခိုက်ခံခဲ့ရပြီး လူတစ်ဦး သေဆုံးခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက ကိဗ်အနေဖြင့် မော်စကိုဒေသကို တာဝေးပစ်ပိတ်ဆို့အရေးယူမှုများဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ဒီစစ်ပွဲကို အဆုံးသတ်ဖို့ အချိန်တန်ပါပြီ။ ရုရှားအနေနဲ့ သံတမန်ရေးရာမှာ လိုအပ်တဲ့ ခြေလှမ်းတွေကို လှမ်းရပါမယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယင်းအကြီးအကျယ် ဒရုန်းတိုက်ခိုက်မှုမှာ လွန်ခဲ့သည့် သီတင်းပတ်က ကိဗ်မြို့ရှိ ထင်ရှားသော ဘာသာရေးအထွတ်အမြတ်နေရာတစ်ခုကို မီးလောင်ကျွမ်းစေခဲ့သည့် ရုရှား၏တိုက်ခိုက်မှုကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ ဒီစစ်ပွဲကို မလိုချင်ပါဘူး၊ ဘယ်တုန်းကမှလည်း မလိုချင်ခဲ့ဘူး။ ဒါပေမဲ့ ယူကရိန်းသာ မီးလောင်မယ်ဆိုရင် ခင်ဗျားတို့ရဲ့ မော်စကိုလည်း မီးလောင်ရလိမ့်မယ်”ဟု ဇီလန်းစကီးက ပြောကြားသည်။

မော်စကို အရှေ့တောင်ပိုင်းရှိ ကာပေါ့ညာ ရေနံချက်စက်ရုံသည် ယခုလအတွင်း တတိယအကြိမ်မြောက်အဖြစ် လည်းကောင်း၊ ယခုအပတ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် လည်းကောင်း တိုက်ခိုက်ခံခဲ့ရပြီးနောက် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကာ ကောင်းကင်ယံတစ်ခုလုံး မီးခိုးလုံးကြီးများဖြင့် မည်းမှောင်သွားခဲ့သည်။

ပြင်းထန်သော ပေါက်ကွဲမှုအရှိန်ကြောင့် ရေနံသိုလှောင်ကန် အကြီးစားတစ်ခု၏ အဖုံးမှာ လေထဲသို့ မီတာပေါင်းများစွာ လွင့်ထွက်သွားခဲ့ပုံကို ဗီဒီယိုမှတ်တမ်း အမြောက်အမြားတွင် တွေ့ရှိခဲ့ရသည်။

အနီးအနားရှိ ဈေးဝယ်စင်တာတစ်ခုတွင်လည်း ဒရုန်းအပျက်အစီးများ အဆောက်အအုံပေါ်သို့ ကျရောက်ခဲ့ပြီးနောက် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရပြီး၊ လူနေအထပ်မြင့်အဆောက်အအုံ အချို့မှ လူများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

မော်စကိုမြို့ရှိ လေဆိပ်ကြီး ၄ ခုကိုလည်း ယာယီပိတ်ထားခဲ့ရပြီး လေကြောင်းခရီးစဉ်ပေါင်း ၅၀၀ ကျော် ဖျက်သိမ်းခြင်း သို့မဟုတ် နောက်ကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ရုရှားတစ်ဝန်းရှိ ဒေသခံအာဏာပိုင်များက ဒရုန်းတိုက်ခိုက်မှုအပြီး နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှု ရုပ်သံနှင့် ဓာတ်ပုံများကို ဖြန့်ဝေခြင်းမပြုရန် ပိတ်ပင်ထားသော်လည်း ကောင်းကင်ယံ၌ နေ့ခင်းကြောင်တောင် ဒရုန်းများ ပျံသန်းနေပုံနှင့် မော်စကိုမြို့ဆင်ခြေဖုံးရှိ စက်မှုဇုန်များအထက်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားနေပုံတို့ကို ပြသသည့် ဗီဒီယိုမှတ်တမ်းပေါင်းများစွာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။

မော်စကိုက ယူကရိန်းအပေါ် အလုံးစုံကျူးကျော်စစ် စတင်ခဲ့သည်မှာ ၄ နှစ်ခွဲ ရှိလာခဲ့ပြီဖြစ်သော်လည်း၊ ယူကရိန်းရှေ့တန်းစစ်မျက်နှာမှ အပြန်အလှန် အင်အားပြုန်းတီးစေသည့် စစ်ပွဲမှာမူ သာမန် ရုရှားပြည်သူ အများစု၏ မျက်စိအောက်မှ ကွယ်ပျောက်ကာ ဆက်လက် အရှိန်ပြင်းနေဆဲ ဖြစ်သည်။

မော်စကိုနှင့် စိန့်ပီတာစဘတ်အပါအဝင် ရုရှားတစ်နိုင်ငံလုံးရှိ ပစ်မှတ်များအပေါ် ကိဗ်၏ တာဝေးပစ် တိုက်ခိုက်မှုများသည် ရုရှားပြည်သူများထံ “စစ်ပွဲကို အိမ်တိုင်ရာရောက် သယ်ဆောင်လာပေးရန်” ဟူသော ဇီလန်းစကီး၏ ရည်မှန်းချက်ကို ပြသနေခြင်း ဖြစ်သည်။

ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) ခန့် ကွာဝေးသော မော်စကိုမြို့အပေါ် ဒရုန်းဖြင့် တိုက်ခိုက်မှုများသည် ကိဗ်အစိုးရ၏ တာဝေးပစ်နိုင်စွမ်းရည် တိုးတက်လာသည်နှင့်အမျှ ပိုမိုစိပ်လာခဲ့သည်။

ယူကရိန်း၏ ပထမဆုံး အောင်မြင်သော ဒရုန်းတိုက်ခိုက်မှုများသည် ၂၀၂၃ ခုနှစ် နွေဦးရာသီတွင် ရုရှားမြို့တော်သို့ ရောက်ရှိခဲ့သော်လည်း ယင်းမှာ ရံဖန်ရံခါသာဖြစ်ပြီး ဒရုန်းအစင်းရေ အနည်းငယ်သာ ပါဝင်ခဲ့သည်။

ထိုအချိန်မှစ၍ မော်စကိုမြို့တစ်ဝိုက်တွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို အကြီးအကျယ် တပ်ဆင်ခဲ့သော်လည်း ယူကရိန်းက ၎င်း၏တိုက်ခိုက်မှုများတွင် အသုံးပြုသည့် ဒရုန်းအရေအတွက်မှာလည်း ဆထက်ထမ်းပိုး တိုးပွားလာခဲ့ရာ အချို့သောဒရုန်းများသည် ယင်းလေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဖောက်ထွက်နိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ရုရှားဘက်ကလည်း ယူကရိန်းနိုင်ငံအတွင်းသို့ ညတွင်းချင်း ဒရုန်းအစင်းရေ ၂၀၀ ကျော်နှင့် တိုက်ချင်းပစ်ဒုံးကျည် အများအပြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကိဗ်အစိုးရက ပြောကြားခဲ့သည်။

ရုရှားအလယ်ပိုင်း ကာဇန်မြို့တွင် အရှေ့တောင်အာရှ ခေါင်းဆောင်များကို လက်ခံကာ ထိပ်သီးအစည်းအဝေး ကျင်းပပေးနေသည့် ဗလာဒီမာပူတင်ကမူ ရုရှားမြို့တော်အပေါ် အကြီးအကျယ် တိုက်ခိုက်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။

“ဒီမနက်ခင်းမှာ မော်စကိုမြို့ခံတွေ အမေးများဆုံး မေးခွန်းတစ်ခုကတော့ ဘာတွေဖြစ်နေတာလဲ ဆိုတာပါပဲ။ ကျနော် ဖြေပေးနိုင်ပါတယ်။ ခင်ဗျားတို့နိုင်ငံက ကျနော်တို့နိုင်ငံအပေါ် ကျူးကျော်စစ်ကို စတင်ခဲ့တာပါ။ နှစ်ပေါင်းများစွာကြာအောင် ကျနော်တို့ ပြည်သူတွေကို သတ်ဖြတ်နေခဲ့တာပါ” ဟု ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာက X လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

“အခု ဘာတွေဖြစ်နေလဲဆိုတာ သိပြီဆိုရင်တော့ စစ်ပွဲကို ဘယ်တော့အဆုံးသတ်ဖို့ စီစဉ်ထားလဲဆိုတာ ပူတင်ကိုပဲ သွားမေးလိုက်ကြပါ”ဟု ၎င်းက ဆက်လက် ရေးသားခဲ့သည်။

Ref:BBC
#MeKongNews
#ရုရှားကျူးကျော်စစ်
#မော်စကိုမြို့
#ယူကရိန်း
#တိုက်ခိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now